ပုပ်ဖရန်စစ်သည် အမေရိကန်နိုင်ငံ၏ ပြည်ထောင်စုဝန်ကြီး Antony Blinken နှင့် ဗာတီကန်တွင် တွေ့ဆုံ

ပုပ်ဖရန်စစ်သည် အမေရိကန်နိုင်ငံ၏ ပြည်ထောင်စုဝန်ကြီး Antony Blinken နှင့် ဗာတီကန်တွင် တွေ့ဆုံ

ပုပ်ဖရန်စစ်သည် အမေရိကန်နိုင်ငံ၏ ပြည်ထောင်စုဝန်ကြီး Antony Blinken နှင့် ဗာတီကန်တွင် တွေ့ဆုံ

        ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် အမေရိကန်နိုင်ငံ၏ ပြည်ထောင်စုဝန်ကြီး Antony Blinkenနှင့် ဗာတီကန်တွင် တွေ့ဆုံခဲ့သည်။

ရဟန်းမင်းကြီးအရှင်သူမြတ်နှင့် Antonyတို့၏ ချစ်ခင်ရင်းနှီးသောတွေ့ဆုံမှုသည် မိနစ်(၄၀)ခန့် ကြာမြင့်ခဲ့ပြီး ရဟန်းမင်းကြီးအရှင်သူမြတ်မှ ၂၀၁၅ခုနှစ်က အမေရိကန်နိုင်ငံသို့ သိုးထိန်းခရီးကြွရောက်ခဲ့ခြင်းအကြောင်းကိုလည်း ပြန်ပြောင်းပြောဆိုခဲ့သည်။
     

          ပြည်ထောင်စုဝန်ကြီး Antony Blinkenမှ ရဟန်းမင်းကြီးအရှင်သူမြတ်အား ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခြင်းကို ပုံဆောင်သော သံလွင်ခက်ကိုကိုက်ချီထားသောဂျိုးငှက်ပုံ ရုပ်ထုလေးအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး ရဟန်းမင်းကြီးအရှင်သူမြတ်မှလည်း “ကျွန်ုပ်တို့၏လက်များအား အခြားသူများ၏လက်များဖြင့် တွဲဆက်ထားကြစို့”ဟု ကမ္ပည်းရေးထိုးထားသော ကြေးပြားနှင့်အတူ အရှင်သူမြတ်ကိုယ်တိုင်ရေးသားထားသော Laudato siစာအုပ်၊
Fratelli tutti စာအုပ်နှင့် Grand Imamနှင့်အတူ ရေးသားထားသော လူမှုပတ်ဝန်းကျင်အကြောင်း ရေးသားထားသော စာစောင်တို့အား လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။ ထို့အပြင် Antony Blinken၏ မိသားစုဝင်များအတွက် သူကိုယ်တိုင် ကောင်းကြီးပေးထားသော စိပ်ပုတီးများကိုလည်း လက်ဆောင်ပေးအပ်ခဲ့သည်။
        ရဟန်းမင်းကြီးအရှင်သူမြတ်နှင့် မတွေ့ဆုံခင် အမေရိကန်၏ ပြည်ထောင်စုဝန်ကြီး Antony Blinkenသည် ဗာတီကန်၏ပြည်ထောင်စုဝန်ကြီး ကာဒီနယ်Pietro Parolin၊ နိုင်ငံခြားရေးဝန်ကြီး ဂိုဏ်းချုပ်ဆရာတော် Paul
Gallagherတို့နှင့် တွေ့ဆုံခဲ့သည်။ Antony Blinkenမှ သူ၏ တွစ်တာစာမျက်နှာတွင် သူ၏ခရီးစဉ်အတွင်း စစ္စတင်းဘုရားကျောင်းသို့ လည်ပတ်ပြီးနောက် ၎င်း၏ အံ့ဩဖွယ်လှပမှုများအတွက် ပြောစရာစကားလုံးရှာမတွေ့အောင် ပင်ဖြစ်ပြီး  ပြန်လာခဲ့ကြောင်း ရေးသားခဲ့သည်။

 

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of Buenos Aires Times

https://bit.ly/3635C4T

Add new comment

1 + 1 =