ပုပ်ဖရန်စစ်သည် အီတလီနိုင်ငံ၏ အထက်လွှတ်တော်သို့ကြွရောက်သော ပထမဦးဆုံးရဟန်မင်းကြီးဖြစ်ဟုဆို

ပုပ်ဖရန်စစ်သည် အီတလီနိုင်ငံ၏ အထက်လွှတ်တော်သို့ကြွရောက်သော ပထမဦးဆုံးရဟန်မင်းကြီးဖြစ်ဟုဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ပြင်သစ်နိုင်ငံ၊ Marseille မြို့မှပြန်ရောက်ပြီး နောက်တစ်ရက်၌ အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်ပြီး တစ်နာရီခန့်ကြာသွားပြီး အံ့အားသင့်သွားစေသောလုပ်ရပ်တစ်ခုကိုလုပ်ချလိုက်သည်။

အစီအစဉ်မရှိဘဲ ဗာတီကန်မှထွက်ကြွသွားသည်။ အဘယ်သို့ကြွမည်ကိုလည်းကြိုတင်အသိမပေးထား။ လုံခြုံရေး၀န်ထမ်းများပြာယာခတ်သွားကြသည်။ နောက်ဆုံးသိလိုက်ရသည်ကား ရဟန်းမင်းကြီးကြွရောက်သောနေရာကားအခြားနေရာမဟုတ်။ တစ်ချိန်ကအီတလီသမ္မတဖြစ်ခဲ့သော Giorgio Napolitano ၏ရုပ်ကလပ်ခင်းကျင်းထားသောနေရာသို့သွားရောက်ဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။

အီတလီနိုင်ငံ၏ သမ္မတဟောင်းသည် ပြီးခဲ့သည့်သောကြာနေ့ အသက် (၉၈) နှစ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ သူ၏ကျန်ကြွင်းရုပ်ကလပ်အား အီတလီလွှတ်တော် ၌ ခင်းကျင်းပေးထားသည်။ ရဟန်းမင်းကြီးသည် ထိုသို့ကြွရောက်ခြင်းဖြင့် အီတလီလွှတ်တော်သို့ရောက်ရှိသောပထမဦးဆုံးရဟန်းမင်းကြီးဖြစ်လာပတော့သည်။

ရဟန်းမင်းကြီးသည် ထိုသို့သွားရောက်သည်ဆိုသော်လည်း သူကိုယ်တိုင်သည်လည်းပုံမှန်အနေအထားဖြင့်ကြွရောက်ခြင်းမဟုတ်။ ဘီးတပ်လက်တွန်းလှည်းဖြင့်ကြွရောက်သွားခဲ့သည်။ ထိုနေရာ၌၀မ်းနည်းပူဆွေးနေသော သမ္မတဟောင်း၏ဇနီးအားနှုတ်ဆက်နှစ်သိမ့်စကားပြောခဲ့သည်။

ရဟန်းမင်းကြီးသည် သမ္မ တဟောင်း၏ နာရေးသတင်းကိုကြားသည်နှင့်ချက်ချင်း ၀မ်းနည်းသ၀တ်လွှာဆုတောင်းစာကို သောကြာနေ့က သံကြိုးစာဖြင့်ပေးပို့ပြီးဖြစ်သည်။ သမ္မတဟောင်းသည် အီတလီနိုင်ငံရေးအသက်တာအတွက် စိတ်အားထက်သန်စွာဖြင့်လုပ်ဆောင်ခဲ့သော အမြှော်အမြင်ကြီးသူတစ်ဦးဖြစ်ကြောင်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးသည် ခေတ္တခဏဆိတ်ငြိမ်စွာဖြင့်ဆုတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးသည် ယခင်ပတ် ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူးများနှင့် တွေ့ဆုံစဉ်ကလည်း သမ္မတဟောင်းသည် ဆေးရုံတက်ရောက်၍ ဆေးကုသခံနေရ၍ဆုတောင်းပေးရန်ကိုလည်းတောင်းခံခဲ့သည်။

ယခုကွယ်လွန်သွားသော သမ္မတဟောင်းသည် ရဟန်းမင်းကြီးဘေနေဒစ် (၁၆)၊ ရဟန်းမင်းကြီးဖရန် စစ်တို့နှင့်လွန်စွာကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ သူ၏သမ္မတသက်တမ်းသည်တိုတောင်းလှသည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းရန် (၂၀၀၅) ခုနှစ်ကရွေးကောက်ခံခဲ့ရပြီး သမ္မတဟောင်းမှာ (၂၀၀၆) ခုနှစ်တွင်သမ္မတဖြစ်လာခဲ့သည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) နှင့်ယခုကွယ် လွန်သွားသောသမ္မတတို့၏နောက်ဆုံးတွေ့ ဆုံခဲ့သောခုနှစ်မှာ (ဖေဖော်၀ါရီ ၆၊ ၂၀၁၃) ရက်နေ့ကဖြစ်သည်။ ထိုနေ့ကား ရဟန်းမင်းကြီးဘေနေဒစ် (၁၆) အနေဖြင့် အမှုတော်မှအနားမယူမီတစ်ပတ်အလို၌ ဖြစ်သည်။

သမ္မတဟောင်းသည် အီတလီနိုင်ငံ၏နိင်ငံရေးပါတီတစ်ခုဖြစ်သော ကွန်မြူနစ်လမ်းစဉ်ယိမ်းသောပါတီ၀င်ဖြစ်သည်။ သမ္မတရာထူးအား (၂၀၀၆ – ၂၀၁၅) အထိထမ်းဆောင်ခဲ့သည်။ သူသည်အီတလီနိုင်ငံရေးသမိုင်း ၌ သမ္မတသက်တမ်းအကြာဆုံးသူဖြစ်ခဲ့သည်။ အီတလီသမ္မတနိုင်ငံအား (၁၉၄၆) ခုနှစ်၌ တည်ထောင်ခဲ့သည်။ သူသည် ဒုတိယသက်တမ်းလည်း ရွေးကောက်ခံခဲ့ရသော်လည်း အသက် (၈၉) နှစ်ရှိပြီဖြစ်၍ ရာထူးကိုလက်မခံခဲ့ပေ။

သမ္မတဟောင်းသည် ဘုရားကိုသက်၀င်ယုံကြည်သူမဟုတ်ပေ။ ထိုကြောင့် သူ၏စျာပနကိုလူမှုရေးအခမ်းအနားအဖြစ်သာကျင်းပရန်ဆန္ဒရှိခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ လက်ရှိအီတလီသမ္မတ Sergio Matarella နှင့်အီတလီ၀န်ကြီးချုပ် Giorgia Meloni တို့လည်းလိုက်ပါခဲ့ကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/W5tS

Add new comment

4 + 0 =