ပုပ်ဖရန်စစ်သည် (၃၈) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့အတွက် လာမည့်ဩဂုတ်လ၌ပေါ်တူဂီသို့ကြွရောက်မည်။

ပုပ်ဖရန်စစ်သည် (၃၈) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့အတွက် လာမည့်ဩဂုတ်လ၌ပေါ်တူဂီသို့ကြွရောက်မည်။

(မေလ ၂၂) က ဗာတီကန်နှင့်ပေါ်တူဂီနိုင်ငံ၏တာ၀န်ရှိသူတို့က ရဟန်းမင်းကြီးဖရန်စစ်သည် (၃၈) ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့အခမ်းအနားအတွက်ပေါ်တူဂီနိုင်ငံသို့ လာမည့်ဩဂုတ်လ၌ကြွရောက်မည်ဖြစ်ကြောင်းအတည်ပြုထုတ်ပြန်လာသည်။

ကမ္ဘာ့လူငယ်များနေ့သည် ဩဂုတ်လ (၂ မှ ၆) အထိကျင်းပမည်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း ဩဂုတ်လ (၅) ရက်နေ့၌ ဖာတီမာမယ်တော်ထံသို့လည်းဘုရားဖူးကြွရောက်မည်။ ပေါ်တူဂီကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှထုတ်ပြန်သောရေဒီယိုသတင်းအရ ရဟန်းမင်းကြီးသည် ပေါ်တူဂီနိုင်ငံ၌ (၅) ရက်တာသီတင်းသုံးမည်ဖြစ်ပြီး လူမှုစီးပွားရေးကြပ်တည်းနေမှုနှင့်ယဉ်ကျေးမှုနှင့်ပတ်သက်ဆက်နွယ်မှုအခြေအနေကိုလေ့လာသွားမည်ဖြစ်သည်ဟုဆိုပါသည်။

ဖာတီမာမယ်တော့်ဗိမာန်သို့ရဟန်းမင်းကြီးဖြစ်လာပြီးနောက် ဒုတိယအကြိမ်ကြွရောက်ခြင်းဖြစ်လိမ့်မည်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် (၂၀၁၇၊ မေလ ၁၂ - ၁၃) အထိကြွရောက်ခဲ့ဖူးသည်။ ထိုနှစ်သည် ဖာတီမာမယ်တော်ကိုယ်ထင်ရှားပြသည့် နှစ် (၁၀၀) ပြည့်နှစ်ပတ်လည်နှစ်လည်းဖြစ်ခဲ့သည်။ ထို့အတူရဟန်းမင်းကြီးဖြစ်လာပြီးသည့်နောက်ပိုင်း (၄) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့သို့ကြွရောက်ခြင်းလည်းဖြစ်သည်။

ပထမဦးဆုံးသောကမ္ဘာ့လူငယ်များနေ့ကို (၂၀၁၃) Rio de Janeiro ၌လည်းကောင်း၊ (၂၀၁၆) Krakow ၌လည်းကောင်း၊ (၂၀၁၉) ပါနားမား အသီးသီးဖြစ်ပါသည်။ အမှန်ဆိုသော် (၂၀၂၂) ခုနှစ်က ကျင်းပရန်ရှိခဲ့သော ဤကမ္ဘာ့လူငယ်များတွေ့ဆုံနှီးနှောဖလှယ်သည့်အစီအစဉ်သည် အခြေ အနေကြောင့် ယခုနှစ် (၂၀၂၃) အထိရွေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ယခုနှစ် ကမ္ဘာ့လူငယ်များနေ့၏ဆောင်ပုဒ်မှာ 'Visitation' (အမိမယ်တော်မှအဲလစ်ဇဘက်ထံသို့သွားရောက်လည်ပတ်ခြင်း) သံလုကာ၏ကျမ်းစာမှထုတ်နုတ်ထားခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဩဂုတ်လ (၆) ရက်နေ့ညနေပိုင်း၌ ကမ္ဘာ့လူငယ်များနေ့ ပိတ်ပွဲကျေးဇူးတင်မစ္ဆားကို ကမ္ဘာ့နိုင်ငံအသီးသီးမှလူငယ်များနှင့်တင်လှူပူဇော်မည်ဖြစ်သည်။ ဤပွဲတော်ကို ပေါ်တူဂီနိုင်ငံ၏မြို့တော် Lisbon မြို့၏ ဆင်ခြေ ဖုံး၌ကျင်းပမည်ဖြစ်သည်။

ဤကမ္ဘာ့လူငယ်များနေ့ပွဲကို ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မှ (၁၉၈၅) တွင်သတ်မှတ်ကျင်းပလာခဲ့ရာ ယခုတစ်ကြိမ်သည် (၃၈) ကြိမ်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့လူငယ်များစွာဆုံဆည်းကြမည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3WxWkY0

Add new comment

4 + 3 =