ပုပ်ဖရန်စစ်သည် ရောမသာသနာကြီး၏သာသနာတည်ခြင်း (၂၀၂၅) နှစ်ပြည့်ဂျူဗလီပွဲကျင်းပရန်ပြင်ဆင်

ပုပ်ဖရန်စစ်သည် ရောမသာသနာကြီး၏သာသနာတည်ခြင်း (၂၀၂၅) နှစ်ပြည့်ဂျူဗလီပွဲကျင်းပရန်ပြင်ဆင်

ပုပ်ဖရန်စစ်သည် ရောမသာသနာကြီး၏သာသနာတည်ခြင်း (၂၀၂၅) နှစ်ပြည့်ဂျူဗလီပွဲကျင်းပရန်ပြင်ဆင်

          ရောမသာသနာ (ဒိုင်အိုစီ) သည်လည်း ကမ္ဘာပေါ်ရှိ အမိကက်သလစ်သာသနာတော်ကြီးများစွာရှိသည့်အနက် သာသနာတစ်ခု ဖြစ်သည်။ အဆိုပါရောမသာသနာသည် လာမည့် (၂၀၂၅) ခုနှစ်၌ သာသနာတည်ခဲ့သည်မှာ (၂၀၂၅) နှစ် ပြည့်တော့မည်ဖြစ်သည်။ တစ်နည်းဆိုသော် အမိကက်သလစ်သာသနာများအနက် အစောဆုံးတည်ခဲ့သောသာသနာလည်း ဖြစ်သည်။

အရေးကြီးသောဤပွဲတော်ကိုကျင်းပရန်ပြင်ဆင်ရာ၌ ပွင့်လင်းမြင်သာမှုရှိစေရန် ရဟန်းမင်းကြီးဖရန်စစ်က အထူးမေတ္တာရပ်ခံထားသည်။ ရဟန်းမင်းကြီးသည် ဤပွဲတော်ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ တာ၀န်ပေးအပ်ထားသော  Alessandro Cassinis Righini အား သေချာစွာစီမံကြပ်မတ်ရန်နှင့်အသုံးစရိတ်များကိုလည်းစီစစ်သုံးစွဲရန်ကိုလည်းအထူးမှာကြားထားသည်။

ယခုခြေလှမ်းသည် အလွန်ထူးခြားသည်။ အဘယ်ကြောင့်ဆိုသော် သာသနာ၏ရင်းနှီးမြှုပ်နှံမှု၊ သာ သနာ၏ပိုင်ဆိုင်မှုများ၊ လူသားအရင်းအနှီးများကို ထိရောက်စွာအဘယ်သို့စီမံမည်ကိုစောင့်ကြည့်ရမည်ဖြစ်သည်။ ရောမ သာသနာ (ဒိုင်အိုစီ) သည် သာသနာအုပ်စု (ပယ်ရစ်) ပေါင်း (၃၃၀) ခုကိုစီမံကြပ်မတ်ရပြီး၊ ဘုရားကျောင်းဆောင်ပေါင်း (၅၀၀) ကျော်ကိုစောင့်ရှောက်ထားရသည်။ ဤနေရာများအားလုံးကို ကမ္ဘာတစ်ဝှမ်းမှ ပွဲတော်သို့လာရောက်ကြမည့် ဘုရားဖူများအားတည်းခိုနိုင်စေရန် ယခုမှစ၍ကြိုတင်ပြင်ဆင်ရတော့မည်ဖြစ်သည်။

ထို့ကြောင့်မြန်မာပြည်မှ ကက်သလစ်ဘာသာတူများအားလည်း အဆိုပါဂျူဗလီပွဲတော်ကို နွှဲပျော်နိုင်ရန်အတွက် ငွေကြေး၊ ကျန်းမာကြံ့ခိုင်မှုရှိရန် ကြိုတင် ၍ပြင်ဆင်ထားကြပါဟုလည်းတိုက်တွန်းနိုးဆော်လိုက်ပါသည်။        

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ် 

Photo courtesy of Wikiwand/google images

https://bit.ly/3xatDm7

Add new comment

15 + 4 =