ပုပ်ဖရန်စစ်သည် ရုရှားနှင့်ယူကရိန်းကို အလွန်စင်ကြယ်သော မယ်တော် ၏နှလုံး တော်ထံ အပ်နှံပူဇော်မည်။

ပုပ်ဖရန်စစ်သည် ရုရှားနှင့်ယူကရိန်းကို အလွန်စင်ကြယ်သော မယ်တော် ၏နှလုံး တော်ထံ အပ်နှံပူဇော်မည်။

ပုပ်ဖရန်စစ်သည် ရုရှားနှင့်ယူကရိန်းကို အလွန်စင်ကြယ်သော မယ်တော် ၏နှလုံး တော်ထံ အပ်နှံပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့် မတ် (၂၅) ရက်နေ့၌ ရုရှားနှင့်ယူကရိန်းကို အလွန် စင်ကြယ်တော်မူသော မယ်တော်၏နှလုံးတော်ထံ အပ်နှံပူဇော်မည်ဖြစ် ကြောင်း မတ်လ (၁၅) ရက်နေ့၊ အဂ်ါနေ့က ဗာတီကန်၏သတင်းရုံးတော်မှာကြေညာခဲ့သည်။
မတ်လ (၂၅) ရက်နေ့သည် ‘သိကြားတမန် အမိမယ်တော်ကို အမိန့်တော် ပြန်သောပွဲနေ့’ ဖြစ်သည်။ ထိုနေ့ညနေပိုင်း (၅) နာရီအချိန်၊ စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌ အပြစ်အတွက် နောင် တယူခြင်းအစီအစဉ်ကို ရဟန်းမင်းကြီး ကိုယ်တိုင်ဦးဆောင်၍ အပ်နှံပူဇော်ခြင်း ကိုပြုလုပ် မည်ဖြစ်သည်။ ထို့အတူ ထိုနေ့၌ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ် ဖာတီမာ၌ရောက်ရှိနေသော ကာဒီနယ် Krajewski ကလည်း မယ်တော့်ဗိမာန်တော်တွင်ဤကဲ့သို့ပြုလုပ်မည်ဖြစ်သည်။
ကာဒီနယ် Krajewski သည် ယခုလအစောပိုင်း ယူကရိန်းသို့ ရဟန်းမင်းကြီး၏ ကိုယ်စား အဖြစ်စေလွှတ်ခဲ့သော ကာဒီနယ်နှစ်ပါးအနက်တစ်ပါးဖြစ်သည်။ မတ် လ (၂၅) ရက်နေ့သည် (၁၉၈၄) စိန့်ဂျွန်ပေါလ် (၂) မှ ရုရှားနှင့်ကမ္ဘာတစ်၀ှမ်းအား မယ်တော်၏ အလွန်စင်ကြယ်သော နှလုံးတော်သို့ အပ်နှံပူဇော်ခဲ့ သောနှစ်ပတ်လည် နေ့ဖြစ်သည်။ ယူကရိန်းမှ လာတင်း၀ိနည်းလိုက်သော ကက်သလစ် ဆရာတော်ကြီးများက ဤသို့အပ်နှံပူဇော်ပေးရန် ရဟန်းမင်းကြီးထံ မတ်လ (၂) ရက်နေ့၊ ပြာခံ၀ါ ၀င်သော ဗုဒ္ဓဟူးနေ့က လျှောက်ထားခဲ့သည်။ ယူက ရိန်းနိုင်ငံ၌ အရှေ့တိုင်း၀ိနည်းကျင့်သုံးသော ကက်သလစ် များလည်းရှိသည်။ ယူကရိန်းရှိ ဖာတီမာမယ်တော်ဗိမာန် ၌လည်း ရုရှား၏ပြောင်းလဲရေးအတွက် အထူးဆုတောင်းကြရာ၌ပါ၀င်ကြရန် မယ်တော့်ဗိမာန်၏တာ၀န်ခံဘုန်းတော်ကြီး Andrzej Draws မှ မတ်လ (၁၃) ရက်နေ့က ပန်ကြားလိုက်သည်။
ယူကရိန်းနှင့်ရုရှားတို့သည် ဥရောပ၌ ပထ၀ီအနေအထားအရာ အကျယ်ပြန့်ဆုံးသော နှစ်နိုင်ငံဖြစ်သည်။ ဘာသာရေးအရကြည့်လျှင်လည်း အရှေ့တိုင်း ဩသိုဒေါ့စ်အများဆုံးရှိသော နှစ်နှစ်ငံဖြစ်သည်။ ၄င်းတို့သည် မယ်တော်ကိုလည်းအလွန်ကြည်ညိုခြင်းကြီးကြသည်။ ‘ကျွန်ုပ်တို့သည် အမိမယ်တော်အား ညီအစ်ကိုမောင်နှမကဲ့သို့ ဆုတောင်းကြပါစို့’ ဟု မတ်လ (၆) ရက်နေ့က အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုအပြီးတိုက်တွန်းခဲ့သည်။
