ပုပ်ဖရန်စစ်၏ ကမ္ဘာ့လူငယ်များနေ့ကြွရောက်မည့်အစီအစဉ်အသေးစိတ်အားဗာတီကန်ထုတ်ပြန်

ပုပ်ဖရန်စစ်၏ ကမ္ဘာ့လူငယ်များနေ့ကြွရောက်မည့်အစီအစဉ်အသေးစိတ်အားဗာတီကန်ထုတ်ပြန်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဩဂုတ်လ (၂ မှ ၆) ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ၌ကျင်းပမည့် (၃၇) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့သို့ကြွရောက်မည်ဖြစ်ပါသည်။

ထိုလူငယ်ပွဲတော်သို့ နိုင်ငံတကာမှလူငယ်များရောက်ရှိလာမည့် နေ့မှာ ဩဂုတ်လ (၁) ရက်နေ့ဖြစ်သော်လည်း ရဟန်းမင်းကြီးသည် (၂) ရက်နေ့မှကြွရောက်မည်ဖြစ် ကြောင်း၊ ရဟန်းမင်းကြီးနှင့်သတင်းသမားများလိုက်ပါသောလေယာဉ်သည် Figo Maduro အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်မည်ဖြစ်ကြောင်း၊ လေဆိပ်၌ပင်ကြိုဆိုခြင်းအခမ်းအနားကိုကျင်းပမည်ဖြစ်ကြောင်း၊ ထို့နောက် သမ္မတ Marcelo Rebelo de Sousa ထံသွားရောက်လည်နှုတ်ဆက် မည်ဖြစ်ကာ တစ်ဆက် တည်း၌ပင် ပေါ်တူဂီနိုင်ငံ၏အစိုးရအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့အစည်းများနှင့်လည်း ‘ဘက်သလင်ဟင်’ ဟုအမည်ပေးထားသော ယာဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်သည့်ဌာန၌လက္ခံတွေ့ဆုံပြီးနောက် ရဟန်းမင်းကြီးသည် ၀န်ကြီးချုပ် António Costa နှင့်ရဟန်းမင်းကြီးကိုယ်စားလှယ်၏ကျောင်းတိုက်၌လက္ခံတွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဦးပဥ္စင်းများ၊ သူတော်စင်များ၊ ရဟန်းလောင်းကိုရင်များ၊ Monastery dos Jerònimos ၌အမှုတော်ဆောင်နေကြသောသူများတို့နှင့်ညနေဆုတောင်းမေတ္တာကိုအတူတကွရွတ်ဆိုပူဇော်၍ပထမနေ့၏အစီအစဉ်အဆုံးသတ်မည်ဖြစ်သည်။

ဒုတိယနေ့၏အစီအစဉ်တွင် ရဟန်းမင်းကြီးဖရန်သည် ပေါ်တူဂီနိုင်ငံ၊ ကက်သလစ်တက္ကသိုလ်မှ ကျောင်းသူကျောင်သားများနှင့်တွေ့ဆုံမည်။ ထို့နောက်Lisbon နှင့်မ‌ေ၀းလှသော Cascais မြို့သို့ ကြွရောက်၍ ပညာသင်ကြားနေသောလူငယ်များနှင့်တွေ့ဆုံပြီး Lisbon သို့တဖန်ပြန်ကြွလာကာ မွန်းလွဲပိုင်း၌ Edward VII တွင်ကျင်းပမည့်ကမ္ဘာ့လူငယ်များနေ့၏ဖွင့်ပွဲအခမ်းအနား၌ပါ၀င်မည်။

တတိယနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် (၃၇) ကြိမ်မြောက် ကမ္ဘာလူငယ်များနေ့အခမ်းအနား၌ ပါ၀င်နေကြသောလူငယ်များ အာပတ်ဖြေနားထောင်ပေးမည်ဖြစ်သည်။ လူမှုကူညီရေးနှင့်ကရုဏာရေးလုပ်ငန်းများကိုလုပ်ဆောင်နေသောအဖွဲ့အစည်းများ၏ကိုယ်စားလှယ်နှင့်လည်းလက္ခံတွေ့ဆုံမည်ဖြစ်သည်။ လူငယ်များနှင့်နေ့လယ်စာအတူလက်ဆုံစားပြီး ထိုနေ့ညနေပိုင်း၌ကျင်းပမည့် ခရူးစူးကားတိုင်လမ်းလျှေက် သည့်ဆုတောင်းခြင်းလည်းပါ၀င်မည်။

ဩဂုတ်လ (၅) ရက်နေ့၌မူ ဖာတီမာသို့ဘုရားဖူးကြွရောက်ပြီး ဖာတီမာမယ်တော့်ရင်ခွင်၌ရောက်ရှိနေကြသော မကျန်းမမာသူများနှင့်အတူစိတ်ပုတီးစိပ်ခြင်းကိုသူကိုယ်တိုင်ဦး ဆောင်မည်ဖြစ်သည်။ ထို့နောက် မြို့တော်သို့ပြန်လည်ကြွလာမည်ဖြစ်ပြီး လူငယ်များနှင့်အတူ ကမ္ဘာလူငယ် များနေ့နောက်ဆုံးနေ့မတိုင်မီအကြိုညကိုအတူတကွဖြတ်သန်းမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် Parque Tejo ၌ကျင်းပမည့် (၃၇) ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့၏ပိတ်ပွဲမစ္ဆားတရားကိုဦးဆောင်ပူဇော်မည်ဖြစ်ပါသည်။ ရောမသို့ပြန်လည်မကြွမီ ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်စေရန် လုပ်အားပေးခဲ့ကြသောသူများနှင့်လည်းတွေ့ဆုံမည်။

ရဟန်းမင်းကြီးအား နှုတ်ဆက်သည့်အခမ်းအနားကိုလည်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ပင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/444fEim

Add new comment

1 + 3 =