ပုပ်ဖရန်စစ်သည် သန့်ရှင်းသောမြေ (အီစ္စရေး) အတွက်ဗာတီကန်သံအမတ်အသစ်ခန့်အပ်

ပုပ်ဖရန်စစ်သည် သန့်ရှင်းသောမြေ (အီစ္စရေး) အတွက်ဗာတီကန်သံအမတ်အသစ်ခန့်အပ်

ပုပ်ဖရန်စစ်သည် သန့်ရှင်းသောမြေ (အီစ္စရေး) အတွက်ဗာတီကန်သံအမတ်အသစ်ခန့်အပ်

            ဗာတီကန်၌ ကိုယ်တော်မြတ်ပွဲတော်ကြီးကိုကျင်းပသောနေ့၌ ပုပ်ရဟန်းမင်းကြီးက ဖိလစ်ပိုင်ဂိုဏ်းချုပ်ဆရာတော် Adolfo Tito Yllana အားအီစ္စရေးနှင့်ဆိုင်းပရပ်စ်၏ ဗာတီကန်သံအမတ်အဖြစ်လည်းကောင်း၊ ဂျေရူးဆလင်နှင့်ပါလက်စတိုင်းအတွက်မှာမူ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ်ခန့်အပ်ကြောင်းကြေညာခဲ့သည်။ ထို့ကြောင့်ဂိုဏ်းချုပ်ဆရာ တော်သည် ယခုအမူတော်ကိုမထမ်းဆောင်မီက အာဖရိက၊ အာရှ၊ ဥရောပနှင့်ကမ်းရိုးတန်းနိုင်ငံများ၌ ဗာတီကန်၏ကိုယ် စားလှယ်အဖြစ်အမူထမ်းခဲ့သည်။ ထိုအတွေ့အကြုံများဖြင့် ယခုရဟန်းမင်းကြီးဖရန်စစ်က သူ့အားအထက်ကဆိုခဲ့သော အမှုတော်ကိုထမ်းဆောင်ရန်တာ၀န်ပေးအပ်ခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်ကြီးသည် သက်တော် (၇၃) နှစ်ရှိပြီဖြစ်သည်။ သူသည်ဩစတေးလျားနိုင်ငံအတွက် ဗာတီကန်သံအမတ်အဖြစ်အမှုထမ်းခဲ့သည်။

            ဂိုဏ်းချုပ်ဆရာတော်အား (၁၉၄၈၊ ဖေဖော်၀ါရီ ၆) ရက်နေ့၌မွေးဖွားခဲ့ပြီး၊ (၁၉၇၂၊ မတ်လ ၁၉) ရက်‌နေ့၌ ထာ ၀ရ ရဟန်းသိက္ခာကိုခံယူခဲ့သည်။ သူသည် အမိသာသနာတော်၏ဥပဒေပညာကို ရောမမြို့ရှိ ရဟန်းမင်းကြီးအသိအမှတ် ပြုထားသောတက္ကသိုလ်များအနက်တစ်ခုဖြစ်သော လေတယ်ရင်တက္ကသိုလ်၌ ဥပဒေပါရဂူဘွဲ့ကိုဆွတ်ခူးရရှိခဲ့သည်။ ဤ ပညာရပ်ကို လေ့လာသင်ကြားပြီးဆုံးသွားပြီးနောက်မှသာ သာသနာ၏သံတမန်အခင်းအကျင်းသို့ (၁၉၈၄) ခုနှစ်မှ၀င် ရောက်ခဲ့သည်။ သူအမှုထမ်းခဲ့သောနိုင်ငံများမှာ ဂန္နာ၊ သီရိလင်္ကာ၊ တူရကီ၊ လေဘနွန်၊ ဟန်း‌ဂေရီ၊ ထိုင်၀မ်နိုင်ငံများဖြစ် သည်။   

 (၂၀၀၁၊ ဒီဇင်ဘာ) လမှစ၍ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) က သူ့အား ပါပူအာနူးဂီနီ၏ဗာတီကန်သံအမတ်အ ဖြစ်ခန့်အပ်လိုက်ကြောင်းကြေညာပြီး၊ (၂၀၀၂၊ ဇန္န၀ါရီ ၆) ရက်နေ့၌ ဆရာတော်သိက္ခာကို စိန့်ပီတာရင်ပြင်၌ ထပ်ပေးခဲ့ သည်။ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) လက်ထက်၌ သူ့အားပါကစ္စတန်၏ ဗာတီကန်သံအမတ်အဖြစ် (၂၀၀၆) ခု နှစ်၌ခန့်အပ်ခဲ့သည်။ (၂၀၁၀) တွင်ကွန်ဂိုသမ္မတနိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ (၂၀၁၅၊ ဖေဖော်၀ါရီလ) ၌ ရဟန်းမင်းကြီးဖရန်စစ်က သူ့အား ဩစတေးလျားနိုင်ငံ၏ဗာတီကန်သံအမတ်အဖြစ်တာ၀န်ပေး အမှုထမ်းခဲ့သည်။

 (Apostolic Nuncio = ဗာတီကန်သံအမတ်၊ Apostolic Delegate = ရဟန်းမင်းကြီး၏ကိုယ်စား လှယ် သံ အမတ်ဖြစ်လျှင် ဘာသာရေးသာမဟုတ်ဘဲ မိမိရောက်ရှိနေသောနိုင်ငံ၏ နိုင်ငံရေးအဆင့်ရှိအခမ်းအနားများသို့ ဗာတီကန် ကိုယ်စားတက်ရောက်ရသည်။ ရဟန်းမင်းကြီးကိုယ်စားလှယ်မှာ ဘာသာရေးသက်သက်သာဖြစ်သည်။)             

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uYpWib

Add new comment

9 + 5 =