ပုပ်ဖရန်စစ်သည် အဲလစ်ဇဘက်ဘုရင်မ၏ ယုံကြည်ခြင်းကိုချီးမွမ်း

ပုပ်ဖရန်စစ်သည် အဲလစ်ဇဘက်ဘုရင်မ၏ ယုံကြည်ခြင်းကိုချီးမွမ်း

ပြီးခဲ့သော ကြာသပတေးနေ့၊ စက်တင်ဘာလ (၈) ရက်နေ့က ရဟန်းမင်းကြီးသည် ဒုတိယမြောက်အဲလစ် ဇဘက်ဘုရင်မ နတ်ရွာစံသွားခြင်းအတွက်၀မ်းနည်းကြောင်းနှင့်ဆုတောင်းပေးပါကြောင်းသံကြိုးစာကို ဗြိတိန်၏ဘုရင်သစ်ဖြစ်သော ဘုရင်ချားလ်စ် (၃) ထံပေးပို့ခဲ့သည်။

ဘုရင်မသည် ဗြိတိန်မင်းဆက်အနက် နန်းသက်အရှည်ဆုံးလည်းဖြစ် ခဲ့သည်။ သူသည် အင်္ဂလန်သာသနာ၏ခေါင်းဆောင် လည်းဖြစ်ပြီး နတ်ရွာစံချိန်၌ (၉၆) နှစ်ရှိပြီဖြစ်သည်။

သံကြိုးစာထဲ၌ ဘုရင်မ၏နတ်ရွာစံခြင်းသတင်း ကြားသိရ၍ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ တော်၀င်မိသားစု၊ ဗြိတိန်နိုင်ငံသားများနှင့်ထပ်တူခံစားရကြောင်း ဘုရင်အသစ်ချားလ်စ် (၃) ထံရေးသားပေးပို့ခဲ့သည်။

ဘုရင်မကြီးအ တွက်ငိုကြွေးပူဆွေးနေသူများအားလုံးနှင့်လည်းထပ်တူခံစားပါကြောင်းနှင့်ဘုရင်မ၏ထာ၀ရငြိမ်းချမ်းသာယာခြင်းသုခခံ စားရရန်လည်းဆုတောင်းပေးပါကြောင်း၊ တာ၀န်အပေါ်သူ၏သစ္စာရှိမှုပုံစံကောင်း၊ ယေဇူးခရစ္စတူးသခင်၌ထားရှိသောသူ ၏တည်ကြည်သောယုံကြည်ခြင်းနှင့်သူ၏ကတိစကား၌ခိုင်မာစွာယုံကြည်ခြင်းတို့သည် ပုံတုယူဖွယ်ဖြစ်ရသည်ဟုဆိုသည်။

ဘုရင်မသည် သရဖူကို (၁၉၅၂) နှစ်ကခံယူခဲ့ပြီး၊ သူ၏နန်းသက်တစ်လျှောက်၌ ရဟန်းမင်းကြီး (၅) ပါးနှင့်တွေ့ ဆုံခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်နှင့်မူ ((၂၀၁၄၊ ဧပြီလ) က ဗာတီကန်၌ တွေ့ဆုံခဲ့သည်။ ၄င်းတို့နှစ်ဦး၏တွေ့ဆုံခဲ့ခြင်း သည် ဗာတီကန်နှင့်ဗြိတိန်နိုင်ငံတို့ကြား သံခင်း တမန်ခင်းပြန်လည်တည်ဆောက်ခြင်း နှစ် (၁၀၀) ပြည့်နှစ်ပတ်လည်နှစ် ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် နတ်ရွာစံသွားသော မိခင်ဘုရင်မကြီး၏၀ိညာဉ်အတွက်ဆုတောင်းပေးမည်ဖြစ်ကြောင်း ဘုရင်မ၏သားတော် ချားလ်စ်ဘုရင် (၃) အားမိန့်ကြားရင်း သူ၏သံကြိုးစာကိုအဆုံးသတ်ထားသည်။

