ပုပ်ဖရန်စစ်သည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး

ပုပ်ဖရန်စစ်သည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး

ပုပ်ဖရန်စစ်သည် မြေထဲပင်လယ်ဒေသမှဘဲလာရုစ်သို့ရွေ့ပြောင်းသွားသူများအတွက်ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သော အာဒ်၀င်တူးကာလ ပထမပတ်တနင်္ဂနွေနေ့ မွန်းတည့်ချိန် စိန့်ပီတာ ရင်ပြင်၌စုရုံးရောက်ရှိနေသော ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးဘာသာတူများနှင့်အတူ အန်‌ဂျေလူးဆုတောင်းစဉ် ပိုမို ကောင်းမွန်လုံခြုံသောဘ၀ကိုရလိုဇောဖြင့် မိမိတို့၏ဇာတိမြေကိုစွန့်ကာ ရွေ့ပြောင်းထွက်ခွာနေကြသောရွေ့ပြောင်း များအတွက် သတိရဆုတောင်းပေးခဲ့သည်။

ဤသို့ပြောင်းရွေ့ရာ၌ မိမိတို့ရောက်လိုသည့်အခြေအနေမျိုးသို့ရောက်ရှိ ရန် အခါအားလျှော်စွာ အလွန်စွန့်စားရ၊ အသက်နှင့်လောင်းကြေးထပ်ကြရသည့်အကြောင်း၊ ထိုရွေ့ပြောင်းများစွာတို့ တွေ့ကြုံဖြတ်သန်းနေရသောဘ၀အခြေအနေများကိုကြားသိမြင်တွေ့ရသည်မှာ လွန်စွာပင်စိတ်မချမ်းမြေ့ဖြစ်ရ ကြောင်း၊ အထူးသဖြင့် ရဟန်းမင်းကြီးအနေဖြင့် လူ့အသက်ဆုံးရှုံးခဲ့ရသည့် အင်္ဂလိပ်ရေလက်ကြား၌ လတ်တလော လှေမှောက်၍ရေနစ်အသက်ဆုံးရှုံးသူများတွင် ကလေး သူငယ်များလည်းပါကြောင်း၊ ထိုရွေ့ပြောင်းများသည် မြေထဲ ပင်ကိုဖြတ်၍ ဘဲလားရုစ်နယ်စပ်ကိုဖြတ်သန်းစဉ်ဤအဖြစ်သနစ်မျိုးနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အတူ ပိုမိုကောင်းမွန် လုံခြုံသောဘ၀ကိုမျှော်လင့်၍ သက်စွန့်ဆံဖျားပင်လယ်လမ်းခရီးဖြတ်ကူးခဲ့ကြသော်လည်း ထိုစွန့်စားမှု၏အခြားဖက် ၌မူ လူကုန်ကူးသူများ၏လူမဆန်သော လူသားများကိုရောင်းကုန်အဖြစ်သဘောထားခြင်းကြောင့် အမျိုးသမီးများ သည်ရောင်းစားခံခဲ့ရပြီး၊ အမျိုးသားများကိုမူ နှိပ်စက်ညှဉ်းစဲခဲ့ကြသည့်ကြမ္မာနှင့်ကြုံခဲ့ကြရ၍စိတ်မကောင်းဖြစ်ရ သည်ဟုဆိုသည်။ ထို့ကြောင့် ရဟန်း မင်းကြီးက အခက်ကဆိုခဲ့သော အဖြစ်မျိုးနှင့်ကြုံတွေ့ခဲ့ရသောသူများအတွက် အထူးဆု တောင်းပေးခဲ့သည်။

၄င်းတို့သည် သုခကိုရှာဖွေရန်စွန့်စားခဲ့သော်လည်း သချိုင်းဂူ၀နှင့်ပက်ပင်းတိုးခဲ့ကြရသည်။ ရွေ့ပြောင်းတို့အတွက်၊ ၄င်းတို့၏‌ေ၀ဒနာများအတွက် တိတ်ဆိတ်စွာဆုတောင်းပေးကြစို့ ဟု စိန့်ပီတာရင်ပြင်၌ ရောက်ရှိနေသောဘုရားဖူးများအား ရဟန်းမင်းကြီးကဖိတ်ခေါ်ဆုတောင်းခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3D2EXmV
 

Add new comment

5 + 4 =