ပုပ်ဖရန်စစ်၏ကိုယ်စားလှယ်နှင့်ရုရှားဘာသာရေးခေါင်းဆောင်တို့တွေ့ဆုံ

ပုပ်ဖရန်စစ်၏ကိုယ်စားလှယ်နှင့်ရုရှားဘာသာရေးခေါင်းဆောင်တို့တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ကိုယ်စားလှယ် ကာဒီနယ် Matteo Zuppi သည်ပြီးခဲ့သော ကြာသပတေး နေ့ကရုရှားနိုင်ငံ၏မြို့တော် မောစကိုသို့စေလွှတ်၍ ရုရှားဩသိုဒေါ့စ်ဘာသာရေးခေါင်းဆောင်နှင့်တွေ့ဆုံစေခဲ့သည်။

ကာဒီနယ်သည် အီတလီကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်သည်။ ကာဒီနယ်သည် မောစကို၌ (၃) ရက်ကြာမည်ဖြစ်ပြီး ရဟန်းမင်းကြီးဖရန်စစ်ကိုယ်စား ‘ငြိမ်းချမ်းရေးအတွက်တရားမျှတသောနည်းလမ်းများ’ ကိုဆွေးနွေးရှာဖွေမည်ဖြစ်ပြီး ရုရှားနှင့်ယူကရိန်းနိုင်ငံအတွင်း စစ်ဒဏ်သင့်ဒေသအတွင်းလူသားချင်းစာနာသောအကူအညီများပံ့ပိုးပေးခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအစပြုရန်ကိုအဓိကထားဆွေးနွေးတိုက်တွန်းရန်ကိုလမ်းညွှန်ထားသည်။

ရုရှားရောက် ရဟန်းမင်းကြီးကိုယ်စားလှယ်သည် ကလေးများအခွင့်အရေးနှင့်ပတ်သက်၍လှုပ်ရှားတက်ကြွသူ Maria Alekseyevna Lvova-Belova နှင့်လည်းတွေ့ဆုံ၍ ယူကရိန်းကလေး (၁၉၀၀၀) အား ရုရှားသို့ခေါ်ဆောင်လာသည့်ကိစ္စကိုလည်းဆွေးနွေးရန်ဖြစ်သည်။ ဤအရေးနှင့်စပ်လျင်း၍ညှိနှိုင်းဖြန်ဖြေပေးရန် မေလကရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ်ခဲ့သော ယူကရိန်းသမ္မတမှမေတ္တာရပ်ခံပန်ကြားခဲ့သည်။

မောစကို၌ရောက်ရှိနေသော ရဟန်းမင်းကြီးကိုယ်စားလှယ်က ကြာသပတေးနေ့၌ပင် ဘုရားသခင် ၏မယ်တော်ဘုရားကျောင်း၌ မစ္ဆားတရားကိုဦးဆောင်ပူဇော်ခဲ့သည်။ ထိုနေရာ၌ပင် ရုရှားကက်သလစ်ဘာ သာ၀င်များနှင့်တွေ့ဆုံခဲ့ပြီး ရဟန်းမင်းကြီး၏နှုတ်ဆက်ဆုတောင်းပေးသည့်မင်္ဂလာစကားကိုကြားပြောခဲ့သည်။

ဗုဒ္ဓဟူးနေ့က ကာဒီနယ်သည် ရုရှားသမ္မတပူတင်၏နိုင်ငံခြားရေးရာ အကြံပေး၀န်ကြီး Yuri Ushakov နှင့်တွေ့ဆုံခဲ့သည်။ ထိုနေ့၌ပင် ယူကရိန်းနိုင်ငံ၌ ဆိုဗီယက်အုပ်ချုပ်စဉ်ကသတ်ဖြတ်ခံခဲ့ရသော အာဇာနည်ကြီးများအားပြန်လည်အောက်မေ့သတိရအခမ်းအနားကျင်းပနေရင်း ယခုရုရှာ၏ကျူးကျော်စစ်အတွင်းကျရှုံးခဲ့ကြသောယူကရိန်းစစ်သည်တော်ကြီးများအတွက်လည်း၀မ်းနည်းကြောင်းဆုတောင်းပြသခဲ့ကြသည်။

ဇွန်လ (၂၆) ရက်နေ့၏၀တ်ပြုခြင်းကိုမူ Lviv ရှိမယ်တော့်ရင်ပြင် Stradch ၌ ထုံးတမ်းစဉ်လာ၀တ်ရွတ်စဉ်အတိုင်းရှည်လျားစွာဆုတောင်းကျင်းပခဲ့သည်။
၀တ်ပြုခြင်း၌ ဂိုဏ်းချုပ်ဆရာတော် Sviatoslav Shevchuk ကဦးဆောင်ခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် ကမ္ဘာတစ်၀ှမ်းလုံးရှိယူကရိန်းဂရိကက်သလစ် သာသနာ၏ခေါင်းဆောင်ဖြစ်သည်။

မစ္ဆားပူဇော်ခြင်းကို (၁၉၄၄) Stradch သာသနာအုပ်စု၏ကျောင်းထိုင်ဖြစ်သော ဖာသာရ် Mykola Konrad နှင့် ကွာယာတာ၀န်ခံ ဘာသာတူ Volodymyr Pryima တို့အား ရက်စက်စွာဖြင့်ဆိုဗီယက်ရုရှားစစ်တပ်လက်ချက်ဖြင့် ကိုယ်တော်မြတ်ပင့်ပေးပြီးအပြန်၌ပစ်သတ်ခံခဲ့ရသည်။ ၄င်း တို့နှစ်ဦးကို (၂၀၀၁) ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ယူကရိန်းသို့ကြွရောက်ချိန်၌ ဓမ္မအာဇာနည်များအဖြစ် ရဟန္တာတင်မြောက်သော (၃၀) ဦး၌ ၄င်းတို့နှစ်ဦးလည်းပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JNrAgy

Add new comment

3 + 2 =