ပုပ်ဖရန်စစ်း မှ သာမန်လူဝတ်ကြောင် အမျိုးသားနဲ့ အမျိုးသားတို့အား ပထမဦးဆုံးကြိမ် အမှုတော်ဆောင်တာဝန်ားကို အပ်နှင်း

ပုပ်ဖရန်စစ်း မှ သာမန်လူဝတ်ကြောင် အမျိုးသားနဲ့ အမျိုးသားတို့အား ပထမဦးဆုံးကြိမ် အမှုတော်ဆောင်တာဝန်ားကို အပ်နှင်း

ပုပ်ဖရန်စစ်း မှ သာမန်လူဝတ်ကြောင် အမျိုးသားနဲ့ အမျိုးသားတို့အား ပထမဦးဆုံးကြိမ် အမှုတော်ဆောင်တာဝန်ားကို အပ်နှင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ဟာ ဇန်နဝါရီ ၂၃ ရက် တနင်္ဂနွေနေ့မှာ  စိန့်ပီတာရင်ပြင်တော်  မစ္ဆားတရားအတွင်း ကမ္ဘာတစ်ဝှမ်းမှ အမျိုးသားနှင့် အမျိုးသမီးတို့အား ယဇ်ပလ္လင်အမှုတော်ဆောင်၊ နှုတ်ကပါတ်တော် အမှုတော်ဆောင်နဲ့ ဓမ္မဆရာ အမှုတော်ဆောင်တာဝန် လုပ်ငန်းများကို ပထမဦးဆုံး တရားဝင်အပ်နှင်းမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

ပုပ်ရဟန်းမင်းကြီးသည် ၂၀၂၁  ခုနှစ်မေလမှာ  လူဝတ်ကြောင် ဓမ္မအမှုတော်ဆောင် လုပ်ဆောင်နိုင်ခွင့် နှင့် ဆက်ကပ်ခြင်း ကို စတင်တည်ထောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ မှစပြီး ယဇ်ပလ္လင်အမှုတော်ဆောင်နှင့် နှုတ်ကပါတ်တော်အမှုတော်ဆောင်ကိုအရင်တုန်းက ရဟန်းဖြစ်မည့် အမျိူးသားအတွက်သာ ရည်ရွယ်ပြီး ယခုအခါ အမျိုးသမီးများအတွက် လုပ်ဆောင်ပိုင်ခွင့်ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ 

ကက်သလစ်တို့၏အသက်တာတွင် သမ္မာကျမ်းစာ၏အရေးပါမှုကို မီးမောင်းထိုးပြရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဘုရားသခင်နှုတ်ကပတ်တော်၏ တနင်္ဂနွေနေ့မှာ  ကျင်းပခဲ့တာ ဖြစ်ကြောင်း

ပုပ်ရဟန်းမင်းကြီး၏ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ နှင့် စက္ကရမင်တူး စည်းမျဥ်းဥပဒေသ များ ဆိုင်ရာအဖွဲ့ မှ ဦးဆောင်ပြီး သာမန်လူဝတ်ကြောင်များ လုပ်ပိုင်ခွင့်တွေကို ပထမဦးဆူံး ဝိနည်းတစ်ခုအဖြစ်  စတင် တင်ပြခဲ့ကြောင်း

ပီရူး၊ ဘရာဇီး၊ ဂါနာ၊ ပိုလန်နှင့် စပိန် မှ  ဓမ္မဆရာအဖြစ် နဲ့  တောင်ကိုးရီးယား၊ ပါကစ္စတန်၊ ဂါနာနှင့် အီတလီ မှ နှုတ်ကပါတ်တော်အမှုဆောင်အဖြစ်ကို အရှင်သူမြတ်ထံ မှအသီးသီး တာဝန်ပေးအပ်ခံခဲ့တာဖြစ်ပါတယ်။ 

ဘာသာပြန်-အာဗီအေမြန်မာ

Photo courtesy of Reuters

https://bit.ly/3IEd4EV

Add new comment

1 + 3 =