ပုပ်ဖရန်စစ်သည် လူငယ်များအား အိပ်မက်ရည်မှန်းချက် အကြီးကြီးထားပြီး ဂရုစိုက်တတ်တဲ့ ဓလေ့ကို အမွေခံ ရန်နှင့် မိတ်သဟာရစိတ်ထားချန်ပီယံဖြစ်ဖို့ အားပေးတိုက်တွန်း

ပုပ်ဖရန်စစ်သည် လူငယ်များအား အိပ်မက်ရည်မှန်းချက် အကြီးကြီးထားပြီး ဂရုစိုက်တတ်တဲ့ ဓလေ့ကို အမွေခံ ရန်နှင့် မိတ်သဟာရစိတ်ထားချန်ပီယံဖြစ်ဖို့ အားပေးတိုက်တွန်း

စနေနေ့တုန်းက ဘာရိန်းနိုင်ငံ၊ Awali မှာရှိတဲ့ ယေဇူးရွှေနှလုံးတော်ကျောင်း၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် က လူငယ်များအား “ အိပ်မက်ရည်မှန်းချက် အကြီးကြီးထားပြီး မက်ဖို့ သတ္တိကို ဘယ်တော့မှ မပျောက်ဆုံးစေဘဲ ဘဝအသက်တာကို အပြည့်အ၀ ရှင်သန်နေထိုင်ရန် တိုက်တွန်းခဲ့ပါတယ်။

"ဂရုစိုက်တတ်တဲ့ ဓလေ့ကို ကျင့်သုံးပြီးတော့ အဲ့ဒီအရာကို ပြန့်ပွားအောင် လုပ်ပါ။ မိတ်သဟာရစိတ်ထားချန်ပီယံဖြစ်လာဖို့ ကြိုးစားပါ၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်ရဲ့ ခိုင်မာတဲ့ ပဲ့ပြင် လမ်းညွန်မှုနဲ့ ကောင်းသော အကြံပေးပုဂ္ဂိုလ် တွေရဲ့ အကြံဉာဏ် ရယူခြင်းအားဖြင့်ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုက်ပါ။” ဆိုပြီးမြွက်ကြား‌ခဲ့တာဖြစ်ပါတယ်။

ပုပ်ဖရန်စစ်က လူငယ်များအား “ ဂရုစိုက်တတ်တဲ့ ဓလေ့ကို ထွေးပိုက် ကျင့်သုံးဖို့ ဖိတ်ခေါ်ခဲ့ပြီး ဂရုစိုက်ခြင်းဟာ အတွင်းစိတ်နှလုံးရဲ့ စာနာသနားမှုကို ပိုတိုးအောင်လုပ်ခြင်းဖြစ်ပြီး အဲဒီအရာကနေ လူအများနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှု ဆီကို ရောက်ရှိစေပြီး အလေးထား လာစေတယ်" လို့လည်း မြွက်ကြားခဲ့ပါတယ်။

ဤဂရုစိုက်မှု ဓလေ့ဟာ ယနေ့မျက်မှောက်ခေတ်အတွက် “အလှည့်အပြောင်း” ဒါမှမဟုတ် “ဖြေဆေး” ဖြစ်နိုင်တယ်လို့ လည်းဆိုပါတယ်။

"ကျွန်ုပ်တို့တွေ ဂရုစိုက်မှု ဓလေ့ကို ဆုပ်ကိုင်ထားမည်ဆိုပါက မိတ်သဟာရ စိတ်ဓာတ်ရဲ့ မျိုးစေ့ကို ကြီးထွားစေမည်" ဟုလည်း ပုပ်ရဟန်းမင်းကြီးက ဆက်လက်မြွက်ကြားခဲ့ပါတယ်။

ပုပ်ဖရန်စစ်က သူတပါးကို ပြုစုစောင့် ရှောက်ဖို့အတွက် "အရင်ဦးဆုံး ဘုရား သခင်နဲ့ စကားပြောရမယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ရမယ်။တခြားသူတွေရဲ့ နှလုံးသားကို နားထောင်တတ်ရမှာဖြစ်ပြီးသူတို့ဘဝရဲ့ ပျော်ရွှင်ဝမ်းနည်းခြင်းတွေကို ဝေငှရမယ်" လို့ ကြွရောက်လာတဲ့ ပရိတ်သတ်တွေကို မြွက်ကြားတော်မူခဲ့ပါတယ်။

