ပုပ်ဖရန်စစ်သည် အရှေ့တိုင်းအသင်းတော်များအားရစ္စမတ်ဆုတောင်းနှုတ်ဆက်ပါး

ပုပ်ဖရန်စစ်သည် အရှေ့တိုင်းအသင်းတော်များအားရစ္စမတ်ဆုတောင်းနှုတ်ဆက်ပါး

ပုပ်ဖရန်စစ်သည် အရှေ့တိုင်းအသင်းတော်များအားရစ္စမတ်ဆုတောင်းနှုတ်ဆက်ပါး

            ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ကြာသပတေးနေ့က မွန်းတည့်အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်အပြီး၊ စိန့်ပီတာရင်ပြင်၌စုရုံရောက်ရှိ၍ အတူဆုတောင်းခဲ့ကြသော ဘုရားဖူးများအားနုတ်ဆက်ခဲ့သည်။ ထိုအတောအတွင်း ရဟန်းမင်းကြီးဖရန်စစ်သည် နောက်နေ့ ‘သောကြာနေ့’ ၌ခရစ္စမတ်ပွဲတော်ကိုကျင်းပကြမည့် အရှေ့တိုင်းခရစ်ယာန် အသင်းတော်များနှင့်အရှေ့တိုင်း၀ိနည်းကျင့်သုံးသောခရစ်ယာန်များအား ခရစ္စမတ်ပွဲတော်အတွက်ဆုတောင်းနုတ် ဆက်ခဲ့သည်။

           အဆိုပါခရစ်ယာန်အသင်းတော်များသည် ခရစ္စမတ်ကို အနောက်တိုင်း၀ိနည်းဟုလူသိများသော ‘လာတင်း’ ၀ိနည်းကိုကျင့်သုံးသောခရစ်ယာန်အသင်းတော်တို့နှင့်ခရစ္စမတ်ပွဲကျင်းပသည့်ကာလအနည်းငယ်ခြားနားပါ သည်။ အဘယ်ကြောင့်ဤသို့ခြားနားသွားရသနည်းဟုမှု အနောက်တိုင်းသည် ‘ဂရေဂေါရီယံ’ ပြက္ခဒိန်ကိုလိုက်ပြီး၊ အ ရှေ့တိုင်းခရစ်ယာန်အသင်းတော်မှာ ‘ဂျူလီယံ’ ပြက္ခဒိန်ကိုလိုက်သောကြောင့်ဖြစ်သည်။ (ဤပြက္ခဒိန်နှစ်ခု၏ကွာဟ ချက်ကို နောက်နောင်အချိန်ရှိလျှင်ဖွေရှာတင်ပြပါမည်။)

            ‘ကျွန်ုပ်၏နွေးထွေးသော ငြိမ်သက်ခြင်းနှင့်ကောင်းခြင်းအဖြာဖြာပေးပို့လိုက်ပါသည်။ ကညာစင်မာရိယာထံမှ မွေးဖွားသန့်စင်ခြင်းကိုခံယူမည့် ခရစ္စတူးသခင်၏လင်းရောင်ခြည်သည် သင်တို့နှင့်သင်တို့၏မိသားစု၊ သင်တို့၏အ သိုင်းအ၀ိုင်းအပေါ်ထွန်းလင်းလျှပ်ဖြာ‌ဝေဆာပါစေ။ ညီအစ်ကိုမောင်နှမအပေါင်းတို့ အကောင်းဆုံးကိုခံစားရရှိကြ ပါစေ’ ဟုဆုတောင်းနုတ်ဆက်ပေးခဲ့သည်။     

သာသနာပြုကလေးသူငယ်များ

            ထို့နောက် ရဟန်းမင်းကြီးသည် ဇန္န၀ါရီလ (၆) ရက်နေ့တွင် နှစ်စဉ်အမှတ်ရကျင်းပသော ‘သာသနာပြု ကလေးသူငယ်တို့၏နေ့’ ကိုပြန်လည်အမှတ်ရဆုတောင်းပေးခဲ့သည်။ ခရစ်ယာန်ကလေးသူငယ်များသည် အရွယ် ငယ်သော်လည်း ဆေးကြောခြင်းမဂ်လာစက္ကရာမင်တူးအားဖြင့် သာသနာပြုရမည့်တာ၀န်ရှိသည်ကိုပြန်လည်သတိ ပေးလိုက်သည်။ ‘ကမ္ဘာကြီး၏ဒေသအများအပြား၌ ကလေးသူငယ်များသည် ၄င်းတို့၏လုံခြုံမှုအတွက်ဆုတောင်းနေ ကြသည်။ သို့မှသာ ဧ၀ံဂေလိတရားကို ကြားခွင့်မရှိသေးသောသူများထံသို့ကြေညာဟောပြောနိုင်မည်ဖြစ်သည်။’

ရဟန်းမင်းကြီးသည် သာသနာပြုကလေးသူငယ်များအားလည်း ကျေးဇူးတင်ခဲ့သည်။ တစ်ဆက်တည်း၌ ခရစ်ယာန်သာသနာပြုလုပ်ငန်းစဉ်ကို အသက်အရွယ်မရွေး၊ နေရာဒေသမရွေး၊ မိမိတို့၏နေ့စဉ်အသက်တာ၌သက် သေခံကြရန် ထပ်လောင်းမီးမောင်းထိုးပြခဲ့သည်။ ရဟန်းမင်းကြီး၏ ဤနှုတ်ဆက်စကားမိန့်ကြားသောနေ့၌ပင် (၂၀၂၂) ခုနှစ်အတွက် ကမ္ဘာ့သာသနာပြုနေ့အတွက်သတင်းစကားကိုလည်းထုတ်ပြန်ခဲ့သည်။ 

 

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3resPva

Add new comment

2 + 4 =