သူ၏ဝိညာဉ်အား အလွန်ကောင်းမြတ်သော ကောင်းကင်ရှင်ခမည်းတော်အားအပ်နှံပူဇော်တောင်းလျှောက် ပေးပါသည်။ ထို့အတူ အားလုံးစုံကိုတတ်နိုင်သောဘုရားသခင်သည် ဘုရင်သစ်အားလည်း ထမ်းဆောင်ရသောတာ၀န်ကိုကျေပြွန်စွာထမ်းဆောင်နိုင်ရန် သူ၏ကောင်းကြီးတော်ကို မုချဧကန်ချီးမြှင့်ပေးသနားမည် ဖြစ်ကြောင်း၊ ဘုရင်သစ်နှင့်အတူနတ်ရွာစံသွားသော ဘုရင့်မိခင်ကြီးအားချစ်ခင်ကြသောသူအားလုံးအပေါ် ကြွယ်၀ သောကောင်းနှင့်နှစ်သိမ့်ခြင်းခွန်အားများခံစားရစေရန် ဘုရားသခင်ထံမှဆုတောင်းပေးမည်ဖြစ်ကြောင်းရေးသားထားပါသည်။

ယခုနှစ်ဇွန်လက ရဟန်းမင်းကြီးဖရန်စစ်မှဘုရင်မ၏ နန်းသက် (၇၀) ပြည့်နှစ်ပတ်လည်အတွက်ဂုဏ်ပြုဆုတောင်းလွှာပေးပို့ခဲ့သေးသည်။ ဘုရင်မသည် အင်္ဂလီကန်အသင်းတော်ဥသျှောင်အဖြစ်ဦးဆောင်ခဲ့သည်။ သူသည် ‘Defender of the Faith and Supreme Governor of the Church of England’ (ယုံကြည်ခြင်းကိုကာကွယ်သူနှင့်အင်္ဂ လန်အသင်းတော်၏အမြင့်ဆုံးကြီးမှူးအုပ်ချုပ်သူ) ဘွဲ့တံဆိပ်ကိုခံယူထားသူလည်းဖြစ်သည်။ ဤတံဆိပ်ကို ဟင်နရီဘု ရင် (၈) လက်ထက်မှစ၍ ဆက်ခံလာခဲ့သောဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည်။ ဤဂုဏ်ထူးဆောင်တံဆိပ်ကြောင့်ပင်လျှင် အင်္ဂလန်အသင်းတော်အတွင်း ဂိုဏ်းချုပ်ဆရာတော်များ၊ ဆရာတော်များ၊ အင်္ဂလီကန်အသင်းတော်အားစောင့်ရှောက် မည့်သူများ၊ ဘာသာရေးအခမ်းအနားများ၌ဦးဆောင်မည့်ဘာသာရေးခေါင်းဆောင်များကို သူကိုယ်တိုင်စီစစ်ရွေးချယ် လေ့ရှိသည်။

ဘာသာရေးနှင့်ပတ်သက်၍ အင်္ဂလိကန်ဘာသာ၀င်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေသူ၏ထောက်ခံမှုကိုရယူရသည်။ သူသည် ခရစ္စမတ်နေ့မိန့်ခွန်းကို ဘာသာရေးအချင်းချင်းသဟဇတရှိစွာနေထိုင်ကြရန်တိုက်တွန်းလေ့ရှိသည်။ (၂၀၁၂) သူ၏နန်းသက် စိန်ရတုနှစ်ပတ်လည်၌ ဘုရင်မသည် Edinburgh မြို့စားနှင့်အတူ သူနှင့်ဘာသာမတူသောဘာသာ၀င်များ မှကြီးမှူးဂုဏ်ပြုသောအခမ်းအနားသို့တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားကို ကန်တယ်ဘူရီဂိုဏ်းချုပ်ဆရာတော် ၏ကျောင်းတော်ဖြစ်သော Lambeth ၌ကျင်းပခဲ့သည်။

