ပုပ်ဖရန်စစ်သည် အပြည်ပြည်ဆိုင်ရာကားရီးတာ့စ်၏ ယာယီတာ၀န်ခံကိုခန့်အပ်

ပုပ်ဖရန်စစ်သည် အပြည်ပြည်ဆိုင်ရာကားရီးတာ့စ်၏ ယာယီတာ၀န်ခံကိုခန့်အပ်

ပုပ်ရဟန်းမင်းကြီးသည် အပြည်ပြည်ဆိုင်ရာကားရီးတာ့စ်၏ ယာယီတာ၀န်ခံကိုခန့်အပ်လိုက်သည်။

ဤအတောအတွင်း ကားရီးတာစ့်၏ လုပ်ငန်းစဉ်များနှင့်ဥပဒေများကိုပြန်လည်သုံးသပ်ပြီး လာမည့်အထွေထွေအစည်း အ ‌ေ၀း၌တင်ပြသွားရန်ပြင်ဆင်နေကြသည်။ ယခုယာယီတာ၀န်ပေးအပ်ခံထားရသူမှာ ဒေါက်တာ Pinelli ဟုခေါ်ပြီး သူသည်အဖွဲ့အစည်းများ၏အကြံပေးသူဖြစ်သည်။ သူသည် ပို၍လူသားဆန်သည်။ ပညာရှိသော်လည်း ပညာရှင်သိပ်မဆန်ပေ။

သူသည် ယခုအလုပ်ကို နှစ်ပေါင်း (၃၃) နှစ်ကျော် ကဏ္ဍအမျိုးမျိုး၌ထမ်းဆောင်ခဲ့သည့်အတွေ့ အကြုံရှိသည်။ CEO အဖြစ်လည်း (၁၀) နှစ်ကျော်အတွေ့အကြုံရှိသူဖြစ်သည်။ သူသည်အီတလီနိုင်ငံအ တွင်းလည်း ယဉ်ကျေးမှုထွန်းကားရေးနှင့်အနုပညာများတင်ဆက်မှု၏တာ၀န်ခံဖြစ်သည်။

သူသည် ဂျက် ဆွီစ်ဘုန်းတော်ကြီးအသင်း၏ပညာရေးငွေပဒေသာပင်အစီအစဉ် Magis ၌လည်း အမှုထမ်းခဲ့ဖူးသည်။ ဆေးဆွဲသူများအားပြန်လည် ထူထောင်ရေးလုပ်ငန်းလည်းလုပ်အားပေးခဲ့သည်။ သူ့အားကူညီမည့်သူများ မှာ ဒေါက်တာ Maria Amparo Alonso Escobar နှင့်ဘုန်းတော်ကြီး Manuel Morujao, SJ တို့ဖြစ်ကြသည်။

ဒေါက်တာမာရိယာသည် လက်ရှိ၌လည်း အပြည်ပြည်ဆိုင်ရာ ကာရီးတာ့စ်အဖွဲ့အစည်း၌လုပ်နေ သည်။ သူသည်ဤအဖွဲ့အစည်းမျိုးနှင့်လုပ်ဆောင်နေခဲ့သည်မှာ (၂၈) နှစ်ရှိပြီဖြစ်သည်။ ဘုန်းတော်ကြီး မာနူအဲလ်သည် ဂိုအာ၌အမှုတော်ထမ်းလျှက်ရှိသည်။ သူသည်ပေါ်တူဂီမှဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးကသူ့ အား Missionary of Mercy အမှုတော်ကိုထမ်းဆောင်ရန်တာ၀န်ပေးအပ်ထားသည်။ အပြည်ပြည်ဆိုင်ရာ ကားရီးတာ့စ်၏ဥက္ကဌကာဒီနယ် Luis Antonio G. Table  ကလည်းဘုန်းတော်ကြီးအားကူညီပေးမည်ဖြစ် သည်။

အပြည်ပြည်ဆိုင်ရာကာရီတာ့စ်သည် ရဟန်းမင်းကြီးနှင့်ဆရာတော်ကြီးများ၏အရေးပေါ်အခြေအ၌ နွမ်းပါးချို့တဲ့သူများအားကူညီနိင်စေရန်၊ တရားမျှတမှုရှိစေရန် ဧ၀ံဂေလိတရားတော်အလင်းနှင့်သွန် သင်ချက်အတိုင်းပင်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာကာရီတာ့စ်အဖွဲ့အစည်း၌ နိုင်ငံပေါင်း (၁၆၂) ပါ၀င်လုပ်ဆောင်နေခြင်းဖြစ်သည်။ လူမှုရေးလုပ်ငန်းပေါင်း (၂၀၀) ကျော်၌ကူညီပေးလျှက်ရှိသည်။ သူတို့၏ရုံး ချုပ်မှာဗာတီကန်ပင်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3AZjcGG

Add new comment

1 + 0 =