ပုပ်ဖရန်စစ်၏ နာရီကို လေလံတင်ရောင်းချခဲ့ရာ ကမ္ဘာ့စံချိန်ချိုးဖောက်နိုင်ခဲ့ဟုဆို

ပုပ်ဖရန်စစ်၏ နာရီကို လေလံတင်ရောင်းချခဲ့ရာ ကမ္ဘာ့စံချိန်ချိုးဖောက်နိုင်ခဲ့ဟုဆို

ပုပ်ဖရန်စစ်အရှင်သူမြတ်သည် ၎င်းဝတ်ဆင်ထားသည့် နာရီကို လိုအပ်သူများအတွက်ကူညီရန် ဗုဒ္ဓဟူးနေ့မှာ လေလံ တင် ရောင်းချခဲ့မှ ယင်းနာရီ အမှတ်တံဆိပ်အတွက် ပထမဆုံး ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်ဟုဆိုသည်။

LaViolette လို့ခေါ်တဲ့ ပညာသင်ဆုဖောင်ဒေးရှင်းအတွက် အရှင်သူမြတ်ပုပ်ဖရန်စစ်ဟာ သူဝတ်ဆင်ထားတဲ့ Swatch Once Again တံဆိပ်ဖြစ်တဲ့ နာရီကို နိုဝင်ဘာလ (၃၀ ) မှာ လေလံတင်ရောင်းချခဲ့ပါတယ်။

အဆို ပါ နာရီအမှတ်တံဆိပ်ရဲ့ တရားဝင်စတိုးဆိုင် မှာတန်ဖိုးဟာ $55 ( မြန်မာကျပ်ငွေတစ်သိန်းကျော်) နဲ့ ၀ယ်ယူရရှိနိုင်တာဖြစ်ပေမဲ့ ပါပါးဖရန်စစ်လေလံတင်ရောင်းချခြင်းမှာတော့ နာရီတန်ဖိုးဟာ နောက်ဆုံးမှာ ( $56,250 ) ဈေးဖြင့်ရောင်းချခဲ့ကာ နာရီရဲ့မူလတန်ဖိုးထက်အဆပေါင်းများစွာ ကျော်လွန်ပြီး ငွေအများဆုံးပေးချေရရှိတဲ့ Swatch အမှတ်တံဆိပ် နာရီဖြစ်လာပါတယ်။

Wisconsin ပြည်နယ်၊ Green Bay မြို့က ဆရာတော် David Ricken က Brian LaViolette ပရဟိတအဖွဲ့အစည်းအကြောင်း နဲ့ အဆိုပါ ကျောင်းမှာ နာရီစုဆောင်းရခြင်းကိုနှစ်သက်တဲ့ အသက် (၁၅ ) နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး
ရေကူးပြီး မတော်တဆမှုကြောင့် သေဆုံးသွားသည့် အကြောင်းကို အရှင်သူမြတ် ထံ လျှောက်ထား စာ‌တစ်စောင်ရေးပို့ခဲ့ရာ ထိုစာထဲမှာ ဆရာတော် Ricken က ကျောင်း သား‌တွေကောလိပ်တက်ဖို့ ငွေကြေးအထောက်အပံ့အတွက် အရှင်သူမြတ်ရဲ့
စျေးအသက်သာဆုံး နာရီတစ်လုံးကို လှူဒါန်းပေးဖို့တောင်းဆိုခဲ့ရာမှ အရှင်သူမြတ်က အဆိုပါ တောင်းဆိုချက်ကို သဘောတူညီပြီး နာရီကို လေလံတင် ရောင်းချခဲ့သည့်အတွက် နာမည်ကျော်ကြားသူတွေဖြစ်တဲ့ Fred Savage၊ Joe Theismann ၊ Terry Bradshaw ၊ Condoleezza Rice နဲ့ Randall Park တို့ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း

ပုပ်ဖရန်စစ်ဟာ လေလံပွဲအတွက် ၎င်းရဲ့ ပစ္စည်းများကို လှူဒါန်းခဲ့တာဟာဆိုရင် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး ယခင်ကလည်း ပုပ်ရဟန်းမင်းကြီး အရွေးခံရပြီး တစ်နှစ်မပြည့်ခင်မှာပဲ Harley-Davidson က ပုပ်ဖရန်စစ်ကို မော်တော်ဆိုင်ကယ်တစ်စီး လက်ဆောင်ပေးခဲ့ရာ အရှင်သူမြတ်က လက်မှတ်ရေးထိုးပြီးနောက် ဒေါ်လာ( ၂၈၅,၀၀၀) နဲ့ ရောင်းချခဲ့ပြီးအိုးမဲ့အိမ်မဲ့ နဲ့ အလုပ်လက်မဲ့တွေအတွက် ရရှိတဲ့ ငွေကို အသုံးပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၂၀၁၇ ) ခုနှစ်၊ နိုဝင်ဘာလမှာလည်းလက်ဆောင်ရထားတဲ့ ကား ကို လေလံတင်ရောင်းချခဲ့ ပြီး ပရဟိတလုပ်ငန်းများအတွက် အသုံးပြုခဲ့တာဖြစ်
ပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

https://bit.ly/3Uz3ybL

Add new comment

2 + 11 =