ပုပ်ဖရန်စစ်အရှင်သူမြတ်သည် အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်း ပါးသူများနေ့ကို အမှန်တကယ်ချို့တဲ့နွမ်းပါးသူ အယောက် (၅၀၀) နှင့်အတူကျင်းပမည်။

ပုပ်ဖရန်စစ်အရှင်သူမြတ်သည် အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်း ပါးသူများနေ့ကို အမှန်တကယ်ချို့တဲ့နွမ်းပါးသူ အယောက် (၅၀၀) နှင့်အတူကျင်းပမည်။

ပုပ်ဖရန်စစ်အရှင်သူမြတ်သည် အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်း ပါးသူများနေ့ကို အမှန်တကယ်ချို့တဲ့နွမ်းပါးသူ အယောက် (၅၀၀) နှင့်အတူကျင်းပမည်။

လာမည့် နို၀င်ဘာလ (၁၂) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးသောသူများနေ့ဖြစ်ပြီး၊ ထိုနေ့ကိုပုပ် ရဟန်းမင်းကြီးဖရန်စစ်က အမှန်တကယ်နွမ်းပါးချို့တဲ့သူဦးရေ (၅၀၀) နှင့်အတူ အာစီစီမြို့၌ကျင်းပမည်ဖြစ်သည်။

ဤနေ့ကိုလည်း ရဟန်းမင်းကြီးဖရန်စစ်က လွန်ခဲ့သော (၅) နှစ်ခန့်က သတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ၌ ထိုနေ့သည် နို၀င်ဘာလ (၁၄) ရက်နေ့၌ ကျရောက်သည်။ ရဟန်းမင်းကြီးသည် နွမ်းပါချို့တဲ့သူများနှင့် နိုင်၀င်ဘာ လ (၁၂) ရက်နေ့၌တွေ့ဆုံမည်ဖြစ်ရာ ထိုတွေ့ဆုံပွဲပြီးနောက် (၂) ရက်အလွန်တွင်ကျရောက်မည်ဖြစ်သည်။

ယခုနှစ် ၏ဆောင်ပုဒ်မှာ ‘ဆင်းရဲသောသူတို့သည် သင်တို့နှင့်အတူ အစဉ်ရှိ၏’ ဟူသော သံမာကု၏ ဧ၀ံဂေလိကျမ်းလာ ကျမ်းပိုဒ်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ချို့တဲ့နွမ်းပါးသူများနှင့်နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ စက်တင်ဘာလကဖြစ် သည်။ စက်တင်ဘာလက မာသာရ်ထရေးဇာသီလရှင်များဟုလူသိများသော ‘ကရုဏာရေးသာသနာပြုသီလရှင်’ အသင်းမှကြီးကြပ်ဖွင့်လှစ်ထာသော နွမ်းပါးချို့တဲ့သူများစောင့် ရှောက်ထားသောဂေဟာသို့ကြွရောက်လည်ပတ် ခဲ့ သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့သူ့ကိုတွေ့နိုင်သည်ဖြစ်စေ၊ မတွေ့နိုင်သည်ဖြစ်စေ သူကျွန်ုပ်တို့၏အနီးအပါး၌ အစဉ်ရှိနေသည်။ သူသည်ကျွန်ုပ်တို့၏ဘ၀ခရီးလမ်းတလျှောက်၌ ကျွန်ုပ်တို့နှင့်အတူရှိနေမည်။ ဤအချက်ကို မမေ့ကြ ပါနှင့်။ အထူးသဖြင့်ခက်ခဲသောအချိန်ကာလကိုဖြတ်သန်းရချိန် ဤအချက်ကိုဆင်ခြင်၍ခွန်အားယူပါ။

ရဟန်းမင်းကြီးသည် ဥရောပတစ်ခွင်လူများစွာနှင့်တွေ့ဆုံမည်ဖြစ်သည်။ သူတို့၏ရင်ဖွင့်သံကိုနားထောင်မည်။ သူ တို့နှင့်အတူအချိန်ပေး၍ဆုတောင်းမည်။ အာစီစီမြို့သို့ ရဟန်းမင်းကြီး၏ယခုတစ်ကြိမ်ကြွရောက်ခြင်းသည် (၅) ကြိမ်မြောက်ဖြစ်ပါသည်။ နောက်ဆုံးတစ်ကြိမ်အာစီစီမြို့သို့ကြွရောက်ခဲ့သည့်အချိန်မှာ (အောက်တိုဘာ ၃၊ ၂၀၂၀) ‘Fratelli tutti’ ဟုအမည်ပေးထားသောစာချွန်တော်ကို လက်မှတ်ရေးထိုးရန်ကြွရောက်ခဲ့ခြင်းဖြစ်သည်။ ယခုအစီအစဉ်ကိုကြီးမှူးကျင်းပပေးသောအဖွဲ့အစည်းမှာ ပြင်သစ်နိုင်ငံမှ ‘Fratello’ အဖွဲ့ဖြစ်သည်။

‘Fratello’ သည် အီတလီစကားဖြစ်ပြီး ‘ညီအစ်ကိုများ’ ဟုအဓိပ္ပါယ်ရသည်။ ဤအဖွဲ့သည့် နွမ်းပါးချို့တဲ့သူများ၏အရေးကိုလုပ်ဆောင် နေသာအဖွဲ့ဖြစ်ပြီး၊ ကမ္ဘာတစ်၀ှမ်းလုံး၌ရှိသည်။ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ နွမ်းပါးချို့တဲ့သူများနေ့၌ ၄င်း တို့ကြည့်ရှုစောင့်ရှောက်ထားသောသူများအနက်နေရာဒေသအသီးသီးမှ ဦးရေ (၁၅) ဦးခန့် ရဟန်းမင်းကြီးနှင့်တွေ့ဆုံ ပွဲတွင်ခေါ်လာမည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of National Catholic Register

https://bit.ly/3C3OTNm

Add new comment

13 + 6 =