ပုပ်ဖရန်စစ်၏ယခုတမန်တော်ခရီး၌ မြေထဲပင်လယ်၏ပြဿနာကိုမီးမောင်းထိုးပြမည်

ပုပ်ဖရန်စစ်၏ယခုတမန်တော်ခရီး၌ မြေထဲပင်လယ်၏ပြဿနာကိုမီးမောင်းထိုးပြမည်

ရဟန်းမင်းကြီးဖရန်စစ်သည် စီစဉ်ထားသည့်အတိုင်း မြေထဲပင်လယ်ဒေသသို့တမန်တော်ခရီးစတင်ကြွပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် (၂) ရက်တာ သီတင်းသုံးမည့်မြို့မှာ ပြင်သစ်နိုင်ငံ၊ Marseille မြို့ဟုခေါ်ပါသည်။ ဤမြို့သည်သဘော်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။

ရဟန်းမင်းကြီးသည် မြေထဲပင်လယ်ဒေသသို့တမန်တော်ခရီးကြွရောက်ခြင်းသည် ယခုတစ်ကြိမ်သည်ပထမအကြိမ်မဟုတ်။ (ဇူလိုင် ၂၀၁၃) ကလည်း အီတလီနိုင်ငံ၏ Lampedusa သို့လည်းနေ့ချင်းပြန်ခရီးကြွရောက်ခဲ့ဖူးသည်။ ဤသို့ပင်လယ်ဆိပ်ကမ်းမြို့များသို့ ရဟန်းမင်းကြီးကြွရောက်တိုင်းတိုက်တွန်းဖြစ်သောအကြောင်းအရာကား မြေထဲပင်လယ်အား သချိုင်းအ ဖြစ်ပုံမဖော်မိရန်၊ ထိုသို့မဟုတ်ဘဲ မြေထဲပင်လယ်ဒေသသည် ဆုံမှတ်အဖြစ်လည်းကောင်း၊ ဆက်သွယ်ရေးကောင်းသောဒေသအဖြစ်လည်း ကောင်း၊ လှိုက်လှဲစွာကြိုဆိုတတ်သောနေရာအဖြစ်ပုံဖော်ရန်ဖြစ်သည်။

မြေထဲပင်လယ်သည် ရေကြောင်းဖြင့်နေရပ်ထွက်ပြေးစွန့်ခွာကာရေကြည်ရာ၊ မြက်နုရာရှာသူများအ တွက် ကမ္ဘာ့အန္တရာယ်အများဆုံး‌ဒေသဖြစ်လာနေသည်။ (၂၀၂၂) က လူ့အသက် (၁၂၀၀) ကို၀ါးမျိုခဲ့သည်။ (၂၀၁၄) ခုနှစ်မှစ၍ မြေထဲပင်လယ်ပုံစံအမျိုးမျိုးဖြင့်ထိတ်လန့်ဖွယ်အသက်ဆုံးရှုံးခဲ့ကြသူစုစုပေါင်း (၂၅၀၀၀) ဦးရှိပြီဖြစ်သည်။ ယခုအသက်ဆုံးရှုံးလိုက်ရသောသူများမှာ နေရပ်၌စစ်မီးနေ့စဉ်လောင်မြိုက်နေခြင်း၊ အ ကြမ်းဖက်ခြင်း၊ အုပ်ချုပ်သောအစိုးရကိုယ်တိုင်ကပြည်သူများအားနည်းလမ်းအသွယ်သွယ်ဖြင့်ဖိနှိပ်ညှဉ်းပမ်းများကြောင့်မည်သို့မျှအသက်ဆက်ရန်မဖြစ်တော့၍ သေမထူးရှင်မထူးလွတ်ရာလွတ်ကြောင်းထွက်ပြေးလာကြသော ဆီးရီးယား၊ အဲရီထရေယာ၊ ဆိုမာလီးယား၊ အာဖဂန်နစ္စတန်နိုင်ငံများမှအများဆုံးဖြစ်သည်။

အသက်ဆုံးရှုံးရသူများအနက် အမျိုးသား၊ အမျိုးသမီး၊ မိဘများမပါဘဲအစောင့်အရှောက်မဲ့ကလေးများလည်းပါ သည်။ ဒုက္ခသည်များသည် မြေထဲပင်လယ်ရာဇ၀တ်မှုကျူးလွန်သည့်အဖွဲ့၊ လက်နက်ကိုင်အဖွဲများနှင့်မိမိတို့အကျိုးအမြတ်အတွက်အဖွဲ့ငယ်များဖွဲ့၍ရာဇ၀တ်မှုကျူးလွန်သည့်အဖွဲ့တို့၏အမြတ်ထုတ်အသုံးချခံများဖြစ်နေကြရသည်။ ဒုက္ခကိုအခွင့်ကောင်းယူနေကြသည်။ အဏ္ဏ၀ါသချိုင်းခရီးလမ်းကိုဖောက်လျှောက်လာကြရ သည်မှာ ပြည်တွင်းမငြိမ်သက်မှုများ၊ ပဋိပက္ခများကြောင့်ဖြစ်သည်။ ပါကစ္စတန်မှအစပြုလိုက်သည့်ပဋိပက္ခသည် အရှေ့လယ်ပိုင်း၊ ဆာဟာရအာဖရိကဒေသအချို့အထိကူးစက်ပျံ့နှံ့သွားခဲ့သည်။