‘ယုံကြည်ခြင်းသည် လူသန်းပေါင်းများစွာ၏စိတ်နှလုံး၌ အရေးကြီး သောအချက်အဖြစ်ရှိနေသည်။ သမာရိုးကျယုံကြည်ခြင်းမျိုးမဖြစ်စေရ။ သို့သော် အမှန်တကယ်မိမိလိုအပ်ကြောင်း ခံယူရမည်။ တစ်ခါတစ်ရံ၌လူမှုရေးအတွက်လူမြင်ကောင်းစေရန်မျှလည်းဖြည့်ဆည်းလုပ် ဆောင်တတ်သည်။ ဘာသာရေး ခေါင်းဆောင်များသည် အမှန်တကယ်ပင် အကူအညီအလွန်လိုအပ်နေသူများကိုကူညီရမည့်ပေါင်းကူးတံတားဖြစ်သည်။ မကျန်းမာသူများ၊ သက်ကြီးရွယ်အိုများ၊ အထီးကျန်နေကြသူများ၊ အခွင့်အရေးမရကြသူများလည်းပါသည်။ ’ ဟုပြော ကြားခဲ့သည်။ ၄င်းတို့သည် ကိုယ်ကျိုးအတွက်သာရှင်သန်၍မရကြောင်းကို ကျွန်ုပ်တို့အားသတိပေးနေကြသည်။

သူမ၏ပုဂ္ဂိုလ်ရေးယုံကြည်ခြင်းနှင့်ပတ်သက်၍ ဘုရင်မသည် ဘာသာတရားအလွန်ကိုင်းရှိုင်းသူဖြစ်သည်။ ၀ါရှင် တန်ပိုစ့်သတင်းစာကလည်း အောက်ဖိုဒ့်တက္ကသိုလ်မှ သီဩလိုဂျီပရောဖက်ဆာ Stan Rosenberg ၏မှတ်ချက်အရ ‘ဘုရင် မ၏ယုံကြည်ခြင်းသည် နက်ရှိုင်းပြီး အစဉ် ရှင်သန်လျှက်ရှိသည်။ သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုသည်။ အပတ်စဉ်ဘုရား ၀တ်ပြုခြင်း၌ပါ၀င်လေ့ရှိသည်။ ပုံမှန်ဆုတောင်းခြင်းကိုပြုလေ့ရှိသည်ဟုရေးသားထားသည်။

(၂၀၁၀) ခုနှစ်က ဘုရင်မ သည် ရဟန်းမင်းကြီး(ငြိမ်း) ဘယ်နဒစ် (၁၆) အား ဗြိတိန်နိုင်ငံသို့ပင့်ဖိတ်ခဲ့သည်။ ဤတစ်ကြိမ်ကြွရောက်ခြင်းသည် ရဟန်းမင်းကြီးတစ်ပါးအနေဖြင့် နိုင်ငံတော်ဧည့်သည်အဖြစ်ပထမဦးဆုံးကြွရောက်ခြင်းဖြစ်သည်။ စိန့်ဂျွန်ပေါလ် (၂) လည်း (၁၉၈၂) နှစ်ကအင်္ဂလန်နိုင်ငံသို့ကြွရောက်၍ ဘုရင်မနှင့်လည်းတွေ့ဆုံခဲ့သည်။ သို့သော် ထိုကြွရောက်ခြင်းသည် နိုင်ငံ တော်၏အစီအစဉ်ဖြင့်မဟုတ်ဘဲ အင်္ဂလန်နိုင်ငံမှကက်သလစ်သာသနာ၏ဘာသာရေးခေါင်း ဆောင်များကစီစဉ်ဖိတ်ကြား ၍ကြွရောက်သော တမန်တော်ခရီးသာဖြစ်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3Dj4igf

Add new comment

14 + 2 =