ပုပ်ဖရန်စစ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးရာထူးတာ၀န်မှအနားယူဖြစ်ပါက ဗာတီကန်တွင် နေထိုင်ဖြစ်မည်မဟုတ်ကြောင်း ခန့်မှန်းရ

ပုပ်ဖရန်စစ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးရာထူးတာ၀န်မှအနားယူဖြစ်ပါက ဗာတီကန်တွင် နေထိုင်ဖြစ်မည်မဟုတ်ကြောင်း ခန့်မှန်းရပုပ်ဖရန်စစ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးရာထူးတာ၀န်မှအနားယူဖြစ်ပါက ဗာတီကန်တွင် နေထိုင်ဖြစ်မည်မဟုတ်ကြောင်း ခန့်မှန်းရ

ပုပ်ဖရန်စစ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးရာထူးတာ၀န်မှအနားယူဖြစ်ပါက ဗာတီကန်တွင် နေထိုင်ဖြစ်မည်မဟုတ်ကြောင်း ခန့်မှန်းရဟုဆို

အနားယူရန်အစီအစဉ်ရှိသည် ဆိုသည့် ယူဆချက်ကို ပါပါးဖရန်စစ်က ထပ်မံငြင်းဆိုခဲ့ပြီး ထိုအရာသည် ယခုအချိန်ကာလအတွက် ဘုရားရှင်က သူ့အတွက် ခေါ်တော်မူသည့်အရာ မဟုတ်ကြောင်း သူခံစားရပါသည်ဟု မြွက်ကြားခဲ့ပါသည်။

စပိန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် Televisa-Univision နှင့် အင်တာဗျူးတွင် ပါပါးဖရန်စစ်က " ရဟန်းမင်းကြီး Benedict XVI ​၏ အနားယူခဲ့ခြင်းဖြစ်စဉ်သည် ကြီးမားသည့် ပုံစံကောင်း ပင်ဖြစ်ပြီး အကယ်၍ စိန့်ပီတာ​၏ အရိုက်ရာ ကိုဆက်ခံရာမှ အနားယူရန် နောက်ထပ် ပုပ်ရဟန်းမင်းကြီးတပါး ထပ်မံ ရွေးချယ်ခဲ့သည်ရှိသော် လက်ရှိအနားယူထားသည့် ရဟန်း မင်းကြီး​​၏ အခန်းကဏ္ဍသည် ပိုမို၍ရှင်းလင်းပြတ်သားရန် လိုအပ်ပါမည်ဟု " ဆွေးနွေးပြောဆိုခဲ့ပါသည်။

သူ့အနေနှင့်မူ အကယ်၍များ နောက်ဆုံးတွင် အနားယူခဲ့သည်ရှိသော် ရောမမြို့​၏ အနားယူထားသည့် ဆရာတော် ဖြစ်လာမည် ဖြစ်ပြီး ဗာတီကန်တွင် နေ့လိမ့်မည် မဟုတ်ဟု ခန့်မှန်းပြောဆိုထားပြီး၊ ယခင်ကအနားယူထားသည့် ပါပါးပေါလု ​၏ နေထိုင်ရာ ရောမမြို့ရှိ St.John Lateran in Rome ဘာဆီလီကာ သို့ ပြောင်းရွှေ့နိုင်ချေ ကို မေးမြန်းရာတွင်မူ ဤအရာသည် လည်း ဖြစ်နိုင်ချေ တခုပင်ဖြစ်ကြောင်း ပါပါးဖရန်စစ်က ဖြေကြားခဲ့သည်။

ထပ်မံပြီးပါပါးက "ကျွန်ုပ်ရဟန်းမင်းကြီး ဖြစ်မလာမီ အာဂျင်တီးနားနိုင်ငံတွင်ရှိစဉ် အနားယူပါက ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သည့် နာမကျန်းသူများထံ အကြည့်ရှု့သွားခြင်းနှင့် အာပါတ်ဖြေ နာထောင်ခြင်းများကို ပင်ဆက်လက်လုပ်ဆောင်သွားမည်ဟု" ထပ်လောင်း ပြောကြားခဲ့သည်။

ဥရောပတွင်ဖြစ်ပွားနေ့သည့် စစ်ပွဲ နှင့်ပါတ်သက်၍ ဆွေးနွေးပြောဆိုရာတွင် ဦးစွာပထမ ရုရှားနိုင်ငံသို့ မသွားရောက်ပဲ ယူကရိန်းနိုင်ငံသို့ သွားမည့်အကြောင်း နှင့် သန္ဓေသားဖျက်ချခြင်း ကို အားပေးထောက်ခံသည့် ကက်သလစ် နိုင်ငံရေးသမားများအနေနှင့် ကိုက်ညီမှု ရှိမရှိကို မိမိတို့​၏ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံပြောဆိုသင့်ကြောင်း ထောက်ပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက သူ​၏ ကိုယ်ပိုင်ဘဝ နေ့စဉ် ရှင်သန်ပုံ အသေးစိပ်ကို ဝေငှာရာတွင် -

နေ့စဉ် နံနက် ၄:၀၀ နာရီ နှင့် ၄:၃၀ နာရီ ကြားတွင် ဆုတောင်းခြင်းပြုရန် အိပ်ယာမှထကြောင်း၊ ၁၅ ရက်တကြိမ် ဖရန် စ္စကင် ရဟန်းတော်တပါးထံ ပုံမှန် အာပါတ်ဖြေလေ့ရှိကြောင်း ကိုလည်း ဝေငှပြောကြားခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3aGWUzc

Add new comment

9 + 10 =