ပုပ်ဖရန်စစ်သည် ရဟန္တာတင်မြောက်နိုင်ရန်စီစစ်ရမည့်သူ တော်စင် (၈) ပါးကိုလက်ခံ

ပုပ်ဖရန်စစ်သည် ရဟန္တာတင်မြောက်နိုင်ရန်စီစစ်ရမည့်သူ တော်စင် (၈) ပါးကိုလက်ခံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သောစနေနေ့က ရဟန္တာမဖြစ်သေးဘဲ ရဟန္တာအဖြစ်တင်မြောက်ခံရရေးစီစစ်ရမည့်သူတော်စင် (၈) ပါးကိုလက်ခံလိုက်သည်။ ဤကြေငြာချက်ကို ရဟန်း မင်းကြီးသည် အဆိုပါရုံးတော်၏တာ၀န်ခံ ကာဒီနယ် Marcello Semeraro နှင့်တွေ့ဆုံစဉ်ကာဒီ နယ်မှတင်ပြလာသည်ကိုလက်ခံအတည်ပြုလိုက်ခြင်းဖြစ်သည်။ ဤ (၈) ဦးအနက်အီတလီလူမျိုးသာ မန်ကက်သလစ်ဘာသာတူအမျိုးသမီးတစ်ဦးနှင့်အင်္ဂလိပ်လူမျိုးဘုန်းတော်ကြီးတစ်ပါးလည်းပါသည်။

အဆိုပါရဟန္တာတို့၏ကိုယ်ရေးအချက်အလက်အကျဉ်း ချုပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ Armida Barelli, Italy

ရဟန္တာအဖြစ်တင်မြောက်ခံရရန် အတည်ပြုခြင်းခံရသောသူ (၈) ပါးအနက်တစ်ပါးမှာ အီတလီလူမျိုး၊ သာမန် ကက် သလစ်ဘာသာတူအမျိုးသမီးဖြစ်ပြီး၊ သူ၏အမည်မှာ Armida Barelli ဖြစ်သည်။ သူ့အား (၁၈၈၂၊ ဒီဇင်ဘာလ၊ ၁) ရက်နေ့ကမွေးဖွားသန့်စင်ခဲ့ပြီး၊ (၁၉၅၂၊ ဩဂုတ်လ၊ ၁၅) ရက်နေ့၊ Marzio ၌ပျံလွန်သွားခဲ့သည်။ သူသည်သာမန်ကက်သလစ်ဘာသာတူတစ်ဦးဖြစ်နေသော်လည်း စိန့်ဖရန် စစ်၏ကျင့်စဉ်များကိုကတိသစ္စာခံယူ၍ရှင်သန်ဆက်ကပ်အပ်နှံထားသူ ဖြစ်ခဲ့သည်။ သူသည် (၁၈၉၅ မှ ၁၉၀၀) ခုနှစ်အထိ ဖရန်စ္စကင်သီလရှင်များကျောင်း၌ပညာသင်ကြားနေစဉ်ဖရန်စ္စကင်တို့ ၏ကျင့်၀တ်ကျင့်စဉ်နှင့်အမှုတော်ဆောင်ဘ၀ကိုစိတ်၀င်စားခဲ့ပြီး၊ သူမ ၏ ဘ၀ကိုသီလရှင်တို့၏ သူတော်စင်ဘ၀ဖြင့်ဆက်ကပ် ရှင်သန်ရန်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့်လက်ထပ်ပေါင်း သင်းရန်အကြိမ်ကြိမ်ချစ်ရေးဆိုခံခဲ့ရသော်လည်းသူသည်လက်မခံခဲ့။ စိတ်မ၀င်စားခဲ့ပေ။ သူ့အနေဖြင့်နွမ်းပါးချို့တဲ့သောသူများအားကူညီခြင်းနှင့်မိဘမဲ့များအားပြုစုပျိုးထောင်ပေးသည့်အမှု တော်ကိုအလွန်စိတ်အားထက်သန်ခဲ့သည်။ သူသည် ဖရန်စ္စကင်ဘုန်းတော်ကြီးတစ်ပါးဖြစ်သော ဖာသာရ် Agostino Gemelli ၏လမ်း ညွှန်ချက်များကိုခံယူကာသူနှင့်အတူပူးတွဲ၍ ‘ခရစ္စတူးဘုရင်၏သာသနာပြုအသင်း’ ကိုတည်ထောင်ခဲ့ သည်။ ဤအသင်းသည် သာမန်ကက် သလစ်ဘာသာတူများဖြင့်ဖွဲ့ စည်းထားသောအသင်းဖြစ်ပြီး၊ ယနေ့ထိ အဖွဲ့၀င် (၂၂၀၀) နှင့်ကမ္ဘာ့နိုင်ငံပေါင်း (၃၀) တွင်ဖြန့်ကျက်အမှုတော်ထမ်းနေကြသည်။ သူ၏ကြား၀င်ဆုတောင်းခြင်းဖြင့်ခံစားရ ရှိခဲ့သောဘုရားသခင်၏အံ့ဖွယ်တန်ခိုးတော်ကြောင့်သူ့အား ‘Blessed’ (သူတော်မြတ်) အဖြစ်တင်မြောက်တော့မည်ဖြစ် သည်။ ရဟန္တာအဖြစ်တင်မြောက်ရန်မှာနောက်ထပ်အံ့ ဖွယ်တန်ခိုးတစ်ခုထပ်မံလိုအပ်ဦးမည်ဖြစ်သည်။

