ပုပ်ဖရန်စစ်သည် ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက်ဆုတောင်းရင်း ‘ကျေးဇူးပြု၍ စစ်ပွဲမဆင်နွှဲပါတော့နှင့်’ ဟုပန်ကြားခဲ့

ပုပ်ဖရန်စစ်သည် ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက်ဆုတောင်းရင်း ‘ကျေးဇူးပြု၍ စစ်ပွဲမဆင်နွှဲပါတော့နှင့်’ ဟုပန်ကြားခဲ့

ပုပ်ဖရန်စစ်သည် ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးအတွက်ဆုတောင်းရင်း ‘ကျေးဇူးပြု၍ စစ်ပွဲမဆင်နွှဲပါတော့နှင့်’ ဟုပန်ကြားခဲ့

           ပုပ် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကက်သလစ်သာသနာ၏ ခရစ်ယာန်များစည်းလုံးခြင်းရှိရန်ဆုတောင်းခြင်းတပတ်တာ၏ပထမနေ့၌ ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးရန်နေ့အဖြစ်သတ်မှတ်ပြီး၊ မတော်ဩ ဇာသုံး၍စစ်ဖန်တီးနေသူများအား ကျေးဇူးပြု၍ စစ်ပွဲကို ရပ်တန်းကရပ်ပေးပါရန်၊ နိုင်ငံအတွင်း ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ရှင်သန်ကြီးထွားလာရန်၊ သမိုင်းဒဏ်ရာများကိုကုစားနိုင်ပြီး၊ ကြောက်လန့်နေရခြြင်းနှင့်ကွဲပြားမှုများမှ’ ကျော်လွှားနိုင်ရန် ဇန္န၀ါရီလ (၂၆) ရက်နေ့က တောင်းဆိုခဲ့သည်။

            ဒုတိယကမ္ဘာစစ်မီးကာလက ယူကရိန်း၌ လူပေါင်း (၅) သန်းကျော်အသက် ဆုံရှုံးခဲ့ရ သည်ကိုမမေ့ကြရန်၊ ထို သူတို့သည် အစားအစာငတ်မွတ်ခြင်း၊ လူမဆန်စွာ ရက်စက်ညှဉ်း ဆဲသတ်ဖြတ်ခြင်းကိုခံခဲ့ရသူများဖြစ်ကြသည်။ ခါး သီးစွာခံခဲ့ရပေါင်းများပြီ။ ငြိမ်းချမ်းစွာနေခွင့်ရစေသင့်သည်။ ယနေ့ အသံမြင့်၍ပြုသောဆုတောင်းသံသည် အာဏာ ပိုင်အဖွဲ့အစည်းများခံစားရပြီးကြားကြပါစေ။ တွေ့ဆုံဆွေးနွေးပြီး၊ အားလုံး၏ ကောင်းကျိုးကိုဦး ထိပ်ထားဆုံးဖြတ်ကြ ပြီး၊ စစ်ပွဲကိုလုံး၀မဆင်နွှဲကြရန် တိုက်တွန်းထားသည်။ ယူကရိန်းပြည် သူများ အနေဖြင့် ဥရောပအရှေ့ပိုင်းသို့ ရှရှား နိုင်ငံ၏ မတရားကျူးကျော်၀င်ရောက်မှုကို စိုးရိမ်နေကြသည်။   

            ဗာတီကန်၏နိုင်ငံတကာဆက်ဆံရေးတာ၀န်ခံ ဂိုဏ်းချုပ်ဆရာတော် Paul Gallagher က ထိုယူကရိန်းနိုင်ငံ အတွက်ဆုတောင်းခြင်းနေ့၏အစီအစဉ်ကို ရောမမြို့ရှိ Santa Maria in Trastevere ၌ ညနေ (၅း၃၀) တွင်ဦး ဆောင်ပေးမည်ဖြစ်သည်။ ထို့အတူ ကက်သလစ်လူမှုရေးအသင်းအဖွဲ့ကြီးတစ်ခုဖြစ်သည့် Sant’Egidio အဖွဲ့မှလည်း ယူကရိန်းနိုင်ငံ၏မြို့တော်ဖြစ်သော Kyiv ၌စုဝေးဆုတောင်းနေမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်က ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက်အားလုံးစုံကိုတတ်နိုင်တော်မူသော ဘုရားသခင် ထံဆုတောင်းပေးကြရန်၊ သို့မှ သာနိုင်ငံရေးနှင့်ဆိုင်သောလုပ်ဆောင်မှုများကိုစတင်ခြင်းဖြင့် လူသားညီအစ်ကိုမောင်နှမများအားကူညီနိုင်မည်ဖြစ် ပြီး၊ နောက်ကြောင်းအမျိုးမျိုးပေါ်မူတည်၍ ကွဲပြားနေခြင်းကိုပြန်လည်စုစည်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ဖြစ်ချင် ရာကိုသာ တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်ပြီး၊ အခြားသူများ၏အကျိုးကိုထိခိုက်နစ်နာစေခြင်းကိုမပြုလုပ်အပ် ကြောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ဖန်ဆင်းခံသားသမီများဖြစ်ကြ၍ ညီအစ်ကိုချာများဖြစ်ကြကြောင်း၊   ဇန္န၀ါလ (၂၃) ရက်နေ့က ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့သည်။    

