ပုပ်ဖရန်စစ်သည် လာတင်းအမေရိကားနိုင်ငံများမှအကျဉ်းထောင်များအတွက်စိုးရိမ်

ပုပ်ဖရန်စစ်သည် လာတင်းအမေရိကားနိုင်ငံများမှအကျဉ်းထောင်များအတွက်စိုးရိမ်

ကိုလံဘီယာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏ကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ်ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လာတင်းအမေရိကားနိုင်ငံများရှိအကျဉ်း ထောင်တို့၏အခြေအနေကိုစိုးရိမ် ကြောင်းထုတ်ဖော်ခဲ့သည်။

နိုင်ငံမှဆရာတော်များ၊ ဘုန်းတော်ကြီးများအနေဖြင့် အကျဉ်းထောင်များသို့သွား ရောက်ကြည့်ရှုကြရန်ကိုလည်းတိုက်တွန်းခဲ့သည်။

ကိုလံဘီယာကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ကိုယ်စားလှယ်အဖွဲ့အား ကိုလံဘီယာနိုင်ငံ၊ Tunja ဂိုဏ်းချုပ်သာသနာပိုင် မွန်ဆီညှော် GABRIEL ANGEL VILLA VAHOS ကဦးဆောင်ထားသည်။

ရဟန်းမင်းကြီးရန်စစ်က အကျဉ်းကျခံနေရသောသူများအားပစ်ပယ်မထားဘဲ တတ်နိုင်သည့်ဖက်မှအနီးကပ်ကူညီစောင့်ရှောက်ရန်၊ အကျဉ်းထောင်ထဲ၌လူများအဆမတန်များသောကြောင့် နေထိုင်ရန်အတွက်လွန်စွာခက်ခဲသောအခြေအနေရှိကြောင်း၊ ထို့ကြောင့် သာသနာအနေဖြင့် ၄င်းတို့၏၀ိစ္စကိစ္စများကိုတတ်နိုင်သလောက်ကူညီစောင့်ရှောက်ရန်တာ၀န်ရှိကြောင်း၊ ရဟန်းမင်းကြီးသည် ဒေသတစ်ခုလုံးအားခြုံငုံ၍သာပန်ကြားလိုက်ပြီး အဲလ်ဆာဗာဒေါနိုင်ငံ၏အကျဉ်းထောင်ဟုမထုတ်ဖော်ခဲ့ပေ။

ဧရာမအကျဉ်းထောင်ကြီးတည်ဆောက်လိုက်ခြင်းနှင့်စပ်လျင်း၍အငြင်းပွားမှုကြီးကြီးမားမားရှိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ရာမီတာပတ်လည်အခန်း၌ အကျဉ်းသား (၁၀၀) ဦးထည့်ထားကြောင်း၊ ၄င်းတို့၏အိပ်စင်များမှာလည်းသံဖြင့်ပြုလုပ်ထားပြီး အိပ်ယာခင်းများလည်းမရှိပေ။

ရဟန်းမင်းကြီးအနေဖြင့် အကျဉ်းသားများအားအထူးဂရုစိုက်လေ့ရှိသည်။ ရဟန်း မင်းကြီးအမေရိကားတိုက်သို့တမန်တော်ခရီးကြွရောက်စဉ်က ကြည်ရှုဖူးသောအကျဉ်းထောင်အတော်များများရှိခဲ့သည်။ တစ်ခါတစ်ရံ အကျဉ်းထောင်၏ထိန်းသိမ်းစောင့်ရှောက်သည့်ပုံစံမှာ အကျဉ်းသားများအားသေမထူးနေမထူးစိတ်များဖြစ်ပေါ်လာစေပြီး နောက်ထပ်ရာဇ၀တ်မှုကျူးလွန်ချင်စိတ်ပေါ်လာအောင်စေ့ဆော်သကဲ့သို့ဖြစ်နေသည်။ ဖြစ်သင့်သည်မှာအဆင့်အတန်းရှိရှိထိန်းသိမ်းစောင့်ရှောက်၍ ၄င်းတို့ရာဇ၀တ်မှုကျူးလွန်ခဲ့ရသည့်ဖြစ်နိုင်ခြေအကြောင်းအရင်းများဖြစ်သော လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့်မိသားစုပြဿများစသည်တို့ကိုစုံစမ်းပြီး ပြန်လည်ထိန်းကျောင်းထူထောင်ပေးသင့်သည်။

(၂၀၂၂) ခုနှစ်ပါစကားကာလ၏ ကြာသပတေးနေ့ကြီးညနေ၀တ်ပြုခြင်းအစီအစဉ်၌ ရဟန်းမင်းကြီးမှ Borgata Aurelia အကျဉ်းထောင်မှအကျဉ်းသား (၁၂) ဦး၏ခြေကိုဆေးကြောပေးခဲ့သည်။ ထိုအပြုအမူသည်ရဟန်းမင်းကြီးဖြစ်လာမှသာပြုလုပ်ခြင်းမဟုတ်ဘဲ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires ဂိုဏ်းချုပ်သာသနာ ပိုင်ဆရာတော်အဖြစ်အမှုထမ်းစဉ်ကပင်နှစ်စဉ်ပြုလုပ်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MdL3Jk

Add new comment

6 + 3 =