ပုပ်ဖရန်စစ်သည် လာမည့်နို၀င်ဘာလ၌ ဘာရိန်းနိုင်ငံသို့တမန်တော်ခရီးကြွမည်။

Archive photo of Pope Francis receiving Sheikh Kahlid bin Ahmed Al Khalifa, Special Envoy of the King of Bahrain, on 25 November 2021

ပုပ်ဖရန်စစ်သည် လာမည့်နို၀င်ဘာလ၌ ဘာရိန်းနိုင်ငံသို့တမန်တော်ခရီးကြွမည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပါရှန်ပင်လယ်ကွေ့ကျွန်းနိုင်ငံဖြစ်သော ဘာရိန်းသို့ နို၀င်ဘာလ (၃-၆) ရက် (၂၀၂၂) တွင်တမန်တော်ခရီးကြွမည်ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ဗာတီကန်သတင်းဌာနက ထုတ်ပြန်ကြေညာခံ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဘာရိန်းနိုင်ငံ၏ နိုင်ငံတော်နှင့်ဘာသာရေးအာဏာပိုင်များ၏ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ကြောင်း၊ ဤခရီးစဉ်အတွင်း၌ ရဟန်းမင်းကြီး သည် ‘Bahrain Forum for Dialogue: East and West for Human Coexistence’ (အရှေ့တိုင်းနှင့် အနောက် တိုင်းသားများအတူတကွယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘာရိန်း၌ဆွေးနွေးချက်) ကိုတက်ရောက်ရင်း Manama နှင့် Awali မြို့များသို့ကြွရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုမူ များမကြာမီ ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ယခုကြွရောက်မည့်တမန်တော်ခရီးစဉ် သည် ကက်သလစ်သာသနာတော်ကြီး၏အမြင့်ဆုံးအမှုတော်ကိုထမ်းဆောင်သူ၏ ဘာရိန်းနိုင်ငံသို့ ပထမ ဦးဆုံးကြွရောက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်နှင့်ဘာရိန်းဘုရင် Hamad bin Isa Al Khalifa တို့ သည် (၂၀၁၄) ခုနှစ်ကလူ ချင်းတွေ့ဆုံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် (၂၀၁၄၊ မေ ၁၉) ရက်နေ့က ဘာရိန်းဘုရင် Hamad bin Isa Al Khalifa သည်ဗာတီကန်သို့လာရောက်လည်ပတ်ခဲ့ပြီး ရဟန်းမင်းကြီးဖရန်စစ်နှင့်လည်းတွေ့ဆုံခဲ့သည်။ ဘာရိန်းဘုရင်သည် များမကြာမီက ဗာတီကန်၏အတွင်း ရေးမှူး Pietro Parolin နှင့်လည်းကောင်း၊ ယခင်က ဗာတီကန် ၏နိုင်ငံတကာဆက်ဆံရေးဌာန ၏အတွင်းရေးမှူးဖြစ်ခဲ့သော ဂိုဏ်းချုပ်ဆရာတော် Dominique Mamberti နှင့်လည်းကောင်းတွေ့ဆုံခဲ့ဖူးသည်။

ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ ရဟန်းမင်းကြီးဖရန်စစ်နှင့်ဘာရိန်းဘုရင်တို့သည် ဘုံကောင်းကျိုးများနှင့်ဆိုင်သောအကြောင်း အရာများစွာကိုအာရုံနေကြကြောင်း၊ အထူး သဖြင့် အရှေ့ အလယ်ပိုင်း၏ငြိမ်းချမ်းရေးနှင့်အဆိုပါငြိမ်းချမ်းရေးကို အဓွန့်ရှည်ထိန်းသိမ်းထားနိုင်ရေး၊ တွေ့ဆုံဆွေး နွေးအဖြေရှာရေးနှင့်လူမှုအသင်းအဖွဲ့အသီးသီးက အတူတကွငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး စသောအ ကြောင်းအရာများဖြစ်ကြောင်း၊ ထို့အတူ ဘုရင်အနေဖြင့် နိုင်ငံတော်အပေါ် ခရစ်ယာန်တို့၏ အပြုသဘောဆောင်သောပူးပေါင်းပါ၀င်မှု အထူးသဖြင့် ကက်သလစ်သာသနာတော်ကြီး၏ပူးပေါင်းပါ၀င်မှုကို လည်းတောင်းဆိုခဲ့ကြောင်းဖော်ပြထားပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3dPawKn

Add new comment

3 + 4 =