ပုပ်ဖရန်စစ်သည် အကြီးစားခွဲစိတ်မှုခံယူကာ ဆေးရုံမှဆင်းလာပြီးနောက် ကာဒီနယ်အဖွဲ့နှင့်ပထမဦးဆုံးအကြိမ်တွေ့ဆုံ

ပုပ်ဖရန်စစ်သည် အကြီးစားခွဲစိတ်မှုခံယူကာ ဆေးရုံမှဆင်းလာပြီးနောက် ကာဒီနယ်အဖွဲ့နှင့်ပထမဦးဆုံးအကြိမ်တွေ့ဆုံ

ကာဒီနယ်အဖွဲ့အားဖွဲ့စည်းထားရသည့်အကြောင်းအရင်းမှာတိုင်ပင်ဆွေးနွေးရုံသာဖြစ်ပြီး အုပ်ချုပ်မှုအာဏာမရှိပေ။ ဤအဖွဲ့အား ရဟန်းမင်းကြီးဖရန်စစ်မှ (၂၀၁၃) ခုနှစ်၌ဖွဲ့စည်းခဲ့ပြီးနောက် သာသနာအတွင်းလုပ်ဆောင်သင့်သည်များကိုမေးမြန်းခဲ့သည်။ သာသနာတစ်ခုလုံးအားစီမံအုပ် ချုပ်သော ရောမကူးရီယာအားအထောက်အပံ့ဖြစ်စေရန်ဖြစ်သည်။ ထို့ကြောင့်ကမ္ဘာ့တိုက်ကြီးများအားကိုယ်စားပြုသောကိုယ်စားလှယ်များပါ၀င်သည်။

ကာဒီနယ်အဖွဲ့ကိုစဖွဲ့စဉ်ကဦးရေ (၈) ပါးသာရှိခဲ့ရာမှ လက်ရှိ၌မူ (၉) ပါးရှိ သည်။ အဆိုပါအဖွဲ့၌ ဗာတီကန်အတွင်းရေးမှူး ကာဒီနယ် Pietro Parolin၊ ဘော်စတွန်ကာဒီနယ် Seán Patrick O'Malley၊ ဘာစီလိုးနားကာဒီနယ် Juan José Omella, ဘုံဘေကာဒီနယ် Oswald Graciasတို့လည်းပါသည်။

သာသနာအတွင်း ရာသက်ပန်အမျိုးသမီးဦးပဉ္ဇင်းသိက္ခာပေးခြင်း၊ မပေးခြင်းနှင့်စပ်လျင်း၍ဤအဖွဲ့နှင့်ဆွေးနွေးခဲ့ဖူးသည်။

ဤအဖွဲ့အားပြန်လည်ဆန်းသစ်လိုက်ပြီးနောက် ဒုတိယအကြိမ်အဖြစ်ရဟန်း မင်းကြီးဖရန်စစ်နှင့် ပြီးခဲ့သောပတ်ကတွေ့ဆုံခဲ့သည်။ ဤအဖွဲ့သည် ဆီးနော့မှတ်တမ်းဖြစ်သော Instrumentum Laboris အချိန်မှီထွက်ရှိနိုင်ရေးအတွက်လည်းအကြိတ်အနယ်ဆွေးနွေးနေကြသည်။ ဤကာဒီနယ်အဖွဲ့အားအဖွဲ့ ၀င်ကိုးဦးရှိသည်ကိုအစွဲပြု၍ (စီ ၉) ဟုလည်းခေါ်ကြသည်။

ဤအဖွဲ့သည် ပြီးခဲ့သောဧပြီလကလည်း ရဟန်းမင်းကြီးနှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဆီနော့ကျင်းပ ရေးကြိုတင်ပြင်ဆင်မှုနှင့်စပ်လျင်းသော အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။

ယခုတစ်ကြိမ်တွေ့ဆုံခြင်းသည် ရဟန်း မင်းကြီးဆေးရုံမှဆင်းလာပြီး တစ်ပတ်အကြာတွေ့ဆုံခြင်းဖြစ်သည်။ ရဟန်း မင်း ကြီးသည် တစ်ဖြေးဖြေးနှင့်သူ၏အမှုတော်များပြန်လည်စတင်လုပ်ဆောင်နေပြီဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3PAcv5L

Add new comment

1 + 8 =