ပုပ်ဖရန်စစ်သည် COP26 ထိပ်သီးအစည်းအဝေးအပေါ်မျှော်လင့်ချက်ထားကြောင်းဆိုခြင်း နှင့် ဟေတီ၊ ဗီယက်နမ်နှင့် စစ္စလီရှိ ရေဘေးသင့်ပြည်သူများအတွက်   ဆုတောင်းပေး

ပုပ်ဖရန်စစ်သည် COP26 ထိပ်သီးအစည်းအဝေးအပေါ်မျှော်လင့်ချက်ထားကြောင်းဆိုခြင်း နှင့် ဟေတီ၊ ဗီယက်နမ်နှင့် စစ္စလီရှိ ရေဘေးသင့်ပြည်သူများအတွက်   ဆုတောင်းပေး

ပုပ်ဖရန်စစ်သည် COP26 ထိပ်သီးအစည်းအဝေးအပေါ်မျှော်လင့်ချက်ထားကြောင်းဆိုခြင်း နှင့် ဟေတီ၊ ဗီယက်နမ်နှင့် စစ္စလီရှိ ရေဘေးသင့်ပြည်သူများအတွက်   ဆုတောင်းပေး

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗီယက်နမ်နှင့် အီတလီနိုင်ငံ Sicily ကျွန်းမှ ရေဘေးသင့် ဒုက္ခသည်များအား ကိုယ်ချင်းစာကာ စိတ်မကောင်းဖြစ်မိကြောင်း၊ အုပ်စုဖွဲ့အကြမ်းဖက်မှုများ မြင့်တက်လာသည်နှင့်အမျှ ပြည်သူများအား ကာကွယ်ရန် ဟေတီအရပ်ဘက်အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။ ထို့အပြင်  COP26 က ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာဖြေရှင်းပေးမည်ဟု မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ လူထုနှင့် တွေ့ဆုံရာ စိန့်ပီတာ့ရင်ပြင်၌  ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူ၏ ပထမဆုံး မေတ္တာရပ်ခံချက်ကို ဤသို့ဖော်ပြခဲ့သည်။

" အနည်းဆုံး လူတစ်ဦးသေဆုံးပြီး လူ ၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည့် ဗီယက်နမ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကျွန်ုပ် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

"ကျွန်ုပ်၏ဆုတောင်းချက်များနှင့် အတွေးအမြင်များသည် ဒုက္ခရောက်နေသော မိသားစုများနှင့် အတူရှိနေပြီး၊ ဤအရေးပေါ်အခြေအနေအား တုံ့ပြန်ဆောင်ရွက်နေသော အရပ်ဘက်နှင့် ဒေအတွင်းရှိ အသင်းတော်အာဏာပိုင်များအတွက် ကျွန်ုပ်၏အားပေးမှုလည်း ဖြစ်သည်" ဟူ၍ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ဗီယက်နမ်အလယ်ပိုင်း၌ ရေလွှမ်းမိုးခြင်းသည် အရှေ့တောင်အာရှနိုင်ငံတစ်ဝှမ်းသို့ ရွေ့လျားသွားသည့် အပူပိုင်းမုန်တိုင်းကြောင့် ဖြစ်ဖွားခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဆိုးရွားသော ရာသီဥတုဒဏ်ကို ကြုံတွေ့ခဲ့ရသည့် အီတလီ တောင်ပိုင်း Sicily ကျွန်းရှိ လူများနှင့် နီးကပ်စွာ ရှိကြောင်း ပြောကြားခဲ့သည်။

“မီဒီကိန်း” သို့မဟုတ် မြေထဲပင်လယ် ဟာရီကိန်း သည် စစ္စလီ အရှေ့ဘက် ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနည်းဆုံးလူ ၃ ဦး သေဆုံး ခဲ့သည်။

"ဟေတီကို မစွန့်လွှတ်ပါနဲ့။"

ထို့နောက် ပုပ်ရဟန်းမင်းကြီးသည် “နယ်နိမိတ်စည်းမျဥ်းများတွင် နေထိုင်ကြသော ဟေတီလူမျိုးများကို အာရုံစိုက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

“နိုင်ငံအသီးသီးမှ အာဏာပိုင်များအား ဤနိုင်ငံကို ကူညီပေးဖို့နှင့် သူတို့ကို တစ်ယောက်တည်း မထားခဲ့ဖို့ တောင်းဆိုသည်သာမက ဟေတီပြည်သူများအတွက် ဆုတောင်းပေးရန် လူတိုင်းကို တောင်းဆိုကြောင်း၊ သူတို့ကို မစွန့်ပယ်ရန်နှင့်၊ သမ္မတ Jovenel Moise လုပ်ကြံခံရပြီးနောက် မကြာသေးမီလများအတွင်း အကြမ်းဖက်မှုနှင့် လူဆိုးဂိုဏ်းဆက်နွှယ်သည့် လှုပ်ရှားမှုများသည် ထိန်းချုပ်နိုင်စွမ်း၏ တဖက်စည်း၌ ရောက်ရှိနေပြီဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ဥပမာတစ်ခုအနေနှင့်၊ ခရစ်ယာန်သာသနာပြု ၁၇ ဦးအား "ပေါ့တ်-အော်-ပရင့်စ်( Port-Au-Prince)" မြို့တော်ရှိ အင်အားကြီးဂိုဏ်းတစ်ခုမှ ပြန်ပေးဆွဲခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်အတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း တောင်းဆိုထားကြောင်း ၎င်းတို့လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မိန့်ကြားခဲ့သည်။

"COP26- မြေကြီးနှင့် ဆင်းရဲသားများ၏ အော်ဟစ်သံကို နားစွင့်ကြပါ"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် Glasgow တွင်ကျင်းပသည့် COP26 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးတနင်္ဂနွေညနေခင်းတွင် ဖွင့်လှစ်ခြင်းကို ပြန်လည်အမှတ်ရခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်နှင့် ကမ္ဘာကြီးပူနွေးလာမှုကို ကန့်သတ်ရန် ကြိုးပမ်းမှုများကို စတင်ရန်အတွက် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ သတင်းသမားများနှင့် အခြားသူများ ၃၀,၀၀၀ ကျော်သည် စကော့တလန်မြို့၌ စုဝေးခဲ့ကြသည်။

“ကမ္ဘာမြေကြီး၏ငိုကြွေးသံနှင့် ဆင်းရဲသားတို့၏အော်ဟစ်သံကို ကြားနိုင်ရန် ဆုတောင်းကြပါစို့။ ဤတွေ့ဆုံမှုသည် ထိရောက်သည့် တုံ့ပြန်မှုကို ပေးစွမ်းနိုင်ပြီး အနာဂတ်မျိုးဆက်သစ်အတွက် ခိုင်မာသည့် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ပါစေ။ ” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

 

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

https://bit.ly/3nNQFME

Add new comment

4 + 7 =