            ဥရောပ ကက်သလစ်ဆရာတော်ကြီးများကလည်း ယူကရိန်နိုင်ငံနှင့် ရပ်တည်ကြောင်း နှင့်ခရစ်ယာန်များအား လည်း ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြပါရန်၊ ယခုကဲ့သို့ အလွန်‌သိမ် မွှေ့ပြီးအတိမ်းအစောင်းမခံသောအခြေအ နေ၌ယူကရိန်းနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြရန်၊ သို့မှသာ အာဏာရှိသူများကြားပြီး၊ ငြိမ်းချမ်းရေး ရောင်ခြည်များဖြာကျလာပြီး၊ အခြားသူများထံသို့လည်းကူးစက်သွားကာ လက်ရှိကြုံတွေ့နေရသော ပဋိပက္ခများအ မြန်ဆုံးအောင်မြင်ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

            ထို့အတူ ယူကရိန်ဂရိကက်သလစ်သာသနာ၏အကြီးအကဲဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Sviatoslav Shevchuk နှင့်ပိုလန်ကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ ဂိုဏ်းချုပ် ဆရာတော် Stanisław Gądecki တို့ကလည်း ယခုအစောပိုင်းက ရုရှားနှင့်ဆက်ဆံရေး တင်းမာလာခြင်းသည် ဥရောပတစ်ခွင်လုံးအတွက် အလွန်ကြီး မားသောအန္တရာယ်ရှိကြောင်း၊ လက်ရှိတင်း မာနေသောနိုင်ငံရေးအခြေအနေသည် ဥရောပအလယ်ပိုင်းနှင့်အရှေ့ပိုင်း အတွက် အလွန်အန္တ ရာယ်ကြီးမားသကဲ့သို့ ဥရောပတိုက်တစ်ခုလုံးအတွက်လည်းအန္တရာယ်ရှိကြောင်း၊ မျိုးဆက် ပေါင်းများစွာက တည်ဆောက်လာခဲ့သောဥရောပတိုက်၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ဖွံ့ဖြိုးတိုးတက်မှုသိုက်မြှုပ် ကြီးကို ဖျက်ဆီးလိုက်ရာရောက်ကြောင်း ပြောကြားခဲ့သည်။  

            ယူကရိန်နိုင်ငံ၏လူဦးရေမှာ (၄၄) သန်းရှိပြီး၊ Moldova၊ Romania၊ Hungary၊ Slovakia၊ Poland၊ Belarus၊  Russia တို့နှင့်နယ်နိမိတ်ချင်းထိဆက်နေသည်။ ရုရှား-ယူကရိန်းစစ်ကို လွန်ခဲ့သော (၂၀၁၄) ခုနှစ်ကစခဲ့သည်။ ထိုစစ် သည် ယူကရိန်နိုင်ငံ၏အရှေ့ပိုင်းကိုပစ်မှတ်ထားခဲ့သည်။ ထိုစစ်ပွဲ၌လည်း လူ့အသက်ပေါင်း (၁၄၀၀၀) ဆုံးရှုံးခဲ့ရပြီး၊ (၁.၃) သန်းစစ်ဘေး ဒုက္ခသည် များဖြစ်သွားခဲ့ရသည်။ ထိုစစ်ကိုခင်းနေသော အဖွဲ့နှစ်ဖွဲ့လုံးသည် (ဇူလိုင် ၂၀၂၀) ၌ ငြိမ်းချမ်းရေးယူရန်သဘောတူခဲ့သည်။ သို့သော် ရုရှားက ခန်းမှန်းစစ်တပ်အင်အား (၁၀၀၀၀၀) ကိုယူကရိန်းနယ်စပ် သို့လွှတ်ထားသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အမေရိကန်လက်ရှိသမ္မတက ယခုလ (၁၉) ရက်နေ့၌ပြောကြားခဲ့သည် မှာ ရုရှားသမ္မတအနေဖြင့် ကျူးကျော်နိုင်ချေရှိသည်ဟုဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခုလ (၂၃) ရက်နေ့က ယူကရိန်မြို့တော်ရှိ အမေရိကန် သံရုံး၀န်ထမ်းများအား မြို့တော်မှပြန်လည်ထွက်ခွာရန် အကြောင်းကြား ထားပြီးဖြစ်သည်။ ယူကရိန်နှင့်ပိုလန်ဆရာတော်တို့၏ ပူးတွဲကြေညာချက်ထဲ၌ လက်ရှိပဋိပက္ခကို သံတမန်နည်းလမ်း များဖြင့်ဖြေ ရှင်းကြရန်တိုက်တွန်းထားသည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/33UyUWd

Add new comment

2 + 13 =