ပုပ်ဖရန်စစ်သည် အစီအစဉ်မရှိဘဲ အသက် (၁၀၆) ရှိအဖွားအိုတစ်ဉီးနှင့်မကျန်းမာ သောအမျိုးသမီးငယ်တစ်ဦးအားတွေ့ဆုံခဲ့

ပုပ်ဖရန်စစ်သည် အစီအစဉ်မရှိဘဲ အသက် (၁၀၆) ရှိအဖွားအိုတစ်ဉီးနှင့်မကျန်းမာ သောအမျိုးသမီးငယ်တစ်ဦးအားတွေ့ဆုံခဲ့

အသက် (၁၀၆) နှစ်ရှိအဖွား၏အမည်ကား Maria da Conceição ဟုခေါ်ပြီး သူ့အနေဖြင့် သူ့ထက်အသက် နှစ် (၂၀) ငယ်ရွယ်သောရဟန်းမင်းကြီးနှင့်တွေ့ဆုံလိုခဲ့သည်။ သူသည်ပေါ်တူဂီနိုင်ငံလူမျိုးဖြစ်ကာ ဖာတီမာ၌အမိမယ်တော်ထင်ရှားပြသော (၁၉၁၇၊ မေ ၁၃) ရက်နေ့ကမွေးဖွားခဲ့သူဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အဖွား Maria da Conceição အားတွေ့ဆုံပြီးနောက် အသက် (၁၇) နှစ်သာရှိသေးသော Edna အားလည်းတွေ့ဆုံအားပေးခဲ့သည်။ သူမသည်ကျန်းမာရေးအလွန်ဆိုးရွားစွာခံစားနေရသူဖြစ်သည်။ ဇွန်လအကုန်ပိုင်း၌ Edna သည် ရဟန်းမင်းကြီးဖရန်စစ်ထံစာတစ်စောင်‌ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲ၌ သူ့အနေဖြင့်ကမ္ဘာ့လူငယ်များနေ့အခမ်းအနားသို့မသွားရောက်နိုင်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် သူ၏ ကျန်းမာ ရေးအခြေအနေအရ ကမ္ဘာ့လူငယ်များပွဲနေ့မစတင်မှီ၌ပင်သူသည်လောကကြီးမှထွက်ခွာသွားကောင်းထွက်ခွာရမည်ဖြစ်ကြောင်းဖြင့်စိတ်မကောင်းဖွယ်ရင်ဖွင့်ရေးသား၍ ပေးပို့ခဲ့သည်။

Edna ၏စာကို ရဟန်းမင်းကြီးက တလေးတစားဖြင့်ဗွီဒီယိုဖိုင်လ်ပြုလုပ်၍အကြောင်း ပြန်ပေးခဲ့သည်။ စာထဲ၌ ‘ Edna ရေ သင့်ရဲ့စာကိုလက်ခံရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ သင့်ရဲ့ကြင်နာမှုအတွက်၊ သင့်စိတ်ထဲကအေးချမ်းခြင်းအတွက်လည်းကျေးဇူး တင်ပါတယ်။ ဒီအေးချမ်းခြင်းဟာမျိုးစေ့လိုဘဲ သင့်နဲ့ဆုံဆည်းသူတိုင်း၊ သင်နဲ့စကားပြောဖြစ်သူတိုင်းရဲ့နှလုံးသားထဲမှာပျိုးပေးလိုက်ခြင်းပါ။ ကျေးဇူးတင်ပါတယ်’ ဟုဖြစ်ပါ သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင် းကြီးကိုယ်စားလှယ်၏ရုံးတော်မှမထွက်ခွာမီ သူ့အားနှုတ် ဆက်ရန်စောင့်နေသောလူထုအားထွက်တွေ့နှုတ်ဆက်ခဲ့သည်။ ရဟန်းမင်းကြီးအားလေဆိပ်သို့ပို့ဆောင်မည့် ယာဉ်ထဲသို့မရောက်မချင်း ကလေးငယ်များအားကောင်းချီးပေးခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် Imperio ရင်ပြင်အရောက်၌ သူ၏အစီအစဉ်ကိုပြောင်းလဲခဲ့သည်။ ရဟန်းမင်းကြီး ၏ပလ္လင်၊ ရဟန်းမင်းကြီး၏သင်္ကန်း၀တ်ရုံကိုပြင်ဆင်ပေးခဲ့သည်။ သို့သော် ရဟန်းမင်း ကြီးက အာပတ်ဖြေနားထောင်ရာ၌ သူ၏ပလ္လင်ဖြင့်မထိုင်ဘဲ သာမန်ထိုင်ခုံဖြင့်သာထိုင်ဖြေပေးခဲ့သည်။

ရဟန်းမင်းကြီးသည် အကျဉ်းသားသုံးဦး၏အပြစ်တင်လျှောက်ခြင်းကိုနားထောင်ဖြေကြားပေးခဲ့သည်။ ထိုအကျဉ်းသား (၃) ဦးတို့မှာ စပိန်နွယ်ဖွား ဖရန်ချက်စကို (၂၁) နှစ်၊ ဂွာတီမာလာမှ Yesvi (၃၃) နှစ်၊ အီတလီနိုင်ငံသား ‌ဆာမူအဲလ် (၁၉) တို့ဖြစ်ကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/R6wD

Add new comment

4 + 4 =