ပုပ်ဖရန်စစ်သည် ယေဇူးရွှေနှလုံးတော်နှင့်ဆိုင်သောစာချွန်တော်ကို ရေးသားထုတ်‌ဝေမဝေ

ပုပ်ဖရန်စစ်သည် ယေဇူးရွှေနှလုံးတော်နှင့်ဆိုင်သောစာချွန်တော်ကို ရေးသားထုတ်‌ဝေမဝေ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှငိသူမြတ်သည် ယခုနှစ် စက်တင်ဘာလ၌ ယေဇူးရွှေနှလုံးတော်နှင့်ဆိုင်သော စာချွန်တော်ကိုရေးသားထုတ်‌ေ၀မည်။ ထိုသို့ထုတ်‌ေ၀နိုင်ရန်ယခုပြင်ဆင်နေကြောင်းဟုမိန့်ကြားလိုက်သည်။

စာချွန်တော်ထဲ၌ ယေဇူးရွှေအနေဖြင့်နှလုံးတော်ကိုအဘယ်သို့ ကြည်ညိုသဒ္ဓါပွားရမည့်အကြောင်း၊ သာသနာ၌လည်း ပျောက်ဆုံးဆိတ်သုန်းနေသော ဤသဒ္ဓါကြည်ညိုမှုကိုပြန်လည်အသက်သွင်းရန်လမ်းညွှန်အလင်းဆောင်ပေးရန်ဖြစ်ကြောင်း၊ ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုခြင်းအစဉ်အလာကောင်းဆိတ်သုန်းနေသကဲ့သို့ ကမ္ဘာကြီး၌ယေဇူးရွှေနှလုံးတော်၏ချစ်ခြင်းနှလုံးသားမျိုးလည်းပျောက်ဆုံးနေကြောင်း ဇွန်လအတွင်းပထမဦးဆုံးအကြိမ် ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်၌ဘုရားဖူးများနှင့်တွေ့ဆုံစဉ်မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဇွန်လသည် ယေဇူးရွှေနှလုံးတော်အား အထူးသဒ္ဓါကြည်ညိုရသောလလည်းဖြစ်သည်။ ယခင်နှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့သည် ရဟန္တာမ မာဂရက်မေရီအာလာကော့မှယေဇူးရွှေနှလုံးတော်အားဖူးတွေ့ခဲ့ရသည့် နှစ်ပေါင်း (၃၅၀) ပြည့်သည့်နှစ်ပတ်လည်ဖြစ်ခဲ့သည်။ ထိုနှစ်ပတ်လည်အားအမှတ်ရဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်၀ှမ်း၌ ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုခြင်းကိုမိမိတို့အစီအစဉ်အတိုင်းကျင်းပလျှက်ရှိရာ လာမည့်နှစ် (ဇွန် ၂၇၊ ၂၀၂၅) ရက်နေ့အထိကျင်းပ၍ အဆုံးသတ်မည်ဖြစ်သည်။

ထို့ကြောင့်ပင် ရဟန်းမင်းကြီးဖရန်စစ်က သမ္မာကျမ်းစာနှင့်ယှဉ်၍ အမိသာသနာတော်ကြီးမှ ရာစုအဆက် ဆက်သင်ကြားလာခဲ့သောအကြောင်း အရာများကိုပြန်လည်ဖွေရှာ၍ ယနေ့ခေတ်ကာလအားပြန်လည်မိတ်ဆက်ပေးမည်ဖြစ်သည်။ ဤသဒ္ဓါကြည်ညိုခြင်းသည် ၀ိညာဉ်ရေးအနှစ်သာရနှင့်ပြည့်နေသည့်လှပ၍အားပေးအားမြောက်ရမည့်ကြည်ညိုခြင်းလည်းဖြစ်သည်။

ယေဇူးသခင်၏ချစ်ခြင်းကို ဘက်ပေါင်းစုံမှထောက်ရူစဉ်းစားခြင်းသည် လွန်စွာအကျိုးအ မြတ်ရှိစေမည်မှာသေချာပါသည်။ ဤကြည်ညိုခြင်းသည် သာသနာတော်ကြီး၏ပြန်လည်နိုးကြားလာရန်အတွက်ကိုလည်းများစွာအထောက်အကူပြုပါသည်။ ထို့အတူပင် ယေဇူးရွှေနှလုံးတော်၏နှလုံးသားမျိုးပျောက်ဆုံးနေသော ကမ္ဘာကြီးအတွက်လည်း လွန်စွာအဓိပ္ပါယ်ရှိသောကြည်ညိုခြင်းဖြစ်ပေမည်ဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်၌ စုရုံးနေကြသောဘာသာတူများအား ထိုစာချွန်တော်ပြင်ဆင်နေသောယခုကာလ၌ သူနှင့်အတူဆုတောင်းကြရန်တောင်းဆိုခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/3E2

 

Add new comment

4 + 15 =