ပုပ်ဖရန်စစ်၊ နို၀င်ဘာ (၂) ရက်နေ့က ဗာတီကန်သချိုင်း၌ဆုတောင်းကောင်းကြီးပေးခဲ့

ပုပ်ဖရန်စစ်၊ နို၀င်ဘာ (၂) ရက်နေ့က ဗာတီကန်သချိုင်း၌ဆုတောင်းကောင်းကြီးပေးခဲ့

နို၀င်ဘာလ (၂) ရက်နေ့သည် ကမ္ဘာပေါ်ရှိကက်သလစ်ခရစ်ယာန်များအတွက် ‘၀ိညာဉ်အပေါင်းပွဲ (သို့) ကွယ်လွန်သွားကြသူများအတွက်’ အထူး ဆုတောင်းပေးသောနေ့ဖြစ်သည်။ ထို့အတူ နို၀င်ဘာတစ်လလုံးသည်လည်း ‘ကွယ်လွန်သွားသူများအတွက်အထူးဆု‌တောင်းပေးရသောလ’ ဖြစ်သည်။ နို၀င်ဘာလကို ‘ရဟန္တာအပေါင်းပွဲနေ့’ ဖြင့်အစပြုသည်။ ရဟန္တာဟုဆိုရာ၌ ကောင်းကင်သို့ရောက်ရှိသွားကြသူအပေါင်းတို့ကိုညွှန်းဆိုခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ယနေ့မးနံနက်မစ္ဆာတရားကို စိန့်ပီတာဘာစီးလီကားဘုရားကျောင်းတော်ကြီး၌ပူဇော်ပြီးနောက် ဗာတီကန်သချိုင်းသို့ဘီး တပ်လှည်းဖြင့်ကြွရောက်၍ ကွယ် လွန်သွားသူများအဖို့ဆုတောင်းပေးခဲ့သည်။ ထို့နောက် ၎င်းသီတင်းသုံးရာ ‘စန်တာမားတာ’ ကျောင်းတိုက်သို့ပြန်ကြွသွား သည်။

ပုပ်ရဟန်းမင်းကြီးသည် နို၀င်ဘာ (၂) ရက်နေ့ညနေပိုင်း၌ ‘ဆန်တာမာရိယာမာဂျိုးရေ’ ဘာစီးလီကာဘုရားကျောင်းသို့ကြွရောက်ပြီး နို၀င်ဘာ (၃) ရက် နေ့ ‘ဘာရိန်း’ နိုင်ငံတော်သို့ကြွရောက်မည့်သူ၏တမန်တော်ခရီးတစ်လျှောက်လုံးကို ‘ရောမမြို့သူမြို့ သားတို့အားမှိုင်းမသောသခင်မ’ ပုံတော်ရှေ့၌သွား ရောက်ဆုတောင်းအပ်နှံခဲ့သည်။

ယခုတစ်ကြိမ် ‘ဆန်တာမာရိယာမာဂျိုးရေ’ ဘာစီးလီကာဘုရားကျောင်းကြီးသို့ကြွရောက်ခြင်းသည် ရဟန်းမင်းကြီး အဖြစ်ရွေးကောက်ခံရပြီးနောက် အကြိမ် (၁၀၀) မြောက်ကြွရောက်ခြင်းဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy Exaudi

https://bit.ly/3fuHkZY

Add new comment

1 + 0 =