Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်သည် အာဂျင်တီးနားဘော်လုံးအကျော်အမော် တို့နှင့်တွေ့ဆုံ
ပုပ်ဖရန်စစ်သည် အာဂျင်တီးနားဘော်လုံးအကျော်အမော် မက်ဆီနှင့်မာရာဒိုနာတို့နှင့်တွေ့ဆုံ
ကမ္ဘာ့ဖလား၌ အာဂျင်တီးနားဖလားရရှိသွားခြင်းသည် မေးခွန်းထုတ်စရာဖြစ်လာပါသည်။ ထိုမေးခွန်းကား ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်သည် ဘော်လုံးပွဲကိုစောင့်ကြည့်နေခဲ့သလောဟုဖြစ်ပါသည်။
ရဟန်းမင်းကြီးဖရန်စစ်က လွန်ခဲ့သောနှစ် (၃၀) ခန့်မှစ၍တီဗွီကိုမကြည့်တော့ရန်ကာမဲလ်မယ်တော်ထံပူဇော်အပ်နှံခဲ့သည်ဟုမိန့်ကြားခဲ့ဖူးသည်။ သို့သော်သူ၏မွေး ရပ်မြေမှဘော်လုံးအကျော်အမော်များဖြစ်ကြသော လေအိုးနယ်မက်ဆီနှင့်ဒီယေးဂိုမာရာဒိုနာ တို့နှင့်မူအဆက်အသွယ်မပြတ်ရှိနေသေးသည်။
(၂၀၁၃) ခုနှစ်က ရဟန်းမင်းကြီးဖရန်စစ်သည် အီတလီနှင့်အာဂျင်တီးနာနှစ်နိုင်ငံလုံးမှနိုင်ငံလက်ရွေးစင်အသင်းနှင့်ကလဲမင်တိုင်းဟုခေါ်သော ရဟန်းမင်းကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ပြီး သူတို့အနေဖြင့်အဘယ်မျှကျော်ကြားအောင်မြင်နေစေကာမူ လူထုကိုသတိရရန်ဘော်လုံးသမားများအားမိန့်ကြားခဲ့သည်။
အဘယ်ကြောင့်ဤသို့မိန့်ကြားရသနည်းဟုမူ လူထုပရိသတ်သည် အားကစားသမားများအား ဘောလုံးကစားကွင်း၌သာအားပေးခြင်းမဟုတ်။ ဘောလုံးကွင်းပြင်ပ လူမှုရေးဘ၀၌လည်းကြည့်ရှုနေကြသည်။ လူမှုတာ၀န်တစ်ခုဖြစ်လာသည်။ ကစား ကွင်း၌သင်တို့ရှိနေစဉ် အားကစား၏အလှ၊ ကျေးဇူးတရားနှင့်ရင်းနှီးမှုများကိုမြင်တွေ့ရမည်ဖြစ်သည်။ အကယ်၍ဤအချက်များပျောက်ဆုံးနေပါက အနိုင်ရသူရှိသော် လည်း အားကစားသည်သူ၏ဂုဏ်ရည်ပျောက်ဆုံးနေ၍အရှုံးဟုသတ်မှတ်ရမည်ဖြစ်သည်ဟုဆိုသည်။
ထိုသို့တွေ့ဆုံစဉ်၌ အာဂျင်တီးနားဘော်လုံးအသင်း၏ခေါင်းဆောင်ဖြစ်သော မက်ဆီနှင့်အီတလီဂိုးသမား Luigi Buffon တို့က ရဟန်းမင်းကြီးဖရန်စစ်အား သံလွင်ပင်ပေါက်တစ်ပင်နှင့် အာဂျင်တီးနားဘော်လုံး၀တ်စုံတစ်စုံကိုလည်းလက်ဆောင်ပေးခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံခဲ့မှုအပေါ်သတင်းသမားများ၏မေးမြန်းချက်၌ တိုတောင်းသော်လည်းအလွန်ကောင်းကြောင်းဖြေကြားခဲ့သည်။ ထိုသို့တွေ့ဆုံအပြီး နှစ်နှစ်အကြာတွင် အာဂျင်တီးနားဘော်လုံးအကျော်အမော် ဒီယေးဂိုမာရာဒိနာနှင့်လည်းထပ်မံတွေ့ဆုံခဲ့သည်။
ကလေးများအစာငတ်မွတ်ခြင်းအကြောင်းများကိုလည်းပြောဆိုခဲ့ကြသည်။ ဘော်လုံအကျော်အမော်က အားကစားသမားများအနေဖြင့်ကမ္ဘာပေါ်ရှိအစာငတ်မွတ်နေသောကလေးများအတွက် အတူတစ်ကွတစ်စုံတစ်ခုပြုလုပ်ပေးသင့်ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ် နှင့်ဆွေးနွေးပြောဆိုခဲ့သမျှအကြောင်းအရာများအားလုံး၌ ရဟန်းမင်းကြီးဖရန်စစ်နှင့်သဘောထားတိုက်ဆိုင်ကြောင်း ထို့ကြောင့်သူသည် ရဟန်းမင်းကြီးဖရန်စစ်၏ ပရိသတ်ဖြစ်ကြောင်း၊ ရဟန်းမင်း ကြီး၏ပရိသတ်အမာခံကြီးဖြစ်ကြောင်းလည်း ဘောလုံးအကျော်အမော်ကပြောကြားခဲ့သည်။
ရဟန်းမင်း ကြီးဖရန်စစ်အနေဖြင့် အာဂျင်တီးနားသည် သူ၏မွေးရပ်မြေဖြစ်၍ အား ပေးမည်ဖြစ်သော်လည်း သူ ရဟန်းမင်း ကြီးအမှုတော်စတင်ထမ်းဆောင်စဉ်က 'ဘော်လုံးထက်အရေးကြီးသောလုပ်ကိုင်စရာများဘ၀၌ရှိသည်' ဟုမိန့်ကြားခဲ့သည့်အတိုင် အားကစားနောက်သို့အာရုံရောက်စေ၍အရေးကြီးသောအမှုတော်များကိုမျက်ခြေလုံး၀မပြတ်စေခဲ့ပေ။ ယေဇူးသခင်သည် ကျွန်ုပ်တို့အား ကမ္ဘာ့ဖလားထက်ကြီးမားသောအရာကိုပေးလာသည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment