ပုပ်ဖရန်စစ်၊ ဘုရားဖူးလူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်း မေ ၁၂ တွင်ပြန်စတော့မည်

ပုပ်ဖရန်စစ်၊ ဘုရားဖူးလူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်း မေ ၁၂ တွင်ပြန်စတော့မည်

ပုပ်ဖရန်စစ်၊ ဘုရားဖူးလူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်း မေ ၁၂ တွင်ပြန်စတော့မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာပြုလုပ်လေ့ရှိတဲ့ ကမ္ဘာတဝှမ်းမှ ရောမမြို့သို့ရောက်ရှိလာတဲ့ ဘုရားဖူးလူထုပရိတ်သတ်နဲ့ တွေ့ဆုံခြင်းအစီအစဉ်မှာ ကိုဗစ် ကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပေမယ့် မေလ ၁၂ ရက်နေ့မှာတော့ပြန်လည်စတင်တော့မှာဖြစ်ပြီး ပရိတ်သတ်များကိုလည်းလက်ခံတွေ့ဆုံမှာဖြစ်တယ်လို့ ဗာတီကန်သတင်းဌာနမှ ကြာသပတေးနေ့ညနေမှာထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ကိုဗစ်ကာလမှာ အရှင်သူမြတ်ဟာ ဒီအစီအစဉ်ကို တမန်တော်ကြီးခန်းမဆောင်မှ အွန်လိုင်းကနေသာ ထုတ်လွှင့်ပေးခဲ့တာပါ။ စက်တင်ဘာ ၂ ရက်နေ့မှာ တွေ့ဆုံခြင်းပြန်လည် စတင်ခဲ့ပေမယ့် ကိုဗစ်ဗိုင်းရပ်စ် မငြိမ်သေးတာကြောင့် နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အွန်လိုင်းကသာ တဖန်ပြန်လည်ထုတ်ဝေခဲ့ရပြန်ပါတယ်။

နောက်တပတ် ဗုဒ္ဓဟူးနေ့မှာတော့ ပရိတ်သတ်များ  ပါဝင်နိုင်ကြတော့မှာဖြစ်ပေမယ့်လည်း ဘုရားဖူး ဧည့်သည်တော်များဟာ ကိုဗစ် စည်းမျဉ်းများကို အထူးလိုက်နာပြီးမှ ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ ဗာတီကန်က ကြေငြာထားပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3umTXIR

 

Add new comment

16 + 2 =