ပုပ်ဖရန်စစ်သည် သြဂုတ်လ ၅ ရက်နေ့၌ အိန္ဒိယနိုင်ငံမှ သီလရှင်တစ်ပါးကို “ ကြည်ညိုထိုက်သူ” အဖြစ် ကြေညာ

ပုပ်ဖရန်စစ်သည် သြဂုတ်လ ၅ ရက်နေ့၌ အိန္ဒိယနိုင်ငံမှ သီလရှင်တစ်ပါးကို “ ကြည်ညိုထိုက်သူ” အဖြစ် ကြေညာ

The Ursulines of Mary Immaculate အသင်းဂိုဏ်း ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ စစ်စတာရ် Maria Celina Kannanikal ကို ပုပ်ဖရန်စစ်က ကြည်ညိုထိုက်သူအဖြစ် ကြေငြာခံခဲ့ပါတယ်။

သူမရဲ့ Novitiate နိုဗီးရှိတ် သီလရှင်လောင်းဘဝ (သီလရှင်ဘဝအစပိုင်း ပုံသွင်းသင်ယူသောကျောင်း) နေစဉ်အတွင်းမှာ "ဆန်းကြယ်တဲ့အတွေ့အကြုံ" တွေခံစားခဲ့ရကြောင်း

သီလရှင်ဖြစ်ကျောင်းရဲ့ အကြီးအကဲတွေက လူတွေရဲ့ကန့်ကွက်မှုများကြားမှာ သူမရဲ့ "သန့်ရှင်းခြင်း" ကို အသိအမှတ်ပြုခဲ့ကြပြီး သီလရှင်ဖြစ်သင်ကျောင်းမှာ နောက်ထပ် ခြောက်လကြာ နေပြီးတဲ့နောက်မှာ သူမရဲ့ပထမ ကတိသစ္စာကို (၁၉၅၇) ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ ဆိုခဲ့တယ်လို့ဆိုပါတယ်။

သူမရဲ့ ပထမ ကတိ သစ္စာဆိုအပြီးမှာ ချက်ချင်း နေမကောင်းဖြစ်ပေမဲ့ သူမရဲ့ရောဂါဟာ လက္ခဏာမပြဘဲ (၃၅) ရက်ကြာမှ‌တော့ အိန္ဒိယတောင်ပိုင်းဘက် Cannanore (ယခု Kannur) မှာကွယ်လွန်ခဲ့ပါတယ်။

စစ်စတာရ် Kannanaikal ကို (၁၉၃၁ ) ခုနှစ် ဖေဖော်ဝါရီ( ၁၃ )မှာ Kerala သာသနာ တိုက်နယ် Trichur မှာ မွေးဖွားခဲ့တယ်။ မူလတန်းကျောင်းနှစ်ကျောင်းမှာ စာသင်ကြားပြီးနောက် မှာ ၁၉၅၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ အသင်းဂိုဏ်းကို လာရောက်ခဲ့ပြီး ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ သီလရှင်ဖြစ်သင်ကျောင်းကို ဝင်ရောက်ခဲ့တာပါ။

သူမ ရဲ့ သီလရှင်ဖြစ်သင်ကျောင်းက အကြီးအကဲ မာသာရ် Stefania Murelli ဆိုသူက စစ်စတာရ် Kannanaikal ရဲ့ရောဂါကို "သာမန်ထက်လွန်တဲ့ စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခ" တွေကို သည်းခံပြီး ခံနိုင်ရည်ရှိအောင် ကူညီပေးခဲ့ကြောင်း

စစ်စတာရ် Kannanaikalဟာ သခင်ယေဇူး နဲ့ ထရေဇားငယ်လေးကို မကြာခဏ ရူပါရုံရပြီး အပြစ်သားတွေအတွက် ဆုတောင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း

သူမရဲ့ ပထမ ကတိသစ္စာဆိုတဲ့နေ့ကလည်း သခင်ယေဇူးက သူမ ရှေ့ပေါ်လာပြီးတော့ သူနဲ့အတူ ကောင်းကင်ဘုံကို ခေါ်ဆောင်သွား မယ်ဆိုပြီး အသိအမှတ်ပြုခဲ့ကြောင်း

စစ်စတာရ် Kannanaikal ကို (၁၉၅၇ )ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့မှာ Cannanore သင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့ကြောင်း နဲ့ သူမအားဖြင့် တောင်းလျှောက်ဆုများစွာပြည့်ခဲ့ကြောင်း

၂၀၀၇ ခုနှစ် ဂျူလိုင် ၂၉ ရက်မှာ သူတော်မြတ်အဆင့်သို့ တင်မြှောက်ခံခဲ့ရပြီး ၂၀၁၂ ဖေဖော်ဝါရီ ၂၉ မှာ သူမရဲ့ ရုပ်အလောင်းတော်ကို Kannur ကမ်းခြေမှာရှိတဲ့ Payyambalam မိခင်ကျောင်းတော် ကြီးရဲ့ ဘုရားကျောင်းငယ်လေးထဲမှာ ဂူသွင်း ပြောင်းရွှေ့သ◌ြ၏ဂြိုလ်ခဲ့တယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်
https://bit.ly/3JT5vfp

Add new comment

15 + 2 =