ပုပ်ဖရန်စစ်သည် (၂၀၂၅) ၌ကျင်းပမည့်ဂျူဗလီရက်စွဲကိုတရား၀င်ကြေညာ

ပုပ်ဖရန်စစ်သည် (၂၀၂၅) ၌ကျင်းပမည့်ဂျူဗလီရက်စွဲကိုတရား၀င်ကြေညာ

ကာဒီနယ်များ၊ ဆရာတော်များနှင့်ဘုရားဖူးများသည် (၂၀၂၅) ခုနှစ်၌ကျင်းပမည့်ဂျူဗလီရက် စွဲကိုရဟန်းမင်းကြီးမှကြေညာရန်ရှိသောကြောင့် စိန့်ပီတာဘာစီးလီကာ
ဘုရားကျောင်းကြီး၌စိတ်လှုပ်ရှားစွာစောင့်စားနေခဲ့ကြသည်။

ရဟန်းမင်းကြီးဖရန်စစ်က ကျွန်ုပ်အနေဖြင့် ရဟန်းမင်းကြီး၏ဘာစီးလီကာဖြစ်သော စိန့်ပီတာဘုရားကျောင်းကြီး၏တာ၀န်ခံရဟန်းချုပ်များ၊ ကမ္ဘာတစ်၀ှမ်း၌ရှိနေကြသော ဘုရားကျောင်းများ၏တာ၀န်ခံကိုယ်စားလှယ်များအား ‘Spes non confunit’ (Hope is not confused – မျှော်လင့်ခြင်းသည်ရှုပ်ထွေးစေမည်မဟုတ်) ဟုအမည်ပေးထားသောစာချွန်တော်ကို (၂၀၂၅) ဂျူဗလီပွဲအတွက်ဖြန့်‌ေ၀ပေး လိုက်ပါသည် ဟုကြေညာခဲ့သည်။

ဤကြေညာစာကို ရဟန်းမင်းကြီး ၏စာချွန်တော်ဟုခေါ်ပါသည်။ ဤစာ၌ (၂၀၂၅) ခုနှစ်၏ ဂျူဗလီပွဲတော်ကြီးကို (ဒီဇင်ဘာ ၂၄) ရက်နေ့၌ စိန့်ပီတာရှိဂျူဗလီတံခါးကိုခမ်းနားစွာဖွင့်လှစ်သွားမည်ဖြစ် သည်။ ထိုတံခါးသည် လာမည့် (ဇန္န၀ါရီ ၆၊ ၂၀၂၆) ရက်နေ့အထိဖွင့်လှစ်ထားမည်ဖြစ်သည်။

ကမ္ဘာတစ်၀ှမ်းရှိ ဘုရားကျောင်းကြီးများ၌မူ ဂျူဗလီတံခါးဖွင့်ပွဲကို (ဒီဇင်ဘာ ၂၉) နေ့၌ ကျင်းပနိုင်ပါသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ဂျူဗလီနှစ်စတင်ဖွင့်လှစ်ကြောင်းကြေညာပြီးသည်နှင့်ည နေဆုတောင်းမေတ္တာကိုဦးဆောင်ရွတ်ဆိုပူဇော်မည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်၏ညနေဆုတောင်းမေတ္တာ၏ထောက်ရူချက်၌ ဤဂျူဗလီနှစ်ကိုအကျိုးရှိစွာအသုံးချ၍ ‘စိတ်ပျက်စရာများနှင့်ပြည့်နက်နေသော ကမ္ဘာကြီးအား မျှော်လင့်ခြင်းကိုသီဆိုပြနိုင်သူများဖြစ်ကြပါ’ ဟုထောက်ရူတိုက်တွန်းသွားမည်ဖြစ်သည်။
မတရားမှုနှင့်မာနတရားသည်တင်းမာနေသကဲ့သို့ နွမ်းပါးခြို့တဲ့သူများသည်ပစ်ပယ်မေ့ပျောက်ခြင်းကိုခံနေကြရသည်။ စစ်ပွဲများသည် သေခြင်းမျိုးစေ့များကိုကြဲနေကြသည်။ ကျွန်ုပ်တို့၏အသိပ်ငယ်ဆုံးသော ညီအစ်ကိုများသည်တောင်ပုံရာပုံပုံနေသော အပျက်အစီးများအောက်၌စုပ်စုပ်မြှုပ်နေကြရသည်။ ညီအစ်ကိုရင်းစိတ်ဓာတ်ဖြင့်တည်ဆောက်မည်ဟုကြွေးကြော်ထားသောကမ္ဘာကြီးသည် လက်တွေမဆန်သောစိတ်ကူးသက်သက်ကဲ့သို့ဖြစ်နေသည်။

မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့လူငယ်များအတွက်လိုအပ်သည်။ ထိုမျှော်လင့်ခြင်းသည် တစ်ခါတစ်ရံ၌ ရောထွေး၊ ရှုပ်ထွေးသွားတတ်သည်။ မသေမချာ၊ မရေမရာဖြစ် သွားတတ်သည်။ သို့သော် နှစ်လိုပျော်ရွှင်သောဘ၀၊ ပြည့်စုံသောဘ၀ကိုရယူရန်မျှော်လင့်ရမည်။
မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏သက်ကြီးရွယ်အိုများလည်းလိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သက်ကြီးရွယ်အိုများအားလေးစားသမှုပြုခြင်းမရှိ။ နားထောင်နာခံခြင်းမရှိဘဲ ကိုယ်သိ၊ ကိုယ်တတ်ပြီး အဘယ်သူ့ကိုမျှရိုကျိုးခယစရာမလိုသည့်ယဉ်ကျေးမှုထွန်းကားလာနေပါသည်။

စာချွန်တော်၌ ရဟန်းမင်းကြီးအနေဖြင့် မျှော်လင့်ခြင်းသည် မြင်သာသိသာ၊ လက်တွေ့ကျသောသက်ေတဖြစ်စေရန်ရဟန်းမင်းကြီးကထပ်မံတိုက်တွန်းထားသည်။ အထူးသဖြင့် ဤဂျူဗလီကာလအဖြစ်သတ်မှတ်ထားသောအတောအတွင်း၌ လူများအား ဆေးရုံများသို့သွားရောက်လည်ပတ်ကြည့်ရူအား ပေးကြရန်နှင့်ထို့အတူ အကျဉ်းထောင်များသို့လည်းသွားရောက်လည်ပတ်ကြည့်ရူနိုင်ရန် အကျဉ်းဦးစီးဌာနအနေဖြင့်လည်း အထူးခွင့်ပြုချက်များကိုစီစဉ်ပေးနိုင်ရန်ပန်ကြားတိုက်တွန်းထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/1c5B
 

Add new comment

3 + 3 =