ပုပ်ဖရန်စစ်သည် ရ၀မ်ဒါနိုင်ငံမှရေဘေး ဒုက္ခသည်များအတွက်ဆုတောင်းပေးခဲ့

ပုပ်ဖရန်စစ်သည် ရ၀မ်ဒါနိုင်ငံမှရေဘေး ဒုက္ခသည်များအတွက်ဆုတောင်းပေးခဲ့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ရ၀မ်ဒါသမ္မတနိုင်ငံအတွက် သူ၏ကိုယ်စားလှယ်အဖြစ်အမှုထမ်းနေသော ဂိုဏ်းချုပ်ဆရာတော် Arnaldo Catalan ထံသို့ပြီးခဲ့သော ကြ4ာသပတေးနေ့ (မေလ ၄) ရက်နေ့ကကြေးနန်းစာပေးပို့ခဲ့သည်။

သံကြိုးစာထဲ၌ ရေကြီးရေလွှမ်းမှုကြောင့်ပြည်သူများကြုံတွေ့နေရသောအဖြစ်အတွက်ထပ်တူခံစားရပါကြောင်း၊ ဆုတောင်းခြင်း၌နီးကပ်စွာရှိနေမည်ဖြစ်ကြောင်းမိန့်ကြားထားသည်။

ယခုရေကြီးရေလွှမ်းမှုသည် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့်ဖြစ်ပြီး မြေပြိုမှုများဖြစ်ပွားကာ လူပေါင်း (၁၃၀) ကျော်အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အတူ ရွံ့ရေများစီးဆင်းမှုနှင့်လူနေအိမ်များတိုက်စားစီးမျောသွားမှုကြောင့် လူပေါင်းရာနှင့်ချီပြောင်းရွေ့ခဲ့ရသည်။ အဆိုးဆုံးအပိုင်းမှာ နိုင်ငံ၏အနောက်ဖက်ခရိုင်နှင့်နီးစပ်သော Lake Kivu အပိုင်းဖြစ်ကြောင်းသိရသည်။

ရဟန်းမင်းကြီး၏မိန့်ကြားချက်အရ ရ၀မ်ဒါနိုင်ငံ၏အနောက်ဖက်နှင့်မြောက်ဖက်ပိုင်းတို့၌အသေအပျောက်များသကဲ့သို့အပျက်စီးလည်းများကြောင်း၊ ဤသဘာ၀ ဘေးဒဏ်ကြောင့် မိမိတို့၏မိသားစု၀င်များဆုံးရှုံးခဲ့ကြသောသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအားလုံးအတွက်လည်းဆုတောင်းပေးကြောင်းမိန့်ကြားထားသည်။
ယခုအခါ အရေးပေါ်ကယ်ဆယ်ရေးအတွက်အပူတပြင်းလုပ်ဆောင်နေကြသည်။

ရဟန်းမင်းကြီးသည် ရ၀မ်ဒါပြည်သူများအားလည်းကောင်းချီးပေး၍သူ၏၀မ်းနည်းဆုတောင်းပေးသည့်ကြေးနန်းစာကိုအဆုံး သတ်ထားပါသည်။

ရ၀မ်ဒါနိုင်ငံ၏၀န်ကြီးချုပ် Edouard Ngirente ကသဘာ၀ဘေးဒဏ်ဆိုးရွားစွာသင့်ခဲ့သောဒေသများဆီသို့သွားရောက်ကြည့်ရူခဲ့သည်။ အသက်ဆုံးရှုံးမှုသည်ယခုအရေအတွက်ထက်များပြားနိုင်သေးကြောင်းလည်းမှတ်ပေးခဲ့သည်။

နိုင်ငံတော်အစိုးရမှလည်း အထူးလိုအပ်နေသောဒေသများဆီသို့အကူအညီများရောက်ရှိနိုင်ရန်လုပ်ဆောင်ပေးလျှက်ရှိသည်။ အဘယ် ကြောင့်ဆိုသော် ရေကြီးပြီးမြေပြိုကျမှုဖြစ်ပွားသောဒေသအတွင်းရှိပြည်သူများအား နေရာရွေ့ပြောင်းထားပြီး ရွက်ဖျဉ်တဲ၌နေထိုင်ခိုင်းထားရသည်။ ရွံ့ရေစီးကြောင်းများရပ်တန့်သွားသည်အထိ ပြည်သူများထိုနေရာ၌ယာယီနေထိုင်ကြရန်အာဏာပိုင်များကပြောကြားထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3M7hdWI

Add new comment

8 + 1 =