ပုပ်ဖရန်စစ်၏အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ကြွရောက်ခဲ့သောနေ့တစ်၀က်တမန်တော်ခရီးမှတ်တမ်းထွက်ရှိ

ပုပ်ဖရန်စစ်၏အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ကြွရောက်ခဲ့သောနေ့တစ်၀က်တမန်တော်ခရီးမှတ်တမ်းထွက်ရှိ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခုလအစောပိုင်းကဗာတီကန်သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ထားခဲ့သည့်အတိုင်း ဧပြီလ (၂၈) ရက်နေ့၊ ပါစကားကာလပဉ္စမပတ်တနင်္ဂနွေနေ့က အီတလီနိုင်ငံ ၏ အရှေ့မြောက်ဘက်ရှိအထင်ကရမြို့တစ်မြို့ဖြစ်သည့် ‘ဗင်းနစ်’ မြို့သို့ကြွရောက်ခဲ့သည်။

ပုပ်ဖရန်စစ်သည် ဗင်းနစ်မြို့ရှိ အမျိုးသမီးအကျဉ်းထောင်သို့ကြွရောက်ပြီး အမျိုးသမီးအကျဉ်းသူများ၊ ၀န်ထမ်းများ၊ လုပ်အားပေးများနှင့်တွေ့ဆုံခဲ့သည်။ ဤသို့အသီးသီးတွေ့ဆုံစဉ်၌ ၄င်းတို့ ပြောပြလာသောရင်တွင်းစကားများ၊ ရှင်းပြချက်များကိုနားစွင့်ထောင်ခဲ့သည်။ ထို့နောက်ရဟန်းမင်းကြီးမှ ၄င်းတို့ကိုအားပေးစကား၊ နှစ်သိမ့်စကားများနှင့်အမိမယ်တော်သူငယ်ယေဇူအားပွေ့ချီထားသောပုံတော်ကိုလက်ဆောင်အဖြစ်ပေးခဲ့သည်။ အကျဉ်းသူများကလည်း အကျဉ်းထောင်အတွင်း၄င်းတို့နေ့စဉ်လုပ်ကိုင်ရသည်များကိုလိုက်လံပြသခဲ့သည်။

ရဟန်းမင်းကြီးကအတူပေါင်းစည်းလုပ်ဆောင်ခြင်းဖြင့်အကျဉ်းသားဘ၀ ကိုကုစားကျော်ဖြတ်ခြင်းသည်အရေး ကြီးကြောင်းကိုမိန့်ကြားခဲ့သည်။

ပုပ်ဖရန်စစ်သည် ဗင်းနစ်မြို့၌ ကျင်းပသော ‘အနုပညာပြပွဲကြီး’ အခမ်းအနားသို့ လည်းတက်ရောက်ခဲ့ပြီး ယဉ်ကျေးမှုအားထွင်းထုသောအနုပညာ၏ကဏ္ဍနှင့်ဘ၀စိန်ခေါ်ချက်များကိုပျော်ရွှင်မှုနှင့်မျှော်လင့်ချက်များဖြင့်ကျော်ဖြတ်နိုင်ရန်တိုးမြှင့်လုပ် ဆောင်ကြရန်၊ မိမိတို့၏လက်ကိုင်ဖုန်းများဖြင့်သာတန်ဖိုးရှိသောအချိန်များကိုမကုန်ဆုံးစေဘဲ ဖုန်းများနှင့်ချိပ်ဆက်မှုကိုဖြတ်တောက်ထားပြီး အခြားသူများနှင့်ထိတွေ့ချိပ်ဆက်ကြရန်၊ မိမိတို့၏နှလုံးသားများကိုလည်း ဧ၀ံဂေလိတရားတော်၏သွန်သင်ချက်များကိုနာခံနိုင်ဘို့ ဖွင့်လှစ်ထားရန်နှင့်ဘ၀၌ လက်တွေ့ချမှတ်ရှင်သန်ကြရန်မီးမောင်းထိုးမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် လူငယ်များနှင့်လည်းတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ၀မ်းနည်းစိတ်များကိုကျော်ဖြတ်ရန်၊ သူမတူ၊ အစားထိုးမရသောလူငယ်တို့၏ဘ၀ကိုတန်ဖိုးထားကြရန်၊ အလွန်အဖိုး ထိုက်သောလူငယ်တို့၏အမွေအနစ်များကိုလည်းအစဉ်အမှတ်ရရန်အားပေးတိုက်တွန်းခဲ့သည်။

ပုပ်ဖရန်စစ်သည် ဗင်းနစ်မြို့သို့ နေ့တစ်၀က်တာတမန်တော်ခရီး၏အဆုံး၌ လူထု နှင့်အတူမစ္ဆားတရားပူဇော်ခဲ့သည်။ မစ္ဆားတရား၏အဆုံးပိုင်း၌ လည်း ကမ္ဘာကြီး၏ငြိမ်းချမ်းရေးအတွက်အထူးသဖြင့် ယူကရိန်း၊ ပါလက်စတိုင်း၊ အီစ္စရေး၊ ရိုဟင်ဂျာတို့နှင့်စစ်သင့်ဒေသ၊ အကြမ်းဖက်ခြိမ်း ခြောက်ခံနေရသော ကမ္ဘာ့နိုင်ငံ၏ဒေသအသီးသီးအတွက်ဆုတောင်းရန်အထူးတိုက်တွန်းချက်ကိုလည်းထပ်မံတောင်းဆိုခဲ့သည်။ ထို့အတူ ယေဇူးသခင်မှစိန့်ပီတာအားပေးအပ်ခဲ့သည့်အမှုတော်ကိုထမ်းဆောင်ရန်မှာ စိန်ခေါ်မှု၊ တောင်းဆိုမှုလွန်စွာကြီးမားများပြားကြောင်း၊ ထို့ကြောင့် ဤအမှုတော်ကိုထမ်းနေသောသူ့အတွက်လည်း အမှုတော်ကိုအကောင်းဆုံးဖြည့်ဆည်းဆောင်ရွက် နိုင်ရေးအားလုံး၏ဆုတောင်းမေတ္တာလိုအပ်၍ ဆုတောင်းပေးကြပါရန်ကိုလည်းတောင်းခံခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားသယ်

https://rb.gy/qrymg4

Add new comment

3 + 2 =