ပုပ်ဖရန်စစ်သည် မောလ်တာသို့ကြွရောက်မည့်သူ၏ခရီးစဉ်ကို မယ်တော်ထံအပ်နှံ

ပုပ်ဖရန်စစ်သည် မောလ်တာသို့ကြွရောက်မည့်သူ၏ခရီးစဉ်ကို မယ်တော်ထံအပ်နှံ

ပုပ်ဖရန်စစ်သည် မောလ်တာသို့ကြွရောက်မည့်သူ၏ခရီးစဉ်ကို မယ်တော်ထံအပ်နှံ

 

           ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မောလ်တာခရီးစဉ်သည် သူ၏ရဟန်းမင်းကြီး သက်တမ်းအတွင်း (၃၆) ကြိမ်မြောက် သော အီတလီနိုင်ငံ၏ပြင်ပသို့ကြွရောက်သောခရီးစဉ်ဖြစ်ပါသည်။ ရဟန်းမင်းကြီးသည် ပြည်ပခရီးကြွတော့မည်ဆိုလျှင် မကြွမီတစ်ရက်အလို၌ ရောမြို့ရှိ စိန့်မေရီ မေဂျာ ဘာစီးလီကာသို့ကြွ၍ မယ်တော့်ထံ သူ၏ခရီးစဉ်ကိုအပ်နှံပူဇော်လေ့ရှိ သည်။ အလွန်လေးစားအပ်ပြီး၊ တုပအပ်သောဘာသာရေးအကျင့်ကောင်းတစ်ခုဖြစ်သည်။ ရဟန်းမင်းကြီးသည် ယမန် နေ့ကအဆိုပါ ဘာစီးလီကာဘုရားကျောင်းသို့ကြွရောက်ဆုတောင်းခဲ့သည်။ ရဟန်းမင်းကြီးသည် ယနေ့ (ဧပြီလ ၂) စနေ နေ့ ဒေသစံတော်ချိန်နံနက်ပိုင်းထွက်ခွာပြီး၊ မောလ်တာသို့ ‌ဒေသစံတော်ချိန်နံနက် (၁၀) နာရီအချိန်တွင် ရောက်ရှိခဲ့သည်။    

 

တောက်ပသောမြေ

            ရဟန်းမင်းကြီးသည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဘုရားဖူးများနှင့်တွေ့ဆုံစဉ် မောလ်တာမြေကို ‘တောက်ပသောမြေ’ ဟုတင်စားခဲ့သည်။ သူ၏ခရီးစဉ်ကိုလည်း ‘စိန့်ပေါလ်၏ ခြေတော်ရာလိုက် သောခရီးစဉ်’ ဟုဖွဲ့နွှဲခဲ့သည်။ အဘယ်ကြောင့် စိန့်ပေါလ်၏ခြေတော်ရာလိုက်ခြင်းဟုညွှန်းရသနည်းဟုမူ ရောမသို့သွား၍ အမှုရင်ဆိုင်ရန် စိန့်ပေါလ်စီးနင်းလိုက်ပါလာ သော သဘော်သည် မောလ်တာကျွန်း၌ ပျက်သွား၍ ခရီးတစ်ထောက်ရပ်နားခဲ့ရာ ကျွန်းသူကျွန်းသားတို့သည် လွန်စွာဖော် ရွေကြကြောင်းကို တမန်တော်၀တ္ထု (၂၈) ၌ဖော်ပြထားသည်။

ရဟန်းမင်းကြီးဖရန်စစ်အတွက် မာလ်တာသို့ကြွရောက် ခြင်းသည် ပထမဦးဆုံးတမန်တော်ခရီးစဉ်ဖြစ်ပြီး၊ ဧဝံဂေလိတရားကို ပထမဦးဆုံးကြားခဲ့ရသော ခရစ်ယာန်အသင်းအဖွဲ့ များနှင့်လည်း ပထမဆုံးအကြိမ် ဆုံဆည်းခြင်းဖြစ်သည်။ တစ်နည်းဆိုသော် လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်ခဲ့သော သမိုင်း၀င်မြေ၊ သမိုင်းစာမျက်နှာကိုပြန်လည်လှန်လှောခြင်းလည်းဖြစ်သည်။ မြေထဲပင်လယ်ဒေသ၏ဗဟိုချက်မလည်း ဖြစ်ပြီး၊ ဥရောပ၏တောင်ပိုင်း၌နေထိုင်သော ခရစ်ယာန်များနှင့်ဆုံတွေ့ခြင်းဖြစ်ပေမည်။ လက်ရှိ၌ မောလ်တာသည် စစ်၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် မွေးရပ်မြေစွန့်ခွာထွက်ပြေးလာသော ဒုက္ခသည်အများဆုံး လက်ခံထားပေးသောနိုင် ငံတစ်နိုင်ငံဖြစ်သည်။           

  

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3x2NM0T

Add new comment

10 + 9 =