ရဟန်းမင်းကြီးယခုခရီးစဉ်ကိုကြွရောက်ရခြင်းသည် Marseille ဂိုဏ်းချုပ်သာသနာမှစီစဉ်သော ‘မြေထဲပင်လယ်အစည်းအဝေးသို့တက်ရောက်ရန်ဖြစ်သည်။ ယခုကဲ့သို့ကြွရောက်ခြင်းသည်လည်း ဒေသအတွင်းတည်ဆောက်ရန်လိုအပ်သော ငြိမ်းချမ်းရေးနှင့်လူမျိုးမတူ၊ စကားမတူ၊ ဒေသမတူ၊ ယဉ်ကျေးမှုကွာ ခြားမှုများကြားတွေ့ကြုံရသောစိန်ခေါ်ချက်များကို ညီအစ်ကိုရင်းချာစိတ်ဓာတ်ဖြင့်ကျော်လွှားအောင်မြင်ရန်အသားပေးတိုက်တွန်းနိုင်သည်။

ရဟန်းမင်းကြီးသည် အနိဌာရုံအခင်းများဖြစ်ပွားချိန်၌လည်းကောင်း၊ အခွင့် အခါသာတိုင်းလည်းမိန့်ကြားလေ့ရှိသော မြေထဲပင်လယ်ပြင်၌အသက်ဆုံးရှုံးခဲ့ကြသူများနှင့်ထပ်တူထပ်မျှခံစားရကြောင်း အမိသာသနာတော်ကြီးတစ်ခုလုံးနှင့်ရောမသာသနာ၏ သိုးထိန်းအဖြစ်လည်းကောင်း မပျက်မကွက်ထုတ်ဖော်ခဲ့သည်။ ယခုတစ်ကြိမ်ဤတမန်တော်ခရီးကိုကြွရောက်ခြင်းသည် မြေထဲပင်လယ်ဒေသ၏ ပြဿနာ၊ ပြဿနာ၏ အရင်းအမြစ်များနှင့်ကမ္ဘာ့အရေးနှင့်စပ်
လျင်း၍ ယေဇူးသခင်၏နောက်လိုက်သူတို့၏ လုပ်ပေးနိုင်သည့်အခွင့်အရေးများအကြောင်းကိုကမ္ဘာကြီးသတိပြုမိလာစေရန်ရည်ရွယ်သည်။

ယခုခရီးစဉ်သည် မျှော်လင့်ခြင်းခရီးစဉ်ဖြစ်သည်။ ဤကမ္ဘာ့သင်္ဘောဆိပ်မြို့ကြီးသည် မိမိတို့၏နိုင်ငံ များ၌စစ်ပွဲများကြောင့်နေထိုင်ရန်၊ လုပ်ကိုင်စားသောက်ရန်မည်သို့မျှမဖြစ်တော့၍ ရေကြောင်းမှသက်စွန့်ဆံဖျားထွက်ပြေးလာကြသောဒုက္ခသည်များအား လှိုက်လှဲနွေးထွေးစွာကြိုဆိုသောသမိုင်းကောင်းရှည်လျားစွာရှိသောမြို့ဖြစ်သည်။ ထို့ကြောင့်ရဟန်းမင်းကြီးဤမြို့သို့ရောက်ရှိသွားခြင်းသည် မြို့သူမြို့သားများ အထူးသ ဖြင့်ခရစ်ယာန်များအတွက် အားတက်ဖွယ်၊ ဂုဏ်ယူဖွယ်ရာတမန်တော်ခရီးတစ်ခုဖြစ်သွားပေမည်။

ရဟန်း မင်းကြီးဖရန်စစ်သည် ဤကမ္ဘာ့ သင်္ဘောဆိပ်မြို့ကိုရွေးချယ်ရသည်မှာ ဤနေရာမှ ပြင်သစ်တစ်နိုင်ငံလုံး၊ ဥရောပတစ်ခွင်လုံးနှင့်မြေထဲပင်လယ်ဒေသတစ်လျှောက်နိုင်ငံများအားတိုက်တွန်းနှိုးဆော်နိုင်သော ကြောင့်ဖြစ်သည်။ ယခုခရီးစဉ်သည် ရဟန်းမင်းကြီးအဖြစ်အမှုတော်ထမ်းလာခဲ့သော (၁၀) တာကာလအတွင်း (၄၄) ကြိမ်မြောက် အီတလီနိုင်ငံ၏ပြည်ပတမန်တော်ခရီးဖြစ်ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/Vt3d

Add new comment

10 + 9 =