၂။ Ignatius of Saint Paul, England

နောက်တစ်ပါးမှာ အင်္ဂလိပ်လူ မျိုးဖြစ်ပြီး၊ သူသည် ‘Passionist’ (ယေဇူးသခင် ၏ဒဏ်ရာတော်) အသင်း၀င်ဘုန်း တော်ကြီးတစ်ပါးဖြစ် သည်။ သူ၏အမည်ကား ‘အီညှားရှို’ ဖြစ်သည်။ သူသည်သူမတူသောပါရမီကိုကျင့်ကြံအားထုတ်ခဲ့သူ ဖြစ်သည်။ သူ့အား (၁၇၉၉၊ ဒီဇင်ဘာလ၊ ၂၁) လန်ဒန်၌မွေးဖွားသန့်စင်ခဲ့သည်။ သူသည် မိသားစု ၏ ဒုတိယသားဖြစ်သည်။ ကနဦး ၌သူသည် ‘အင်္ဂလီကန်’ တစ်ဦးဖြစ်ပြီး၊ (၁၈၃၀) ရောမရောက်မှသာ ကက်သလစ်ဘာ သာ၀င်အဖြစ်ခံယူခဲ့သည်။ ထို့ နောက်ရဟန်းသိက္ခာကိုလည်း (၁၈၃၂) ခုနှစ်၌ခံယူခဲ့သည်။ (၁၈၄၇) တွင် ‘ယေဇူးသခင် ၏ဒဏ်ရာတော်’ ဘုန်းတော်ကြီးအသင်း၀င်အဖြစ်ခံယူခဲ့သည်။ အင်္ဂလန်နှင့်ဘဲလ်ဂျီယံနိုင်ငံအတွက်အသင်း၏အမြင့်ဆုံးအမူတော်ကိုထမ်းဆောင်နေသော ဖာသာရ် Dominic Barberi သည် (၁၈၄၉) ၌ပျံလွန်သွားခဲ့ရာသူ၏အမှုတော်ကိုထမ်းဆောင်ရန် ဖာသာရ် Ignatius ရွေးချယ်ခံ လိုက်ရသည်။ ဖာသာရ် Ignatius သည်သူ၏ ဘ၀ တစ်လျှောက်လုံး၌ အင်္ဂလန်နိုင်ငံသားများအားကက်သ လစ်သာသနာသို့ ကူးပြောင်း ၀င်ရောက်လာရန်မမောမပမ်းနိုင်အောင်လုံ့လစိုက်ထုတ်ခဲ့သည်။ သူသည် (၁၈၆၄၊ အောက်တိုဘာလ၊ ၁) ရက် နေ့၌ စကော့တလန်နိုင်ငံ ၌ပျံ လွန်ခဲ့ပြီး၊ သူမတိုင်ခင်အကြီး အကဲအဖြစ်အမှုထမ်းဆောင်ခဲ့သောဖာသာရ် Dominic Barberi (ယခုသူတော်မြတ်အဖြစ်တင်မြောက်ခံထားရပြီဖြစ်သည်။) ၏အုတ်ဂူဘေး၌ မြှုပ်နှံခဲ့သည်။ သူသည်သူ တော်စင်အဆင့်သို့မ ရောက်သေးဘဲ Venerable ’ (ကြည်ညိုထိုက်သူ) အဖြစ်သတ်မှတ်ခံထားရပါသည်။ သူတော်မြတ်အဖြစ်တရား၀င်ကြေငြာခံ ရရန်မှာ သူ၏ ကြား၀င်ဆုတောင်းပေးမှုဖြင့်အံ့ဖွယ်တန်ခိုးတစ်ခုရရှိရန်လိုပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အောက်ပါ ‘ပါရမီရှင်’ တို့၏ အံ့မခန်းသောပါရမီကျင့်စဉ်ကိုလည်းအသိအမှတ်ပြုထား ပါသည်။