ပုပ်ဖရန်စစ်က လူငယ်များအား “ မိတ်သဟာရ စိတ်ထား ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းကြရန် နှိုးဆော်တိုက်တွန်းခဲ့ပြီး သဟာရ စိတ်ဓာတ်နဲ့ နေထိုင်ခြင်းအားဖြင့်သာလျှင်ကမ္ဘာဟာ အနာဂတ်ဆိုတာ ရှိတာကြောင့် အနာဂတ်ကို တည်ဆောက်သူများဖြစ်ကြစို့" လို့ မြွက်ကြားခဲ့တာပါ။

"ဘုရားသခင်နဲ့ ရင်းနှီး ကျွမ်းဝင်မှုရှိမှသာလျင်တခြားသူတွေက ကျွန်ုပ်တို့ဆီက ဘုရားသခင်ကို မြင်တွေ့ကြမှာဖြစ်တာကြောင့် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှုကို ဆောက်တည်ဖို့လည်း အရှင်သူမြတ်က တိုက်တွန်းခဲ့ပါတယ်။

ပုပ်ဖရန်စစ်သည် လူငယ်များအား "ဘဝမှာ ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ စိန်ခေါ်မှုတွေကို လက်ခံဖို့ တိုက်တွန်းခဲ့ပြီး ဘုရားသခင်ဟာ ကျွန်ုပ်တို့နှင့်အတူ အမြဲရှိတာကြောင့် ဘယ်တော့မှ တစ်ယောက်ထဲမသွားဘဲ ကြောက်ရွံ့ခြင်းကင်းစွာနဲ့ ရှေ့ဆက်လျောက်လှမ်းဖို့" အားပေးခဲ့ပါတယ်။

“တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းပြီး ဘုရားသခင်နဲ့ ရင်းနှီးစွာ စကားပြောခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသံကို ခွဲခွဲခြားခြား သိမြင်နိုင်ဖို့” နဲ့ ဘဝအတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို ဆိုရှယ်မီဒီယာမှာ အရင်ဦးဆုံးမရှာဘဲ ကောင်းသော အကြံပေး ပုဂ္ဂိုလ် တွေဆီမှာ ရှာဖို့ လူငယ်တွေကို အရှင်သူမြတ်က တိုက်တွန်းခဲ့ပါတယ်။

"ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ ဘဝခရီးလမ်းပေါ်မှာ တစ်ယောက်ကိုတစ်ယောက် လက်တွဲကူညီလျှောက်လှမ်းဖို့လည်း လိုအပ်တယ်။ ကျွန်ုပ်တို့ သင်တို့ကို လိုအပ်တယ်။သင်တို့ရဲ့ ဖန်တီးနိုင်စွမ်း၊ သင်တို့ ရဲ့အိပ်မက်တွေနဲ့ သင်တို့ရဲ့ ရဲစွမ်းသတ္တိ၊ သင်တို့ရဲ့ နှစ်လိုဖွယ်ရှိတဲ့ အပြုံးတွေ၊ သင်တို့ရဲ့ကူးစက်တတ်တဲ့ပျော်ရွှင်မှုတွေ၊ သင်တို့အရူးအမူးဖြစ်တဲ့အရာအားလုံးတွေနဲ့ အခြေအနေတိုင်းမှာ အဲ့ဒီအရာတွေက ကျွန်ုပ်တို့ အရာရာကို ကြည့်တဲ့ နည်းလမ်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ဟောင်းနွမ်းတဲ့ အကျင့်ဆိုးတွေကို အကျင့်ဖျောက်တဲ့နေရာမှာ အကူအညီဖြစ်စေတယ်" ဟု ဆိုကာ

ပုပ်ဖရန်စစ်က အသင်းတော်သည် သင်နှင့်အတူတူရှိတယ်။ အသင်းတော်က သင်တို့တစ်ဦးစီတိုင်းကို လိုအပ်ပြီး သင်တို့နဲ့ အတူ ကျွန်ုပ်တို့အားလုံး အသစ်တဖန် ပြုပြင်နိုင်စေတယ်။ လမ်းသစ်ကိုရှာဖွေနိုင်တယ်။ဘာသာစကားအသစ်ကိုပြောဆိုနိုင်တယ်။ ပိုပြီးတော့မှ ရင်နှီးဖော်‌ရွေပြီး၊ ပျော်ရွှင်စေတဲ့ လူဖြစ်စေတယ်ဆိုပြီး မြွက်ကြားခဲ့တာဖြစ်ပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/3WWm4gP

Add new comment

1 + 6 =