ယူကရိန်းနိုင်ငံသည် အမိမယ်တော်အား အဘယ်မျှကြည်ညိုကြသနည်းဟုမူ ယူကရိန်းဘုရင် Yaroslav the Wise ကလည်း (၁၀၃၇) ၌ သူ၏နိုင်ငံကို အမိ မယ်တော်ထံအပ်နှံပူဇော်ခဲ့သည်။ ထိုအ ချိန်မှစ၍ ယူကရိန်းနိုင်ငံသည် ‘ယူကရိန်းနိုင်ငံ၏ဘုရင်မ’ ဟုလူသိများလာခဲ့သည်။ ရဟန်းမင်းကြီး ဖရန်စစ်သည် မတ်လ (၆) ရက်နေ့ အန်ဂျေလူးဆုတောင်းခြင်းအပြီး ဘုရားဖူးများအား ယူကရိန်းနိုင်ငံ ၏ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနိုးဆော်ရာတွင် ‘ယူကရိန်းနိုင်ငံ၏ဘုရင်မဖြစ်သော မယ် တော်’ ဟုသုံးနှုန်းခဲ့သည်။ ‘ဆိုဗီယက်ပြည်ထောင်စု’ ဟုဂုဏ်သတင်းကျော်စောသော တော်လှန်ရေးများ မစတင်မီ (၁၉၁၇) ကာလက ရုရှားနိုင်ငံသည် ‘မယ်တော့်အိမ်’ ဟုအရပ်ထဲ၌ပြောဆိုခဲ့ကြသည်။ ရုရှား နိုင်ငံအတွင်း အမိမယ်တော်အားအပ်နှံပူဇော်ထားသော ဘုရားကျောင်းကန်များ၊ မယ်တော့် ဗိမာန် တော် များစွာကိုဖူးတွေ့နိုင် သောကြောင့်ဖြစ်သည်။
‌ပေါ်တူဂီနိုင်ငံ၊ ဖာတီမာမြို့၌ မယ်တော်ထင်ရှားပြခဲ့သော (၁၉၁၇) ခု၌ အမိမယ်တော်သည် လျှို၀ှက်ချက် (၃) ခုကိုဖော်ပြခဲ့သည်။ အဆိုပါ (၃) ချက်အနက် ဒုတိယတစ်ချက်ဖြစ်သော ပထမက မ္ဘာ စစ်သည် အဆုံးသတ်လိမ့်မည်။ သို့သော် လူတို့သည် ဘုရားသခင်အား ဆက်လက်၍ထိခိုက်ပြစ်မှား နေမည်ဆိုပါက အခြားသော စစ်ပွဲတစ်ခုထပ်မံဖြစ်ပွားလိမ့်မည်။ ရုရှားနိုင်ငံကိုလည်း မယ်တော်၏ အလွန် စင်ကြယ်တော်မှုသောနှလုံးတော်ထံ အပ်နှံထားရန်မိန့်ကြားခဲ့သည်။ ထိုစစ်ပွဲသည် ရဟန်းမင်း ကြီးပီအုစ့် (၁၁) ကသာသနာကိုဦးဆောင်နေစဉ်ကာလ၌ဖြစ်ပွားခဲ့သည်။
စစ္စတာရ်လူချီးယာသည် ဖာတီမာ၌မယ်တော်ကိုဖူးတွေ့ခဲ့ရသော ကလေး (၃) ဦးအနက် အသက်ကြီးသည်အထိ အသက်ရှင်ကျန်ရစ်သူဖြစ်သည်။ သူ၏ပြောပြ ချက်အရ ‘အမိမယ်တော်သည် ရုရှားနိုင်ငံအား မယ်တော့်နှလုံးတော်ထံအပ်နှံရန်၊ ပထမစနေနေ့တိုင်း အပြစ်အတွက် ဆပ်ဖြေသည့် အနေဖြင့် ကောင်းစွာပြင်ဆင်၍ ကိုယ် တော်မြတ်ပင့်ယူရန်၊ မယ်တော်၏တောင်း ဆိုချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပါက ရုရှားသည်ပြောင်းလဲလာလိမ့်မည်။ ငြိမ်းချမ်းရေးလည်းရလိမ့်မည်။ သို့မဟုတ်လျှင် သူ ၏မှားယွင်းသောလမ်းစဉ်များကို ကမ္ဘာကြီးသို့ဖြန့်လိမ့်မည်။ စစ်ပွဲများဖန်တီးလိမ့်မည်။ သာသနာကိုလည်း ညှဉ်းပန်းနှိပ်စက်လိမ့်မည်။ တရားတော်အတွက် အသက်စတေးကြရလိမ့်မည်။ ရဟန်းမင်းကြီးသည် များစွာခံထမ်းရလိမ့်မည်။ နိုင်ငံများစွာတို့သည် ခြိမ်းခြောက်ခြင်းကိုခံရလိမ့်မည်။ မယ်တော်တောင်းဆိုသည့်အတိုင်းပြုလုပ်ပါ က ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားအောင် ကာကွယ် နိုင်လိမ့်မည်။ နောက်ဆုံး၌ ရဟန်းမင်းကြီးသည် ရုရှားအား မယ်တော်၏ အလွန်စင်ကြယ် သောနှလုံးတော်ထံအပ်နှံ သောကြောင့် အောင်ပွဲရလိမ့်မည်။ ရုရှားသည်ပြောင်းလဲလိမ့်မည်။ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကမ္ဘာကြီးသည်ငြိမ်းချမ်းနေလိမ့်မည်ဟုမိန့်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ (၁၉၈၉) က စစ္စတာရ်လူချီးယာ‌ရေးသားခဲ့သောစာ၌ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် အမိမယ်တော်၏ တောင်းဆိုချက်ကိုဖြည့်ဆည်းသည့်အ နေဖြင့် (၁၉၈၄) ခုနှစ်က ရုရှားအားအမိမယ်တော်ထံအပ်နှံပူဇော်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3JrXHR1

Add new comment

1 + 1 =