Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်၏ စာချွန်တော်နှင့်အညီ လောင်စာများလျော့ချရန် ‘နေစွမ်းအင်’ ကိုအသုံးပြုလာကြဟုဆို
ပုပ်ဖရန်စစ်၏ စာချွန်တော်နှင့်အညီ လောင်စာများလျော့ချရန် ‘နေစွမ်းအင်’ ကိုအသုံးပြုလာကြဟုဆို
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အမိသာသနာ၏အမြင့်ဆုံးအမှုတော်ကိုစတင်ထမ်းဆောင်သည့်နှစ်၌ ‘Laudato Si’ အမည် ပေးထားသော စာချွန်တော်တစ်စောင်ကိုထုတ်ဝေခဲ့သည်။ ထိုစာချွန်တော်သည် ‘သဘာ၀ပတ်၀န်းကျင်’ နှင့်ဆိုင်သော စာချွန်တော်ဖြစ်သည်။ အဆိုပါစာချွန်တော်၌ ကာဗွန်ဒိုင်ဓာတ်ငွေ့များကြောင့် သဘာ၀စိမ်းလန်းစိုပြေရေးကိုထိခိုက်စေပြီး၊ ကမ္ဘာကြီးပူနွေးလာမူကိုလျော့ချရန်နည်းလမ်းများကိုအကြံပေးတိုက်တွန်းထားသည်။
ပုပ်ရဟန်းမင်းကြီး၏တိုက်တွန်း ချက်အလာဟသမဖြစ်စေရန် Brooklyn နှင့် Queens မှကက်သလစ် ကရုဏာရေးလုပ်ငန်းအဖွဲ့၏တာ၀န်ခံ ဖာသာရ် PATRICK KEATING က၀င်ငွေနည်းသောမိသားစုများအတွက် လျှပ်စစ်မီးလျော့ချအသုံးပြုနိုင်ရန်အစီအစဉ်တစ်ခုကို စတင်ခဲ့သည်။
ဖာသာရ် PATRICK KEATING သည် ဆရာတော် DiMarzio ၊ Mr. Tim McManus၊ လုပ်ငန်းရှင်များကိုယ်စားလှယ်နှင့် ဗုဒ္ဓဘာသာ၀င်အဖွဲ့များ ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့၍ စာချွန်တော်ကိုလက်တွေ့ဖော်ဆောင်နိုင်သောနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထိုအစီအစဉ်ကား စွမ်းအင်ကိုနေမှရယူသည့်နည်းဖြစ်သည်။ ထိုသို့ရယူရန် မိမိတို့၏အိမ်ခေါင်မိုးများ ၌စွမ်းအင်ထုတ်ပေးသောသတ္တုပြားကိုကိုထားရှိရယူခြင်းဖြစ်သည်။ စတင်ဖော်ဆောင်မည့်အဆောက်အအုံလေးလုံးမှာ နူးယောခ့်မြို့၌ရှိပြီး၊ အလွန်ချို့တဲ့သောရပ်ကွက်ဖြစ်သည်။
ယခုစီမံကိန်းကို သက်ကြီးများအတွက်နှင့်၀င်ငွေနည်းသောမိသားစုများအတွက်အဓိကဦးတည်သည်။ အဆောက်အဦးသည်လည်းကြံ့ခိုင်မှုရှိပြီး၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးအတွက်ကိုလည်းအမှန်တကယ်အထောက်အပံ့ပေးနိုင်အောင်စီစဉ်ထားသည်။
ဤစီမံကိန်း၏ အကြီးတန်တာ၀န်ရှိသူ TIM MCMANUS ကလည်း ပထမဦးဆုံးဖော်ဆောင်သည်ဖြစ်၍ အများ၏ယုံ ကြည်မှုရရှိရန် ကြံ့ခိုင်အောင်မြင်ရမည်။ သို့မှသာကမ္ဘာကြီးအတွက်ဤသို့ပြုခြင်းသည် အောင်မြင်ကြောင်းမျက်စိပွင့်၊ နှားစွင့်လာမည်ဖြစ်သည်။ ယခုပုံစံကို ပြန်လည်အစားထိုးနိုင်ပါလျှင် အနာဂါတ်၌ စွမ်းအင်လောင်စာမှထုတ်သောကာဗွန်ဒိုင်ကြောင့် ’ ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုကိုလျော့ချနိုင်ပြီး၊ အဓွန့်ရှည်မည်ဖြစ်သည်ဟုဆိုသည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of National Catholic Reporter
https://bit.ly/3xiawr1
Add new comment