ပုပ်ဖရန်စစ်သည် လူ့အခွင့်အရေးလုပ်ဆောင်နေသူများအတွက်ဆုတောင်းပေးရန်မေတ္တာရပ်ခံ

ပုပ်ဖရန်စစ်သည် လူ့အခွင့်အရေးလုပ်ဆောင်နေသူများအတွက်ဆုတောင်းပေးရန်မေတ္တာရပ်ခံ

  ရဟန်းမင်းကြီးများသည် လစဉ်၄င်းတို့၏ဆုတောင်းခြင်း၏ရည်ရွယ်ချက်များထားရှိ၍ ပူဇော်ပေးလေ့ရှိသည်။ ယခု ဧပြီလအတွက်ကို ရဟန်းမင်းကြီး၏ရည်ရွယ်ချက်ကိုဗွီဒီယိုဖိုင်လ်ဖြင့်ဆုတောင်းခြင်းတွဲ၍တင်ထားပေးပါသည်။

ယခု၏ရည် ရွယ်ချက်မှာ ‘အာဏာရှင်များ၊ အာဏာရှင်ဆန်သော အုပ်ချုပ်မူစတစ်၏လက်အောက်၌သာမက မတည်မငြိမ်ဖြစ်နေသော  ဒီမိုကရေစီစနစ်များ၌ပင် အခြေခံလူ့အခွင့်အရေးအတွက် အသက်ကိုပဓာနမထားဘဲတိုက်ပွဲ၀င်နေ ကြသောသူများအတွက် ဆုတောင်းပေးရန်ဖြစ်သည်။ သို့မှသာသူတို့၏ပေးဆက်ခဲ့သည့်အကျိုးရလာဒ်ကိုမြင်တွေ့ခွင့်၊ အသီးအပွင့်များစွာသီးပွင့်လာ သည်ကိုမြင်တွေ့ခွင့်ရစေရန်ဖြစ်သည်။

ရဟန်းမင်းကြီးအနေဖြင့်အဓိကထားမိန့်ကြားလိုသည်မှာ ‘ဆင်းရဲနွမ်းပါးခြင်း၊ တန်း တူညီမျှမရှိမူ၊ အလုပ်လက်မဲ့၊ မြေယာမဲ့၊ အိမ်ရာမဲ့ပြဿနာများ၊ လူမူအခွင့်အရေးနှင့်အလုပ်အခွင့်အလမ်းများဆုံးရှုံးနေမူ များကိုရဲရဲ၀၀ တိုက်ပွဲ၀င်နေကြသောသူများကိုဆိုလိုခြင်းဖြစ်သည်။

မကြာခဏဆိုသကဲ့သို့ အခြေခံလူ့အခွင့်အရေးများသည် လက်တွေ့၌လူတိုင်းအပေါ်တန်းတူညီမျှမူမရှိကြပေ။ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစားလူ့အဖွဲ့အစည်း များ၊ လူရာမ၀င်သောလူ့အတန်းစားများဟူ၍ခွဲခြားဖြစ်ပေါ်နေသည်။

အမှန်ဆိုသော် လူသားတိုင်းသည် လူ့အခွင့်အရေး ၏ပြည့်၀သောစောင့်ရှောက်မူကိုခံယူရန်အခွင့်အရေးအပြည့်ရှိသည်။ ဤအခြေခံလူ့အခွင့်အရေးကို မည်သည့်နိုင်ငံ၊ မည် သည့်အစိုးရ၊ မည်သည့်လူ့မူအဖွဲ့အစည်းကမျှငြင်းပယ်၍မရပါ။ သို့သော်အချို့နေရာများ၌ လူ့ဂုဏ်သိက္ခာကာကွယ်စောင့် ရှောက်သည်ဆိုရာ၌ ဖမ်းဆီးအကျဉ်းကျထားခြင်း၊ ထိုသို့ဖမ်းဆီးရာ၌လည်း မေးမြန်းစစ်ဆေးခြင်းများပင်မပြုဘဲ အမူ ဆင်ဖမ်းနေခြင်း၊ မတရားစွပ်စွဲဖမ်းဆီးခြင်းဟုအဓိပါယ်သက်ရောက်အောင်လုပ်ဆောင်ဖန်တီးနေသည်မှာအလွန်စိတ်မ ချမ်းမြေ့ဖွယ်ရာဖွယ်ဖြစ်ရကြောင်းရှင်းပြထားပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Rome Reports/Google Images

   https://bit.ly/3d0tnz2      

Add new comment

3 + 7 =