ပုပ်ဖရန်စစ်သည် ယူကရိန်းအရေးနှင့်စပ်လျင်း၍ ရုရှားဩသိုဒေါ့စ် ဘာသာရေး ခေါင်း ဆောင်နှင့်တွေ့ဆုံ

ပုပ်ဖရန်စစ်သည် ယူကရိန်းအရေးနှင့်စပ်လျင်း၍ ရုရှားဩသိုဒေါ့စ် ဘာသာရေး ခေါင်း ဆောင်နှင့်တွေ့ဆုံ

ပုပ်ဖရန်စစ်သည် ယူကရိန်းအရေးနှင့်စပ်လျင်း၍ ရုရှားဩသိုဒေါ့စ် ဘာသာရေး ခေါင်း ဆောင်နှင့်တွေ့ဆုံ

ရဟန်းမင်းကြီးသည် ပြီးခဲ့သော မတ်လ (၁၆) ဗုဒ္ဓဟူးနေ့က ယူကရိန်းအရေးနှင့်ပတ်သက်၍ မော်စကိုမှ ရုရှားဩသိုဒေါ့စ်ဘာသာရေးခေါင်းဆောင် Kirill နှင့်ဗွီဒီ ယိုမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုဆွေး နွေးမှုကို ရောမစံတော်ချိန် မွန်းလွဲအစောပိုင်းကပြုလုပ်ခဲ့သည်။ ဤသို့တွေ့ဆုံခဲ့ကြောင်းကို မော်စကို မှရုရှားဩသိုဒေါ့စ်မှဦး စွာထုတ်ဖော်ပြောဆိုလာပြီး၊ နောက်ပိုင်း၌ ဗာတီကန်မှ လည်း အတည် ပြုလာ သည်။
ယူကရိန်းအရေးနှင့်ပတ်သက်၍ စစ်ကိုအမြန်ဆုံးငြိမ်းသတ်၍ ငြိမ်းချမ်းရေးရရှိအောင်လုပ်ဆောင်ရာ၌ ခရစ်ယာန်များနှင့်၄င်းတို့သိုးထိန်းတို့၏တာ၀န်အကြောင်း ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း၊ ရဟန်း မင်း ကြီးအနေဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရန်ကမ်းလှမ်းချက်ကိုလက်ခံပေးသည့်အတွက် ရုရှားဩသို ဒေါ့စ် ဘာသာရေး ခေါင်းဆောင်အား ကျေးဇူးတင်ကြောင်း၊ သာသနာအနေဖြင့် နိုင်ငံရေးအ သုံးအနှုန်း များ မသုံးဘဲ ယေဇူးသခင်၏နှုတ်ထွက်စကားကိုသာသုံးသင့်ကြောင်း၊ ကျွန်ုပ်တို့အားလုံး သည် ပုဂ္ဂိုလ် သုံးပါး တစ်ဆူတည်းသောဘုရားကို ယုံကြည့်ပြီး၊ ဘုရားမယ် တော်ကိုကြည်သော သန့်ရှင်း သည့်ဘုရား လူမျိုးတော်၏သိုးထိန်းများဖြစ်ကြသည်။ ငြိမ်းချမ်း ရေးကိုတည်ဆောက်ရာတွင် စည်းလုံးစွာကူညီ လုပ်ဆောင်ကြရမည်။ စစ်ဒဏ်ခံစားနေရသောသူများကိုကူညီရမည်။ ငြိမ်းချမ်းရေးကို အစဉ်ဦးတည် လုပ်ဆောင်ရမည်။ အပစ်ရပ်စေရန်အားထုတ်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ကြောင်း၊ စစ်၏အသုံး စရိတ် ကိုပေးသူများမှာပြည်သူများဖြစ်ကြသည်။ ရုရှားစစ်သားများ၊ ပြည်သူများသည် ဗုံးများ ပေါက်ကွဲ၍ သေ ကြေနေကြရကြောင်း၊ ၄င်းတို့လည်းပြည်သူများဖြစ်ကြောင်း၊ သိုးထိန်းများအနေဖြင့် စစ်ဘေးဒဏ်သင့် ပြည် သူများကို အားပေးနှစ်သိမ့်ရန်အတွက် အနီး ကပ်ရှိနေရမည်။ တစ်ခေတ်တစ်ခါက သာသနာ အတွင်း ၌လည်း ‘သန့်ရှင်းသောစစ် (သို့) တရားသောစစ်’ ဟုပြောဆိုခဲ့ကြကြောင်း၊ ယနေ့ ဤစစ်သည် ဤသို့ပြော ဆို၍မ ရကြောင်း၊ ခရစ်ယာန်တို့၏ ငြိမ်းချမ်းရေးနှင့်ဆိုင်သော တွေးခေါ်ယူဆချက်များသည် ပြောင်းလဲ တိုး တက် လာခဲ့ပြီဖြစ်ကြောင်း၊ စစ်သည် မတရားပေ။ ပေးဆပ်ရသူများ သည် ဘုရား သခင် ၏လူများ ဖြစ်ကြသည်။ စစ်ကြောင့်သေဆုံးနေကြသော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ စစ်၏သား ကောင်များ အတွက် မငိုကြွေး မခံစားဘဲမနေ နိုင်။ စစ်သည် လမ်းစဉ်မဟုတ်။ ကျွန်ုပ်တို့အားစည်းလုံးစေသော ၀ိညာဉ် တော်သည် စစ်ကြောင့်ဒုက္ခပင်လယ်ဝေနေသောသူတို့အားကူညီရန် တောင်းဆိုနေကြောင်း ရဟန်းမင်း ကြီးကမိန့်ကြားခဲ့ကြောင်း ဗာတီကန်သတင်းဌာနကထုတ်ပြန်ထားသည်။
