ပုပ်ဖရန်စစ်၌ကိုယ်ပိုင် ခရီးသွားစတိုင်ရှိဟုဆို

ပုပ်ဖရန်စစ်၌ကိုယ်ပိုင် ခရီးသွားစတိုင်ရှိဟုဆို

ပုပ်ဖရန်စစ်၌ကိုယ်ပိုင် ခရီးသွားစတိုင်ရှိဟုဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ဟာ စတိုင်ကျကျ ခရီးသွားနည်းကို သိရှိပြီး သူရွေးချယ်တဲ့ ခရီးသွားမှုပုံစံနဲ့ သူ မရွေးချယ်သောခရီးသွားမှုပုံစံတွေနဲ့ ကမ္ဘာကို မကြာခဏ အံ့ဩစေခဲ့ပါတယ်။

၂၀၁၇ မှာ ဗာတီကန်အလံ အရောင်တွေပါရှိတဲ့ အထူးထုတ်လုပ်ထားတဲ့ Lamborghini Huracn ဆိုတဲ့ နာမည်ကြီး ကားတစီးကို ရရှိခဲ့ပေမယ့်လည်းအဲ့ဒီကားကို စီးဖို့ ဘယ်တော့မှ သူမရည်ရွယ်ခဲ့သလို ဇိမ်ခံကားကို လက်မှတ် ရေးထိုးကာလေလံတင်ခဲ့ပြီး နောက်မှာတော့ အီရတ်ရှိ ခရစ်ယာန်များ အပါအဝင် အကူအညီ လိုအပ်သောသူတွေနဲ့ အာဖရိကရှိ လူကုန်ကုန်းမှုခံရတဲ့ ကလေးများ နှိပ်စက်ညှင်းပန်းခြင်းခံရတဲ့ အမျိူးသမီးတွေကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ 

၂၀၁၆ ခုနှစ်က မက္ကဆီကို ငါးရက်ကြာတမန်တော်ခရီးစဉ်အတွင်း အသုံးပြုခဲ့တဲ့ ကား ကို ပြသခဲ့စဉ်ကလည်း လုံခြုံရေးအရစိုးရိမ်မှုများရှိပေမယ့် ကျည်ကာမှန်မပါတဲ့ အဖြူရောင်ကားကိုပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့​တယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အများ ပြည်သူ သုံးတဲ့ ယာဥ်ကိုလည်း အသုံးပြုခဲ့​ပါတယ်။

၂၀၁၆ ခုနှစ် Krakow မြို့ မှာကျင်းပတဲ့ ကမ္ဘာ့လူငယ်များနေ့ကြိုဆိုပွဲကို ရိုးရိုးမြို့တွင်း ကားရထားစီးပြီး တက်ရောက်ခဲ့​တာပါ။ ထိုပွဲကို ရောက်တဲ့အခါ ကားရထားပုံတူလေးကို ပေးအပ်ခြင်းခံခဲ့ရပြီး အဲ့အချိန်မှစပြီး အဲ့ဒီကားရထားကို ပုပ်ရဟန်းမင်းကြီး ကားရထားလို့ တရားဝင်လူသိများလာကြကြောင်း

ပုပ်ရဟန်းမင်းကြီးဟာ ပင်ကိုယ်နှိမ့်ချတဲ့ စိတ်နေသဘောထားအတိုင်း၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၎င်းရဲ့ ကားကိုမစီးဘဲ ဒေသခံတစ်ဦးမှ ယူလာတဲ့ စက်ဘီးဆိုက်ကားကို ရွေးချယ်ခဲ့​ပါသေးတယ်။

ရောမမြို့ရဲ့ မကြာခဏဆိုသလို လမ်းမများကို လှည့်လည်သွားလာရာတွင် Ford Focus နှင့် Fiat 500L အပါအဝင် ပုပ်ရဟန်းမင်းကြီးသည် မထင်မရှားကားတွေကို အသုံးပြုတတ်​ပါတယ်။

ဒါပေမယ့် ဘယ်လိုခရီးသွားပုံစံကို ရွေးချယ်သည်ဖြစ်စေ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ထူးခြားတဲ့ပုံစံက လူတွေကို စိတ်ဝင်စားစရာဖြစ်စေပြီး လူတွေရဲ့အားကျမှုကို ရစေတယ်လို့ဆိုပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3IBkGbm

Add new comment

2 + 3 =