ပုပ်ဖရန်စစ်သည် သေနတ်ပစ်ခံခဲ့ရသည့် တောင်ဆူဒန်အတွက် ရွေးချယ် ထားသော ဆရာတော်လောင်းအား ဗာတီကန်၌တွေ့ဆုံခဲ့

ပုပ်ဖရန်စစ်သည် သေနတ်ပစ်ခံခဲ့ရသည့် တောင်ဆူဒန်အတွက် ရွေးချယ် ထားသော ဆရာတော်လောင်းအား ဗာတီကန်၌တွေ့ဆုံခဲ့

ပုပ်ဖရန်စစ်သည် သေနတ်ပစ်ခံခဲ့ရသည့် တောင်ဆူဒန်အတွက် ရွေးချယ် ထားသော ဆရာတော်လောင်းအား ဗာတီကန်၌တွေ့ဆုံခဲ့

ပြီးခဲ့သော တနလ်ာနေ့က ပုပ်ရဟန်းမင်းကြီးသည် တောင်ဆူဒန်အတွက်ရွေးချယ်ခံထားရသော ဆရာတော်လောင်းလျာနှင့်တွေ့ဆုံခဲ့သည်။ ဆရာတော်သိ က္ခာထပ်ရန် မဂ်လာရက်ကို ယခင်နှစ်က ရွေ့ဆိုင်းခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်လောင်းလျာသည် Rumbek သာသနာ၏ ဆရာတော် အဖြစ် အမည် ထွက်လာပြီးနောက် သေနတ်ပစ်ခံခဲ့ရသည်။ ဆရာတောင်းလောင်းလျာ Christian Carlassare သည် ရဟန်းမင်းကြီးဖရန်စစ်နှင့် (၁၁) ရက်ကြာသီးသန့်တွေ့ဆုံ ခဲ့ပြီးနောက်၊ သူ၏ဆရာတော်သိက္ခာထပ်သည့်မဂ်လာအခမ်းအနားကို မတ်လ (၂၅) ရက်နေ့တွင်ကျင်းပရန် ထပ်မံရက်သတ်မှတ်ခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် ဇူလိုင်လ (၅-၇) ကြာ တောင်ဆူဒန်နိုင်ငံ၏ မြို့တော်သို့ ကြွရောက်မည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် ဆရာတော် လောင်းလျာအတွက် ဆုတောင်းပေးခဲ့သည်။ ဆရာတော်လောင်းသည် Comboni သာသနာပြုဘုန်းတော်ကြီးအသင်းမှဖြစ်သည်။ သူသည် ဆရာ တော်အဖြစ် ကြေညာခံရပြီး တစ်လအကြာ၊ ဧပြီ (၂၀၂၁) ခုနှစ်၌ ခြေနှစ်ဖက်လုံးတွင် သေနတ် ပစ်ခံခဲ့ ရသည်။ ထိုသာသနာသည် ဆရာတော်နေရာလစ်လပ်နေခဲ့သည်မှာ ဆယ်စု နှစ်တစ်စု ပင်ကျော် ပြီဖြစ်သည်။ ဆရာတော်လောင်းသည် သက်တော် (၄၄) နှစ်သာရှိသေးပြီး၊ အီတလီလူမျိုးဖြစ်သည်။ (၂၀၀၅) ခုနှစ်မှစ၍ဆူဒန်တောင်ပိုင်း Malakal သာသနာ၌ သာသနာပြုနေခဲ့သူဖြစ်သည်။ သေနတ် ဒဏ်ရာကိုကုသရန် ကင်ညာနိုင်ငံ၏မြို့တော် နိုင်ရိုဘီသို့ လေယာဉ်ဖြင့်ပို့ဆောင်ကုသခဲ့သည်။
သူသေနတ်ပစ်ခံခဲ့ရသည့်ဖြစ်စဉ်ကို ဗွီဒီယိုရိုက်ကူးမှတ်တမ်းတင်ထားသည်။ ထိုဗွီဒီယို၌ ယခုကဲ့သို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် အသက်ကိုရန်ရှာနေခြင်းဖြစ် သော်လည်း သူ့အနေဖြင့် နောက်ဆုတ်မည်မဟုတ်ကြောင်း၊ အတတ်နိုင်ဆုံး ‘ဘုရားသခင်၏ နှလုံးတော်ကို ဆောင်၍ တရားမျှတခြင်း’ ဖြင့် Rumbek ပြည်သူများ အကြား ရင်ကြားစေ့ရန်ကြိုးစားမည်ဖြစ်ကြောင်း၊ လမ်းပြန်လျှောက်နိုင်ရန်မှာ အချိန်အနည်းငယ်ယူရဦးမည်ဖြစ်ကြောင်း၊ သို့သော် ပြည်သူများအနေဖြင့် အားမ ငယ်ရန်၊ သူအရောက်ပြန်လာ၍ ပြည်သူများနှင့် အတူဆက် လက်ရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝေဒနာကြားက သိုးစုများကိုအားပေးစကားပြော ကြားထားသည်။ Rumbek သာသနာသည် (၂၀၁၁) ခုမှစ၍ သာသနာပိုင်ဖြစ်ခဲ့သောဆရာတော် Cesare Mazzolari ပျံလွန်ပြီးနောက် သာသနာပိုင်ဆရာတော် နေရာလစ်လပ်နေခဲ့သည်။
ဆရာတော်လောင်းသည် ဆေးကုသမှုခံယူနေရာမှ (မေလ၊ ၅၊ ၂၀၂၁) တွင်ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ ဆရာတော်လောင်းသည် သိုးထိန်းကောင်းပီသစွာ ဖြင့် သူတာ၀န်ခံရမည့် သာသနာအတွင်းရှိပြည်သူများ၏လုံခြုံမှုကိုသာ အဓိကထားပြီး ယခုကဲ့သို့သော် အကြမ်းဖက်ခြင်း၊ အုပ်ကွဲအောင်လုပ်ခြင်း၊ တစ်စုတစ်ဖွဲ့အ တွက်သာဦးစားပေးခြင်း စသောလုပ်ရပ်များ အမြန်ဆုံးချုပ်ငြိမ်းရန်ဆုတောင်းကြောင်း၊ မိမိတို့၏အမှားထဲ၌ဆက်လက်၍ ခေါင်းမာစွာရှိနေသောသူများ အမြင်မှန်ရ ရှိလာရန် ဆုတောင်းပါကြောင်း၊ ခံထမ်းနေရသော ဝေဒနာကိုလည်း သာသနာပိုင်ပိုင် ဖြစ်လာ သောအခါ တွေ့ကြုံရမည့်အခြေအနေအရပ်ရပ်အတွက်လည်း ကောင်း၊ ယခုကဲ့သို့သော အခြေအ နေမျိုးနှင့်အကြမ်းဖက်မှု၊ ခွဲထွက်မှုများ ဆက်လက်သက်ဆိုးမရှည်ကြတော့စေရန် ပူဇော် လျှက် ရှိကြောင်း၊ (ဇွန်၊ ၂၀၂၁) ၌ ဆရာ တော်လောင်းအားပစ်ခတ်ရာတွင် သံသယရှိ သူတစ်ဦးကို ဖမ်းဆီး နိုင်ခဲ့သည်။ ထိုသူ၏ဖော်ထုတ်ချက်ကြောင့် ပါ၀င်ပတ်သက်ခဲ့သော အခြား (၆) ဦးကိုလည်းဖော် ထုတ်ပေးခဲ့သည်။ ၄င်းတို့အနက် သာသနာ၏ တွဲဖက်တာ၀န်ခံဖြစ်သော ဘုန်းတော်ကြီး John Mathiang လည်းပါသည်။ အဆိုပါ (၆) ဦးအနက် (၂) ဦးကိုမှု ခိုင် လုံသော မည်သည့် အထောက် အထားမျှမ တွေ့ရသော ကြောင့် ယခုနှစ်အစပိုင်း၌ပြန်လွှတ်ပေးခဲ့သည်။ Rumbek သာသနာသည် ကက်သလစ်ဘာသာတူ (၂၀၀၀၀၀) ရှိသောသာသနာဖြစ်ပြီး၊ တောင်ဆူဒန်၏လူဦးရေမှာ (၁.၇) သန်းရှိသည်။ Rumbek သည် တောင်ဆူဒန်၏မြို့တော်ဖြစ်သည်။ ဆူဒန်နိုင်ငံသည်လည်း ပြည်တွင်းစစ်မီးလောင်ကျွမ်းနေခဲ့ရရာ (၂၀၀၅) ခုနှစ်၌ ငြိမ်းသတ်နိုင်ခဲ့ပြီး၊ လွှတ်လပ်သော တောင်ဆူဒန်ပြည်နယ်အဖြစ် (၂၀၁၁) မှစ၍ရပ်တည်လာခဲ့သည်။ ယခင်မြို့တော်မှာ Juba ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3COyptR

Add new comment

2 + 0 =