ပုပ်ဖရန်စစ်သည် ဧ၀ံဂေလိပြန့်ပွားရေးရုံးတော်၏အတွင်းရေးမှူးတာ၀န်ကိုနိုင်ဂျီးရီးယားဆရာတော်အားခန့်အပ်

ရဟန်မင်းကြီးဖရန်စစ်သည် ဧ၀ံဂေလိပြန့်ပွားရေးရုံးတော်၏အတွင်းရေးမှူးတာ၀န်ကိုနိုင်ဂျီးရီးယားဂိုဏ်းချုပ်ဆရာတော်တစ်ပါးအားခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုင်ဂျီးရီးယားမှဂိုဏ်းချုပ်ဆရာတော် Fortunatus Nwachukwu အားဧ၀ံဂေလိပြန့်ပွားရေးရုံးတော်၏အတွင်းရေးမှူးအဖြစ်ခန့်အပ်ခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် သက်တော် (၆၂) နှစ်ရှိပြီး ရွေ့ပြောင်းများဆိုင်ရာအဖွဲ့အစည်း၌ဗာတီကန်၏ကိုယ်စားလှယ်ဖြစ်ဖြစ်သည်။

(ဒီဇင်ဘာ ၁၇၊ ၂၀၂၁) မှစ၍ ဂိုဏ်းချုပ်ဆရာတော်သည် ကုလ၌ဗာတီကန်၏အမြဲတန်းလေ့လာသူအဖြစ်လည်းကောင်း၊ ဂျက်နီဗာပဋိညာဉ်ဆိုင်ရာအထူးလေ့လာအဖွဲ့နှင့်ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာအဖွဲ့များ၌ ဗာတီကန်ကိုယ်စားလှယ်အဖြစ်တက်ရောက်နေခဲ့သူဖြစ်သည်။

သူ့အား (မေ ၁၀၊ ၁၉၆၀) တွင်မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာကို (ဇွန် ၁၇၊ ၁၉၈၄) နိုင်ဂျီးရီးယားနိုင်ငံ၊ Umuahia သာသနာ၌ခံယူခဲ့သည်။ (ဧပြီ ၂၊ ၁၉၉၀) ခုနှစ်တွင် Aba သာသနာပိုင်ဘုန်းတော်ကြီးအဖြစ်အပြီးအပိုင်ပြောင်းရွေ့ခဲ့သည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ကသူ့အား နီးကာရာဂွာ၏ရဟန်း မင်းကြီးကိုယ်စားလှယ်အဖြစ် (၂၀၁၂) ခုနှစ်တွင်ခန့်အပ်ခဲ့သည်။ ထို့အတူ Trinidad နှင့်Tobago၊ Barbados၊ Dominica၊ Jamaica၊ Saint Kitts၊ Nevis၊ Saint Vincent၊ Grenadines, Guyana, Saint Lucia, Grenada, Bahamas, Suriname, and Belize နိုင်ငံများ၌လည်း ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ်အမှုတော်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3TKJ9Sa

Add new comment

3 + 0 =