ပုပ်ဖရန်စစ်သည် ဝန်ထမ်းတိုင်းရဲ့အလုပ်ကို တန်ဖိုးထားပေးဖို့ စီးပွားရေးမန်နေဂျာတွေကို ဖိတ်ခေါ်တွေ့ဆုံ

ပုပ်ဖရန်စစ်သည် ဝန်ထမ်းတိုင်းရဲ့အလုပ်ကို တန်ဖိုးထားပေးဖို့ စီးပွားရေးမန်နေဂျာတွေကို ဖိတ်ခေါ်တွေ့ဆုံ

ပုပ်ဖရန်စစ်သည် ဝန်ထမ်းတိုင်းရဲ့အလုပ်ကို တန်ဖိုးထားပေးဖို့ စီးပွားရေးမန်နေဂျာတွေကို ဖိတ်ခေါ်တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်တွင် ပြင်သစ်လုပ်ငန်းရှင်များအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး သူတို့သည် အများအကျိုးအတွက် ဦးစားပေးပြီး ဘုရားဖူးတစ်ခုအတွက် ရောမမြို့တွင် ရောက်ရှိနေကြခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အခွင့်အာဏာနှင့် ဝန်ဆောင်မှုညီမျှစေရန် ခရစ်ယာန်စီးပွားရေးခေါင်းဆောင်များအဖြစ် တာဝန်ရှိကြောင်း ကို သူတို့အား သတိပေးခဲ့ပါတယ်။

"ခရစ်ယာန်မန်နေဂျာ၏တာဝန်မှာ သခင်ယေဇူးလိုမျိုး ပုံကောင်းသက်သေ သိုးထိန်းတစ်ဦးအဖြစ် ပုံစံ တူညီကြောင်း၊ လမ်းကို ပြသရန် သိုးစုရှေ့ကနေ ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာ သိရှိသူတွေဖြစ်ကြောင်း၊ သိုးစုတွေကြားမှာ ဘာဖြစ်ပျက်နေသလဲဆိုတာ သိမြင်တဲ့သူဖြစ်ကြောင်း၊ သိုးစုတွေ တစ်ယောက်မှ နောက်မှာမကျန်ခဲ့ဖို့ သေချာစေရန် နောက်ကွယ်ကနေ ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာ သိသူတွေ ဖြစ်ကြတယ်"ဟု ပုပ်ဖရန်စစ်ကမိန့်ကြားတော်မူသည်။

ပုပ်ရဟန်းမင်းကြီးက စီးပွားရေးခေါင်းဆောင်များကို သူတို့၏အဖွဲ့အစည်းများအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များချရန် ခေါ်လေ့ရှိသော်လည်း၊ ရာထူးအဆင့်ဆင့်တိုင်း၌ ဝန်ထမ်းများနှင့်အတူ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးရန် အရေးကြီးကြောင်း ပုပ်ရဟန်းမင်းကြီးက ရှင်းပြခဲ့သည်။

"ခရစ်ယာန်မန်နေဂျာအား သူတို့၏လုပ်ငန်းတွင် အရေးပါပုံရသော အလုပ်များအပါအဝင် သူတို့၏ကုမ္ပဏီရှိလူတိုင်းအား တာဝန်ပေးအပ်သည့် အခန်းကဏ္ဍကို ဂရုတစိုက်စဉ်းစားပေးရန် ထည့်သွင်းစဥ်းစားရမည်ဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့အမြင်တွင်လူသားတစ်ဦးစီတိုင်းသည်အရေးကြီးသည်"ဟု အရှင်သူမြတ်ကမိန့်ကြားတော်မူသည်။

အပြိုင်အဆိုင် စီးပွားရေးလောကတွင် ဘုရားသခင်၏နှုတ်ကပါတ်တော်အတိုင်းအသက်ရှင်နေထိုင်ရန် ခက်ခဲကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝန်ခံခဲ့ပြီး သူက စီးပွားရေးလုပ်ငန်းရှင်များအား စိတ်ရှည်ဖို့နဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ချတဲ့ အခါ ဘုရားသခင်ကို မေးပြီး လမ်းညွှန်ပေးခိုင်းဖို့ အားပေးခဲ့သည်ဟုဆိုသည်။

ဘာသာပြန် - RVA Myanmar

https://bit.ly/3toMH1t

Add new comment

1 + 6 =