ပုပ်ဖရန်စစ်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်(ဂျီ၂၀) ခေါင်းဆောင်များနှင့်တွေ့ဆုံရန်ပြင်ဆင်နေ

ပုပ်ဖရန်စစ်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်(ဂျီ၂၀) ခေါင်းဆောင်များနှင့်တွေ့ဆုံရန်ပြင်ဆင်နေ

ပုပ်ဖရန်စစ်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်(ဂျီ၂၀) ခေါင်းဆောင်များနှင့်တွေ့ဆုံရန်ပြင်ဆင်နေ

ရဟန်းမင်းကြီးဖရန်စစ် ၏ လာမည့်ပတ်အစီအစဉ်၌ ရောမမြို့သို့ရောက်ရှိလာကြမည့် နိုင်ငံ့ခေါင်းဆောင်ကြီးများ နှင့်တွေ့ဆုံသည့်အစီအစဉ်များဖြင့်ပြည့်နေပါသည်။ အဆိုပါနိုင်ငံ (၂၀) မှခေါင်းဆောင်ကြီးများသည် စီးပွားရေးအင်အား ကြီးနိုင်ငံ (၂၀) မှ အစည်းအဝေးတက်ရောက်ရန်ဖြစ်သည်။ အဆိုပါအစည်း အဝေးသည် အောက်တိုဘာလ (၃၀-၃၁) အထိကျင်းပမည်ဖြစ်သည်။

လာမည့် သောကြာနေ့၌ ရဟန်းမင်းကြီးသည် အမေရိကန်သမ္မတနှင့်တွေ့ဆုံမည်။ သမ္မတအ ဖြစ်ရွေးကောက်ခံရပြီးနောက် ပထမဦးဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ တနင်္လာနေ့၌မူ ဂျာမဏီသမ္မတ Frank-Walter Steinmeier နှင့်တွေ့ဆုံမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွေ့ဆုံခြင်းသည် ဂျာမဏီနိုင်ငံ၏ အဆင့်အမြင့်ဆုံးခေါင်းဆောင်နှစ်ဦးနှင့်တစ်လတာအတွင်း ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အောက်တိုဘာအစောပိုင်းက ရဟန်းမင်းကြီးသည် Angela Merkel နှင့်လည်းတွေ့ဆုံခဲ့သည်။

တရား၀င်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးသော်လည်း ရဟန်းမင်းကြီးသည် တောင်ကိုးရီးယားသမ္မတ Moon Jae-in နှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ လက်ရှိ တောင်ကိုးရီးယား သမ္မတသည် ကက်သလစ်ဘာသာ၀င်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3B9REvh

Add new comment

4 + 0 =