၁။ ရဟန္တာတင်မြောက်ရန် ပ ထမအဆင့်ကြေငြာချက်ဖြစ်သည့်‘ဘုရားသခင်၏အစေခံ’ အဖြစ်ကြေငြာခံထားရသူ Albino Alves da Cunha Silva လည်းပါသည်။ သူသည်သာသနာပိုင်ရဟန်းတော် (Diocesan) ဖြစ်သည်။ သူ့အား (၁၈၈၂၊ စက် တင်ဘာလ၊ ၂၂) ရက်နေ့က ပေါ်တူဂီနိုင်ငံ၊ Codeçôso ၌မွေးဖွားခဲ့ပြီး၊ (၁၉၇၃၊ စက်တင်ဘာလ၊ ၁၉) ရက်နေ့၌ဘာရာဇီး နိုင်ငံ၊ Catanduva တွင်ပျံလွန်သွားခဲ့သည်။

၂။ ‘ဘုရားသခင်၏အစေခံ’ အဖြစ်သတ်မှတ်ခံထားရသူနောက်တစ်ပါးမှာ Maria Felicita Fortunata Baseggio ဖြစ်သည်။ သူသည် စိန့်ဩဂုတ်စတင်းသီလ ရှင်တစ်ပါးဖြစ်သည်။ သူ့အား (၁၇၅၂၊ မေလ၊ ၅) ရက်နေ့၌ အီတလီနိုင်ငံ၊ Ferrara မြို့ ၌ မွေးဖွားခဲ့ပြီး၊ (၁၈၂၉၊ ဖေဖော်၀ါရီလ၊ ၁၁) အီတလီနိုင် ငံ၊ Rovigo ၌ပျံလွန်သွားခဲ့သည်။

၃။ ရဟန္တာတင်မြောက်နိုင်ရန်အတွက်‘ဘုရားသခင်၏အစေခံ’ ဟုသတ်မှတ်ခံထားရသောနောက်တစ်ပါးမှာ Floralba Rondi ဖြစ်ပါ သည်။ သူသည်လည်းသီလရှင်တစ်ပါးဖြစ်သည်။ သူ့အား (၁၉၂၄၊ ဒီဇင်ဘာလ၊ ၁၀) ရက်နေ့ကအီတလီနိုင်ငံ၊ Pedrengo ၌မွေးဖွားသန့်စင်ခဲ့ကာ ကွန်ဂိုသမ္မတနိုင်ငံ၌ (၁၉၉၅၊ ဧပြီလ၊ ၂၅) ရက်နေ့ ၌ပျံလွန်သွားခဲ့သည်။

၄။ စစ္စတာရ် Clarangela Ghilardi နှင့်စစ္စတာရ် Floralba Rondi တို့သည် သီလရှင်အသင်းတစ်ခုတည်းမှဖြစ်သည်။ စစ္စ တာရ် Clarangela Ghilardi အား (၁၉၃၁၊ ဧပြီလ၊ ၂၁) ရက်နေ့၊ အီတလီနိုင်ငံ၊ Trescore Balneario ၌မွေးဖွားသန့်စင်ခဲ့ ပြီး၊ (၁၉၉၅၊ မေလ၊ ၆) ရက်နေ့၊ ကွန်ဂိုသမ္မတနိုင်ငံ၌ပင်ပျံလွန်သွားခဲ့သည်။

၅။ စစ္စတာရ် Dinarosa Belleri သည်လည်း အထက် ကသီလရှင်နှစ်ပါးတို့နှင့်အ သင်းတူပြီး၊ သာသနာပြုခဲ့သောနိုင်ငံမှာ လည်း ကွန်ဂိုသမ္မတနိုင်ငံဖြစ်သည်။ စစ္စတာရ်အား (၁၉၃၆၊ နို၀င်ဘာလ၊ ၁၁) ရက်နေ့၊ အီတလီနိုင်ငံ၊ Cailina ၌မွေးဖွားသန့်စင်ခဲ့သည်။ သူသည် သာသနာအမှု ထမ်းခဲ့သော ကွန်ဂိုမြေ၌ (၁၉၉၅၊ မေလ၊ ၁၄) ရက်နေ့၌ပျံလွန်သွားခဲ့ သည်။

၆။ ရဟန္တာတင်မြောက်ရန်အ တွက်အတည်ပြုခြင်းခံရသော (၈) ပါးအနက်နောက်ဆုံးတစ် ပါးမှာ ‘ဘုရား သခင်၏ အစေခံ’ အဖြစ်သတ်မှတ်ခံထားရသော Elisa Giambelluca ဖြစ်ပါသည်။ သူသည်စိန့်ထရေးဇာ၏ ကျင့် စဉ်ကိုကျင့်ကြံအားထုတ် သောဘာသာရေးအသင်း၀င် သာ မန် ခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ့အား (၁၉၄၁၊ ဧပြီလ၊ ၃၀) အီတလီနိုင်ငံ၊ Isnello ၌မွေးဖွားသန့်စင်ခဲ့ပြီး၊ (၁၉၈၆၊ ဇူလိုင်လ၊ ၅) ရက်နေ့၊ ရောမမြို့၌ပျံလွန်သွားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uxFDxv

Add new comment

2 + 0 =