ရုရှားဩသိုဒေါ့စ်၏ သာသနာရေး၀န်ကြီးဌာနမှထုတ်ပြန်ချက်ထဲ၌လည်း ယခုတွေ့ဆုံ ဆွေး နွေးမှု၌ ယူကရိန်းအရေးကိုအသေးစိပ်ဆွေးနွေးခဲ့ကြောင်း၊ အထူးလေး ပေးခဲ့သည့်အကြောင်းမှာ လူသားချင်း စာ နာ သောအကူအညီပေးရေး၊ ရုရှားဩသိုဒေါ့စ်နှင့်ကက်သလစ်သာသနာတို့၏ပါ၀င်ဖြန်ဖြေမှုဖြင့် လက် ရှိ အခြေအနေကိုထိ ရောက်စွာပါ၀င်ကူညီရန်၊ နှစ်ဖွဲ့လုံးကမှု စေ့စပ်ဆွေး နွေးသ ည့်လမ်း စဉ်ကိုစွဲကိုင်ကာ တရား မျှတသော ငြိမ်းချမ်းရေးကိုမကြာမီရယူနိုင်ရေးကိုအသားပေးဆွေးနွေးခဲ့ ကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးမှု အစီအစဉ်ကို ဂိုဏ်းချုပ်ဆရာတော် Hilarion နှင့်ကာဒီနယ် Kurt Koch တို့လည်းပါ၀င်ခဲ့ ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်နှင့်ရုရှားဩ သိုဒေါ့စ်ဘာသာရေးခေါင်းဆောင် Kirill တို့သည် လက်ရှိပဋိ ပက္ခနှင့် စပ်လျင်း၍ ပူတွဲလုပ်ဆောင်နိုင် သည့်အခြေအနေများ စွာကိုဆွေးနွေး ခဲ့ကြကြောင်း ရုရှားဩသိုဒေါ့စ် ဖက်မှထုတ်ပြန်ထားပါသည်။
ရုရှားဩသိုဒေါ့စ်အသင်းသည် ၄င်းတို့၏ဘာသာရေးခေါင်းဆောင်ကို ၄င်းတို့ကသာ ရွေးချယ် တင် မြောက်လေ့ရှိသည်။ ဘာသာ၀င်ဦးရေ (၁၅၀) ရှိပြီး၊ ကမ္ဘာပေါ်ရှိ ဩသိုဒေါ့စ် ခရစ်ယာန် အသင်း၏ ထက် ၀က်ကျော်ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရုရှားဩသိုဒေါ့စ်ဘာသာရေးခေါင်းဆောင် Kirill အား (ဖေဖော်၀ါရီ၊ ၁၂၊ ၂၀၁၆) ခုနှစ်က ကျူးဘားလေဆိပ်တွင် တစ်ကြိမ်ဆုံခဲ့ဖူးသည်။ ဒုတိယ အကြိမ် တွေ့ဆုံခြင်းကား (၂၀၂၁) အကုန်ပိုင်း ဂိုဏ်းချုပ် Hilarion အား ဗာတီကန်၌တွေ့ဆုံစဉ်ကဖြစ် သည်။ ရုရှားဘာ သာရေးခေါင်းဆောင်သည် ပြီးခဲ့သော မတ်လ (၂၄) ရက်၌ ဥရောပတစ်ခွင်မှ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်များဖြစ်သော ပိုလန်၊ ဂျာမဏီ၊ အိုင်ယာလန်ကက် သလစ်ဆရာတော် ကြီးများကလည်းကောင်း၊ ဥရောပကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သော ကာဒီနယ် Jean-Claude Hollerich လည်း ရုရှား၏ယူကရိန်းအားကျူးကျော်စစ်နှင့်ပတ်သက်၍ ဆန့်ကျင်ကြောင်း ထိရောက်စွာပြောဆိုရန် ပန်ကြားချက်ကိုလက် ခံရရှိခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၃) ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်ချိန်မှစ၍ ကက် သလစ်နှင့်ဩသိုဒေါ့စ်တို့ကြား ပိုမိုရင်းနှီးမှုရှိစေရန် အားထုတ် ကြိုးစားလျှက်ရှိသည်။ ရဟန်းမင်းကြီး သည် အရှေ့ အလယ်ပိုင်းမှ ဘာသာ၀င်ဦးရေ သန်း (၃၀၀) ရှိသော ဩသိုဒေါစ့်ဘာသာ ရေးခေါင်း ဆောင် ဆရာတော် Bartholomew I နှင့်မူအတော်ရင်းနှီးသည်။ (၂၀၁၈) ခုနှစ်က အရှေ့အလယ်ပိုင်း ဩသိုဒေါ့စ် ဘာသာ ရေးခေါင်းဆောင် Bartholomew I မှ ယူကရိန်းဩသိုဒေါ့စ်ခရစ်ယာန်အသင်းကို ရုရှာဩသို ဒေါ့စ်၏ လက်အောက်ခံမဟုတ်ကြောင်း အသိအမှတ်ပြုကြောင်းကြေညာလိုက်သောအခါ ရုရှားဩသို ဒေါ့စ်က ပတ်သက်မှုဖြတ်တောက်ခဲ့သည်။ မည်သို့ပင် ဆို စေလာမည့် မတ်လ (၂၅) ရက်နေ့၌ ရဟန်းမင်း ကြီးဖရန် စစ်သည် ရုရှားနှင့်ယူကရိန်းကို အမိမယ်တော်၏အလွန်စင်ကြယ်သော နှလုံးတော်’ အားအပ်နှံပူ ဇော်တော့မည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3ucu2oh

Add new comment

3 + 5 =