ပုပ်ဖရန်စစ်၏ ကာဇက်စတန်နိုင်ငံ ခရီးစဉ်ရဲ့ (Logo) အမှတ်တံဆိပ်ကို ဗာတီကန်က ထုတ်ဖော်ပြသ

ပုပ်ဖရန်စစ်၏ ကာဇက်စတန်နိုင်ငံ ခရီးစဉ်ရဲ့ (Logo) အမှတ်တံဆိပ်ကို ဗာတီကန်က ထုတ်ဖော်ပြသ

ဗာတီကန်သည် ပုပ်ဖရန်စစ်ရဲ့ ကာဇက်စတန်နိုင်ငံ တမန်တော်ခရီးစဉ်ကို စက်တင်ဘာ( ၁၃ ) ရက်ကနေ (၁၅ )ရက်အထိ “ငြိမ်းချမ်းရေးနှင့်စည်းလုံးခြင်းကိုသယ်ဆောင်ပေးသောစေတမန်များ” ဆောင်ပုဒ်နဲ့ ထုတ်ဝေခဲ့​ပါတယ်။

လာမည့်စက်တင်ဘာလမှာ ပါပါးရဲ့ ကာဇက်စတန်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် (Logo)အမှတ်တံဆိပ်ကို “ငြိမ်းချမ်းရေးနှင့်စည်းလုံးခြင်းကိုသယ်ဆောင်ပေးသောစေတမန် များ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့​တာပါ။

ပုပ်ဖရန်စစ်သည် (၂၀၂၂ )ခုနှစ် စက်တင်ဘာလ( ၁၃) ရက်နေ့မှ (၁၅)ရက်နေ့အထိ နိုဆူတန် (Nur-Sultan ) မြို့တော်သို့ ခုနှစ်ကြိမ်မြောက် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များနှင့်ရှေးရိုးဘာသာရေးခေါင်းဆောင်များ ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

အဆိုပါသွားရောက်လည်ပတ်ခြင်းကို ချိုးငှက် နဲ့ သံလွင်ခက်တို့ ပါရှိသော (Logo) သင်္ကေတဖြင့်ဖော်ကြူးထားတာပါ။ ချိုးငှက်တောင်ပံတွေကိုတော့ ငြိမ်းချမ်းရေးနှင့်စည်းလုံးခြင်းကိုသယ်ဆောင်ပေးသောစေတမန်များဆိုတဲ့ သင်္ကေတအဖြစ် လက်နှစ်ဖက်က လက်ချောင်းတွေနဲ့ ပုံဖော်ထားပြီး အတောင်ပံပေါ်မှာပုံဖော်ထားတဲ့ နှလုံးသားကတော့ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားခြင်းဖြစ်ကြောင်း၊ အပြန်အလှန်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆွေးနွေးညှိနှိုင်းမှု အသီးအပွင့်ကို ကိုယ်စားပြုပြီး သံလွင်ခက်ကိုတော့ ကာဇတ်ရဲ့ သဘာဝ အလှကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။

နောက်ခံဘက်အပြာနုရောင်ကတော့ ကာဇတ်လူမျိုးများရဲ့ ရိုးရာအိမ်ကို ဖော်ကြူးထားပြီး အတွင်းပိုင်း အဝါရောင် ကတော့လက်ဝါးကပ်တိုင်တစ်ခုအဖြစ် ပုံဖော်ထားတာပါ။

အပြာနုရောင် နဲ့ အဝါဖျော့ဖျော့အသုံးပြုထားတဲ့ အရောင်တွေ ကတော့ ကာဇက်စတန်နိုင်ငံအလံနဲ့ ဆင်တူပြီးတော့ အဝါရောင် နဲ့ အဖြူရောင် ကတော့ ဗာတီကန်အလံရဲ့ အရောင် တွေဖြစ်ကြပါတယ်။ သစ်ခက်အရောင်ဖြစ်တဲ့ အစိမ်းရောင်ကတော့မျှော်လင့်ချက်ကို ကိုယ်စားပြုကြောင်း

ပုပ်ဖရန်စစ်ရဲ့ တမန်တော်ခရီးစဉ်မှာ ငြိမ်းချမ်းရေးနှင့်စည်းလုံးခြင်းကိုသယ်ဆောင်ပေးသောစေတမန်များ ဆောင်ပုဒ်ကို ထိပ်ပိုင်းမှာကာဇတ်ဘာသာစကားနဲ့ ပြသထားပြီး၊အောက်ခြေဘက်ကိုတော့ ရုရှားဘာသာစကားနဲ့ ပြသထားတာလည်းဖြစ်ပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/3CtCAgn

Add new comment

11 + 5 =