ပုပ်ဖရန်စစ်အားဖူးတွေ့ရန် ဘုရားဖူးအဖွဲ့ ဝင် ၅၀ စပိန်မှရောမသို့ ဘုရားဖူးထွက်

ပုပ်ဖရန်စစ်အားဖူးတွေ့ရန် ဘုရားဖူးအဖွဲ့ ဝင် ၅၀ စပိန်မှရောမသို့ ဘုရားဖူးထွက်

ပုပ်ဖရန်စစ်အားဖူးတွေ့ရန် ဘုရားဖူးအဖွဲ့ ဝင် ၅၀ စပိန်မှရောမသို့ ဘုရားဖူးထွက်

စပိန်နိုင်ငံ၊ Badajoz မြို့နယ်ရှိ၊ မြို့သုံးမြို့မှ စီရင်စုများတွင်နေထိုင်ကြသော လူများထဲမှ ၅၀ ခန့်သည် ရောမမြို့သို့ သွားရောက်ကာ ပုပ်ရဟန်းမင်းကြီးအား ဖူးမျှော်ပြီး ကောင်းချီးမင်္ဂလာခံယူခဲ့ကြသည်။

ဘုရားဖူးခရီးစဉ်ကို မြို့သုံးမြို့၏တာဝန်ခံ ဘုန်းကြီးများမှ စီစဉ်ပေးတာဖြစ်ပါတယ်။ အထူးသဖြင့် ကပ်ရောဂါကြောင့် လနဲ့ချီ အထီးကျန်နေရပြီးနောက်မှာ လူတွေကို သင်္ဘောပေါ်တင်ဖို့က ခက်ခဲလှသည်မဟုတ်ကြောင်း ပြောပြခဲ့သည်။

စီရင်စုတာဝန်ခံ ဘုန်းတော်ကြီးဖြစ်သည့် "ဖာသာရ် ဗစ်တာ ကာရာ့စ်ကို (FR . VICTOR CARRASCO)" ၏ ‌ပြောပြချက်အရ..
“ကျွန်တော်က ရပ်ကွက်တွေမှာ ကြေငြာချက်ထုတ်တော့ လူတွေက အမြန်စာရင်းသွင်းတယ်။ အခွင့်အရေးကို လက်လွတ်မခံချင်ကြဘူး။" လို့ဆိုပါတယ်။

Margarita က သူတို့ထဲက တစ်ယောက်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးအား ကိုယ်တိုင်နှုတ်ဆက်နိုင်ခဲ့ပြီး ရောမမြို့သို့ ရောက်ရှိခဲ့ခြင်းအတွက် ဂုဏ်ယူသူတစ်ယောက်ဖြစ်ကြောင်း သူမခံစားချက်ကို ဖော်ပြရာတွင်

“ဒီခရီးစဥ်ဟာ အရမ်းစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ တစ်နေ့မှာ ပုပ်ရဟန်းမင်းကြီးကို တွေ့ပြီး လက်ဆွဲနှုတ်ဆက်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ တစ်နေ့မှာ ပုပ်ရဟန်းမင်းကြီးနဲ့ ဒီလောက်နီးကပ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။” ဟူ၍ သူမပျော်ရွှင်မှုကို ဖော်ထုတ်ခဲ့သည်။

သူတို့ ခရီးစဉ်၏ ပန်းတိုင်မှာ ဝိညာဉ်ရေးနှင့် သမိုင်းကြောင်း နှစ်ခုစလုံး ဖြစ်သည်။ သူတို့သည် ကက်သလစ်အသင်းတော်၏ မူလအစအကြောင်းကို လေ့လာလိုကြပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ တရားများကို ကိုယ်တွေ့ကြားသိလိုကြသည်။

ဖာသာရ် ဗစ်တာ ကာရာ့စ်ကို (FR . VICTOR CARRASCO)" ၏ ‌ပြောပြချက်အရ..

“ကျွန်တော်တို့ တကယ်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ပုပ်ရဟန်းမင်းကြီးမြွတ်ကြားတဲ့ နှုတ်ကပတ်တော်များ၊ အထူးသဖြင့် သူပြောကြားခဲ့သည့် လူ့အသိုင်းအဝိုင်းတွင် ကင်းမဲ့လျက်ရှိသော သခင်ခရစ်တော်ထံမှ လာသည့် လွတ်မြောက်မှု ကင်းမဲ့ခြင်းအကြောင်းကို ကြားနာရန် လိုအပ်ကြောင်း ဖွင့်ချခဲ့သည်။”

ကပ်ရောဂါကြောင့် လပေါင်းများစွာကြာပြီးနောက်တွင် ပုပ်ရဟန်းမင်းကြီး၏ နှုတ်ကပတ်တော်များကို ကြားနာရန် စိန့်ပီတာရင်ပြင်သို့ ဘုရားဖူးခရီးသည်များ ပိုများလာပါသည်ဟုဆိုပါသည်။

ဘာသာပြန်- စစ္စတာရ်လူစီကျဲန်၊ SJA

Photo courtesy of the New York times

https://bit.ly/3mAvzSA

Add new comment

3 + 8 =