Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကာဒီနယ် Zuppi အားရုရှားနိုင်ငံ၏မြို့တော်သို့စေလွှတ်မည်။
ပုပ်ဖရန်စစ်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကာဒီနယ် Zuppi အားရုရှားနိုင်ငံ၏မြို့တော်သို့စေလွှတ်မည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် လွန်ခဲ့သော (အောက်တိုဘာလ ၂၊ ၂၀၂၂) က ရုရှား၏ယူကရိန်းသို့ကျူးကျော်စစ်စတင်သည့်တစ်နှစ်ကျော်လာသည်နှင့်ရုရှားသမ္မတပူတင်ထံသို့ ငြိမ်းချမ်းရေးအတွက်တိုက် ရိုက်တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်၌ စစ်ပွဲကိုချက်ချင်းရပ်တန့်ပေးရန်၊ ဤသို့ရပ်တန့်ပေးခြင်းသည် ရုရှားပြည်သူတို့၏အသက်စည်းစိမ်ချမ်းသာကိုလည်း ငဲ့ကွက်ရာရောက်ကြောင်းမိန့်ကြားခဲ့ဖူးသည်။
ထို့အတူ ရဟန်းမင်းကြီးသည်ယူကရိန်းသို့လည်းကောင်း၊ ရုရှားသို့လည်းကောင်းကြွရန်လည်းလွန်စွာစိတ် အားထက်သန်လျှက်ရှိသည်။ လက်ရှိအခြေအနေ၌မသွားသင့်သေး၍သာ အဖက်ဖက်ကိုထည့်သွင်းစဉ်း စား၍ ကိုယ်စားကာဒီနယ် Zuppi အားစေလွှတ်ခြင်းဖြစ်သည်။
ကာဒီနယ်သည် ဇွန်လ (၂၈ မှ ၂၉) အထိရုရှားနိုင်ငံ၏မြို့တော် မောစကိုသို့ရောက်ရှိနေမည်ဖြစ်သည်။ ယခုကဲ့သို့ကိုယ်စား လှယ်စေလွှတ်ခြင်းသည် လူသားချင်းကူညီပေးမှုနှင့်စပ်လျင်း၍ကူညီနိုင်ရန်စတင်လိုက်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လက်ရှိဆိုးရွားနေသောအခြေအနေကို ဖြေရှင်းနိုင်သော နည်းလမ်းများကိုအတူတကွရှာဖွေပြီး တရားသောငြိမ်း ချမ်းရေးကိုတည်ဆောက်ရန်ဖြစ်ကြောင်း ဗာတီကန်မှထုတ်ပြန်ထားသည်။
ကာဒီနယ်၏ခရီးစဉ်၌ ဗာတီကန်အတွင်း ရေးမှူးရုံးတော်မှ တာ၀န်ရှိသူများလည်းလိုက်ပါကြမည်ဖြစ်သည်။ ယခုကဲ့သို့စေလွှတ်ခြင်းသည် ရဟန်းမင်းကြီး
ဖရန်စစ်၏ဆန္ဒကို လက်တွေ့ဖော်ဆောင်သင့်သောအချိန်၌ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။ ကာဒီနယ်သည် ဇွန်လ (၅ မှ ၆) အထိလည်း ယူကရိန်းနိုင်ငံ၏မြို့တော် kyiv သို့လည်းရဟန်းမင်းကြီး၏ငြိမ်းချမ်းရေးလုပ်ငန်စဉ်အတွက် ရောက်ရှိသွားခဲ့သည်။ ထိုခရီးစဉ်၌ ယူကရိန်းသမ္မနှင့်သူ၏အစိုးရအဖွဲ့၀င်များနှင့်တွေ့ဆုံခဲ့သည်။ အဆိုပါခရီးစဉ်၌ ဗာတီကန်၏ လူသားချင်းစာနာသောအကူအ ညီများပေးရန်၊ သံတမန်နည်းလမ်းများကိုအသုံးပြု ၍လက်ရှိဒေသအတွင်းမတည်ငြိမ်မှုကိုကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများအကြောင်းကိုဆွေးနွေးအဖြေရှာရန်အကြောင်းကိုဇောင်းပေးပြောကြားခဲ့သည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment