ပုပ်ဖရန်စစ်သည် ‘မေ - စိတ်ပုတီးလ’ ကိုစိတ်ပုတီးစိပ်၍အဆုံးသတ်

ပုပ်ဖရန်စစ်သည် ‘မေ - စိတ်ပုတီးလ’ ကိုစိတ်ပုတီးစိပ်၍အဆုံးသတ်

ပုပ်ဖရန်စစ်သည် ‘မေ - စိတ်ပုတီးလ’ ကိုစိတ်ပုတီးစိပ်၍အဆုံးသတ်

            အမိကက်သလစ်သာသနာတော်ကြီးအား ဦးစီးဦးဆောင်ခဲ့သောရဟန်းမင်းကြီးအပါးတိုင်း အမိမယ်တော်အား သဒ္ဓါကြည်ညိုခြင်းကိုအားပေးအားမြောက်ပြုခဲ့ကြသည်။ ၄င်းတို့အနက် စိတ်ပုတီးစိတ်၍ကြည်ညိုခြင်းပြခြင်းကိုမူ အပါ တိုင်းပြုခဲ့သော အစဉ်အလာကောင်းတစ်ခုဖြစ်သည်။

            ရဟန်းမင်းကြီးဖရန်စစ်သည်လည်း အမိမယ်တော်ကို အလွန်သဒ္ဓါကြည်ညိုသောရဟန်းမင်းကြီးတစ်ပါးဖြစ် သည်။ သူသည် ပြည်ပသို့တမန်တော်ခရီးမကြွမီ၊ သို့မဟုတ် ကြွရောက်ပြီးနောက် ဗာတီကန်သို့ပြန်ရောက်လာသောအခါ ရောမမြို့တွင်းရှိ ဘာစီးလီကာဘုရားကျောင်းကြီး (၄) ဆောင်အနက် ‘ဆာတာမာရီးယာမာဂျိုးရယ်’ (အမိမယ်တော်) ၏ ဘာစီးလီကာဘုရားကျောင်းကြီးသို့ကြွသွားပြီး အမိမယ်တော်၏ဆင်းတုတော်ရှေ့၌ ခရီးစဉ်ဘေးကင်းလုံခြုံစေရန်၊ အောင်မြင်စေရန်ဆုတောင်းခြင်း၊ သို့မဟုတ်အောင်မြင်ခဲ့သည့်အတွက်ကျေးဇူးဆပ်တင်ရန်အမြဲကြွရောက်လေ့ရှိသည်။

            ယခုနှစ်မေလနောက်ဆုံးရက်ကိုလည်း ရဟန်းမင်းကြီးဖရန်စစ်သည် မကြာမီကပထမကိုယ်တော်မြတ်ပင့်ခဲ့သော ကလေးများ၊ မကြာမီက လက်ထပ်ထိမ်းမြှားခြင်းစက္ကရာမင်တူးခံယူထားသော အိမ်ထောင်သည်များနှင့်အတူကင်း ထောက်များ၊ ကင်းထောက်ကလေးများ၏မိသားစုများ၊ သူတော်စင်များနှင့်အတူမေလတစ်လလုံး မတူညီသောရည်ရွယ် များ၊ မတူညီသော ကမ္ဘာပေါ်ရှိမယ်တော်ဂူများမှထုတ်လွှင့်ဆုတောင်းခဲ့သည့် တစ်လတာ၏အစီအစဉ်ကို ဗာတီကန်ဥ ယျာဉ်တွင်းရှိ ရဟန်းမင်းကြီး၏မယ်တော်ဂူ၌ စုပေါင်း၍စိတ်ပုတီးစိတ်ကာအဆုံးသတ်ခဲ့ကြသည်။     

ဆုတောင်းရာလ

            ဧပြီလအဆုံး၌ ရဟန်းမင်းကြီးသည် ကမ္ဘာပေါ်ရှိကက်သလစ်ဘာသာ၀င်များအား အမိသာသနာတော်ကြီး၏အ စဉ်အလာဖြစ်သည့် မေလတစ်လလုံး၌ စိတ်ပုတီးကိုစိတ်ကြရန်၊ စိတ်ပုတီးစိတ်ရာ၌ ထားရှိရမည့်အဓိကရည်ရွယ်ချက်မှာ ကမ္ဘာကြီးအားခြိမ်းခြောက်နေသော ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီးအမြန်အဆုံးသတ်ရန်၊ နေ့စဉ်အလုပ်အကိုင်များ၊ လူ မူ‌ရေးလုပ်ငန်းများကိုပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်သွားလာနိုင်ရန်ဆုတောင်းကြပါဟုတိုက်တွန်းခဲ့သကဲ့သို့ ရဟန်းမင်း ကြီးကိုယ်တိုင်လည်း မေလ (၁) ရက်နေ့မှစ၍ သူကိုယ်တိုင်ပုတီးကိုင်၍ဦးစီးစိတ်ခဲ့သည်။ မေလ (၃၁) ရက်နေ့၌လည်း ရ ဟန်းမင်းကြီးသည် သူကိုယ်တိုင်ဦးဆောင်၍ ဗာတီကန်ဥယျာဉ်အတွင်းရှိ Our Lady Untier of Knots  (အထုံးအဖွဲ့များကို မမောမပန်းဖြေပေးသောမယ်) မယ်တော်ဂူရှေ့၌လူထုနှင့်အတူစိတ်ခဲ့သည်။ ထိုမယ်ကိုလည်း ရဟန်းမင်းကြီးတထူးတ ခြားကြည်ညိုသည်။       

အထုံးအဖွဲ့များကို မမောမပန်းဖြေပေးသောမယ်

            ဤမယ်တော်ဂူအတွက် ဆင်းတုတော်အသစ်ကို ဂျာမဏီနိုင်ငံ၊ Augsburg မှပင့်လာသောဆင်းတုတော်ကိုကောင်း ကြီးပေးထားရှိမည်ဖြစ်သည်။ ယခင်ဆင်းတုတော်သည်လည်း ဂျာမဏီနိုင်ငံမှပန်းပုဆရာ၏လက်ရာပင်ဖြစ်သည်။ အဆို ပါအခမ်းအနားကို Augsburg သာသနာ၏ဆရာတော် Bertram Joannes Meier ကစီတန်းလှည့်လည်ခြင်းကိုဦးဆောင်ပေး ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်မှ စိတ်ပုတီးစိတ်ခြင်းကိုအစပြုလိုက်ပြီး၊ စိတ်ပုတီးတစ်ဆယ်စီကိုမူ သတ်မှတ်ထားသော ပါ၀င်သည့် အသင်းအဖွဲ့များက ဆက်လက်ရွတ်ဆိုပူကြသည်။ စိတ်ပုတီးတစ်ဆယ်စီ၏အစ၌ ရည်ရွယ်ချက်များထားရှိဆု တောင်းခဲ့ကြ‌သည်။ ရည်ရွယ်ချက်များမှာ (၁) ဆက်ဆံရေး၌အဖုအထစ်များဖြစ်ခဲ့ခြင်းကိုဖြေပေးရန်၊ (၂) အလုပ်အကိုင်မဲ့ နေသူများအတွက်၊ (၃) အကြမ်းဖက်ခံရသူများအတွက်၊ (၄) မကျန်းမာသူများနှင့်ဘ၀မရေမရာဖြစ်နေသူများအတွက်၊ (၅) တမန်တော်လုပ်ငန်းများလုပ်ဆောင်နေကြသူများအတွက်ဟု ရည်ရွယ်ချက်အသီးသီးထားရှိဆုတောင်းပူဇော်ပေးခဲ့ပါ သည်။   

ကမ္ဘာတစ်၀ှမ်းလုံးအတွက်ဆုတောင်းခြင်း

           ကမ္ဘာကြီးတစ်၀ှမ်းလုံးအတွက်ရည်စူး၍ကျင်းပသောထိုမေလ (၃၁) ရက်၊ တနလ်ာနေ့ဆုတောင်းခြင်းအစီအစဉ် သည် ဗာတီကန်၏မယ်တော်ဂူမှတိုက်ရိုက်ထုတ်လွှင့်ခြင်း၌ အတူတကွပါ၀င်ဆုတောင်းခဲ့ကြသည်။ ပြင်သစ်၊ ဂျာမဏီ၊ ရ၀မ်ဒါ၊ ချီလီ၊ စပိန်၊ စကော့တလန်၊ ပါရာဂွေး၊ အီတလီနှင့်ဒေသစံတော်ချိန်မကွာလှသောနိုင်ငံများရှိ မယ်တော်ဂူ၌စုရုံး ရောက်ရှိနေသော ဘာသာတူများအားလုံးလည်း အတူတကွစိတ်ပုတီးစိတ်ခြင်း၌ပါ၀င်ခဲ့ကြသည်။ ထိုဆုတောင်းခြင်းအစီ အစဉ်၏အဆုံးသတ်၌ ရဟန်းမင်းကြီးဖရန်စစ်က သစ်လွင်စွာပြန်လည်ထားရှိကြည်ညိုမည့် မယ်တော့်ဆင်းတုတော်အား သရဖူကိုဆောင်းပေးခဲ့ပြီး၊ အမိမယ်တော်ကဲ့သို့ကျွန်ုပ်တို့အလည်း မိမိတို့ကိုယ်ကိုဘုရားသခင်၏အစေကိုခံကြရန်၊ မိမိနှင့် နီးစပ်သောသူတို့၏လိုအပ်ချက်များကိုလည်း မတွန့်မတိုဘဲကူညီနိုင်ရေး အပ်နှံပူဇော်ကြရန်တိုက်တွန်းခဲ့သည်။ ထို့ နောက် ရဟန်းမင်းကြီးက ကောင်းကြီးပေးပြီး၊ မေလတစ်လလုံးပြုလုပ်ခဲ့သော ‘မာရာသွန်စိတ်ပုတီးစိတ်ခြင်းအစီအစဉ်’ ၌ ဘုရား၏မယ်တော်ထံ မည်သည့်နိုင်ငံ၊ ဒေသ၌ရှိစေကာမူ တစ်သံတည်းကြွေးကျော်ဆုတောင်းခြင်း၌ပါ၀င်ခဲ့ကြသူများ အားလုံးကိုကျေးဇူးတင်ကြောင်း၊ ဆက်လက်၍ သခင်သည် ကမ္ဘာကြီးအားကပ်ရောဂါဆိုးကြီးမှလည်းကောင်း၊ ကျွန်ုပ်တို့ တစ်ဦးစီအားလည်းကောင်းကာကွယ်ရန်ဆက်လက်ဆုတောင်းကြပါစို့ဟုအားပေးတိုက်တွန်းရင်းနိဂုံးချုပ်ခဲ့သည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် 

https://bit.ly/2RY6Uem

Add new comment

10 + 9 =