ပုပ်ဖရန်စစ်အရှင်သူမြတ် ဘာရီ သို့ အလည်အပတ်ကြွရောက်ကာ မြေထဲပင်လယ်ဆရာတော်ကြီးများနှင့်တွေ့ဆုံမည်

ပုပ်ဖရန်စစ်အရှင်သူမြတ် ဘာရီ သို့ အလည်အပတ်ကြွရောက်ကာ မြေထဲပင်လယ်ဆရာတော်ကြီးများနှင့်တွေ့ဆုံမည်

ပုပ်ဖရန်စစ်အရှင်သူမြတ် ဘာရီ သို့ အလည်အပတ်ကြွရောက်ကာ မြေထဲပင်လယ်ဆရာတော်ကြီးများနှင့်တွေ့ဆုံမည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အီတလီတောင်ပိုင်း ဘာရီ သို့ကြွရောက်ကာ ဖေဖော်ရီ ၂၃ ရက်တွင်မြေထဲပင်လယ်နှင့် အနီးတဝိုက် ဒေသများ ဥရောပ၊ မြောက်အမေရိကနှင့် အရှေ့အလယ်ပိုင်း ဆရာတော်ကြီးများနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းကို ဗာတီကန်သတင်းတိုက်မှ အင်္ဂါနေ့က တရား၀င်ထုတ်ပြန်ကြေငြာလိုက်ပါသည်။
မြေထဲပင်လယ်၊ ကနဦး ငြိမ်းချမ်းစေသူ ဟူသည့်ဆောင်ပုဒ်ဖြင့် အီတလီဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ယင်းညီလာခံသို့ကိုစီစဉ်ခြင်းဖြစ်ပြီး ဆရာတော်ကြီးအပါး ၅၀ ကျော်တက်ရောက်လိမ့်မည်ဟု ခန့်မှန်းရကြောင်း

အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ခြင်းကိစ္စရပ်သည် ဆရာတော်ကြီးများညီလာခံ ၏ အဓိက အချက်ဖြစ်မည်ဖြစ်ကာ လူငယ်များအတွက် ဧဝံဂေလိ သတင်းကောင်း၊ အလုပ်လက်မဲ့ ၊ ရိုးရာယဉ်ကျေးမှုဖလှယ်ခြင်း၊ ငြိမ်းချမ်းရေးလမ်းစဉ် အစီအစဉ်များလဲပါရှိမည်ဖြစ်ကြောင်း

ဘာရီ သို့ အလည်အပတ်ကြွရောက်ခြင်းတွင် အရှင်သူမြတ်သည် ညီလာခံတွင်ပါ၀င်သောဆရာတော်ကြီးများအားနုတ်ဆက်မည်ဖြစ်ပြီး စိန့်နီကောလပ်စ် ဘာဆီးလီးကားကျောင်းတော် ကြီးသို့ကြွရောက်ကာရဟန္တာ၏ဓာတ်တော်မွေတော်ကို သဒ္ဒါကြည်ညိုခြင်းပြုမည်ဖြစ်ကာ ဒေါ်မိနစ်ကန် ရဟန်းတော်များနှင့်လည်းတွေ့ဆုံမည်ဖြစ်ကြောင်း
ရောမမြို့တော်သို့ရောမစံတော်ချိန် မွန်းလွဲ ၂:၀၀ တွင်ပြန်လည်ကြွရောက်မှာဖြစ်ပြီး မပြန်ခင်တွင် မြို့တော်၏ ဗဟို၌ မစ္ဆားတရားတော်မြတ်ကို ဉီးဆောင်ဟောကြားပေးမည်ဖြစ်ပါသည်။
၂၀၁၈ ခုနှစ် ဂျုလိုင်လတွင်လည်း အရှင်သူမြတ်သည် ဘာရီသို့ ကြွရောက်ခဲ့ကြောင်းကို ဗာတီကန်သတင်းအရ သိရှိရပါသည်။
By Sr.Lucia Thandar Aung,SJA
News Source: Vatican News

 

https://www.vaticannews.va/en/pope/news/2020-01/pope-francis-bari-bishops-mediterranean-meeting.html

Add new comment

2 + 1 =