ပုပ်ဖရန်စစ်သည် မောလ်တာတမန်တော်ခရီးစဉ်အတွက် မယ်တော်အားဖူး၍ကျေးဇူးတင်ခဲ့

ပုပ်ဖရန်စစ်သည် မောလ်တာတမန်တော်ခရီးစဉ်အတွက် မယ်တော်အားဖူး၍ကျေးဇူးတင်ခဲ့

ပုပ်ဖရန်စစ်သည် မောလ်တာတမန်တော်ခရီးစဉ်အတွက် မယ်တော်အားဖူး၍ကျေးဇူးတင်ခဲ့

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် သူ၏မောလ်တာသို့ တမန်တော်ခရီးမကြွရောက် မီကလည်း စိန့်မေရီဘာစီးလီကာ သို့ကြွရောက်၍ အမိမယ်တော်၏ ကြား၀င်ဆုတောင်းခြင်းကို တောင်း ခံခဲ့သလို စီစဉ်ထားသော နှစ်ရက်တာ တမန်တော် ခရီးကြွရောက်ပြီးပြန် ရောက်လာသော အခါ၌လည်း ရဟန်းမင်းကြီးမယ်တော်ထံသို့ ပြီးခဲ့သောတနလ်ာနေ့ကထပ်မံကြွ ရောက်၍ ကျေးဇူး ဆပ်တင်ခဲ့သည်။   

            ရဟန်းမင်းကြီးသည် ပြုလုပ်နေကျအတိုင်းပင် အမိမယ်တော်အတွက် ပန်းစီးတစ်စီးကို ‘Maria Salus Populi Romani ’ (မာရိယာ၊ ရောမမြို့သူမြို့သားတို့အားစောင့်ရှောက်မှိုင်းမသောမယ်တော်) ဟုအမည်ပေးထားသောပုံတော်ရှေ့ ၌ချထားလေ့ရှိသည်။ ဤသို့လုပ်ဆောင်ခြင်းသည် သူ၏တမန်တော် ခရီးအတွက် ကြား၀င်ဆုတောင်းကူညီပေးခြင်းအ တွက်ကျေးဇူးဆပ်တင်ခြင်းဖြစ်သည်။ ထို့နောက် သူသီတင်းသုံးရာ ဆန်တာမာရ်တာကျောင်းတိုက်သို့ ကားဖြင့်ပြန်ကြွလာခဲ့သည်။  

            ရဟန်းမင်းကြီးသဒ္ဓါကြည်ညိုသော ဤမယ်တော့်ပုံတော်သည် ရောမမြို့သို့ အေဒီ (၅၉၀) ခန့်က သာသနာတော်ကြီးကို မဟာ စိန့်ဂရေဂေါ်ရီဦးဆောင်စဉ်ကဖြစ်ပြီး ဤပုံတော်ကိုထုလုပ်သည့်နှစ်များ ယခုထက်များစွာစောပါသည်။ ပုံတော်အား ရဟန်းမင်းကြီးဂရေဂေါ်ရီ (၁၆) က (၁၈၃၈) တွင် သရဖူ ဆောင်းပေးခဲ့သည်။ (၁၉၅၄) ခုနှစ်၌မှု ‘မယ်တော် ၏နှစ်’ အဖြစ်သတ်မှတ်၍ ရဟန်းမင်းကြီးပီအုစ့် (၁၃) က သဒ္ဓါကြည်ညိုမှုကို ထပ်မံပြသခဲ့ပြန်သည်။ ဤပုံတော်ကို (၂၀၁၈) ခုနှစ်က ဗာတီကန်ပြ တိုက်တာ ၀န်ခံများက ပြန်လည်၍ပြင်ဆင်မွှမ်းမံသန့်စင်ခဲ့သည်။ ရဟန်းမင်းကြီးအဆက် ဆက်ယခုကဲ့သို့ သဒ္ဓါ ကြည်ညိုခဲ့သောကြောင့် စိန့်မေရီဘာစီးလီကာကို ‘ရဟန်းမင်းကြီးတို့၏ဘာစီးလီကာ’ ဟုတင်စား ခေါ်ဆိုခဲ့ကြသည်။

            ရဟန်းမင်းကြီးသည် ပြီးခဲ့သော ဧပြီ (၂ မှ ၃) ရက်နေ့ စနေ၊ တနဂ်နွေနေ့နှစ်ရက်တာ မြေထဲပင်လယ်ဒေသဖြစ် သော မောလ်တာသို့ကြွရောက်ခဲ့သည်။ အမှန်မှာ ယခုထက်ပင်စော၍ ကြွရောက်ရန်စီစဉ်ထားခဲ့သော်လည်း ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့် နှစ်ကြိမ်တိုင်တိုင် ရွေ့ဆိုင်းခဲ့ရသည်။ ရဟန်းမင်းကြီး၏ ယခုတစ်ကြိမ်တမန်တော်ခရီးသည် ရွေ့ ပြောင်းဒုက္ခသည် များနှင့်စစ်ငြိမ်းချမ်းရေးအတွက်အဓိကထားကြွရောက်ခဲ့သည်။ ခရီးစဉ်၏ဆောင်ပုဒ်မှာ တမန်တော်၀ တ္ထု (၂၈း၂) မှ ‘They showed us unusual kindness’ (ကျွန်းသူကျွန်းသားတို့သည် ငါတို့အပေါ်၌ ကြင်နာ မှုကို ထူးထူးခြား ခြားပြကြသည်) ဟုဖြစ်သည်။ ရဟန်းမင်းကြီးသည် မကြာခဏဆိုသလို နိုင်ငံ တစ်နိုင်ငံအနေဖြင့် ပြောင်းရွေ့ဒုက္ခသည် များအား ကြိုဆိုရမည်၊ ကာကွယ်ရမည်၊ လက်တွဲခေါ်ရမည်၊ ရင်းနှီးကျွမ်း၀င်အောင်နေရမည်ဟုတိုက်တွန်းလေ့ရှိသည်။ ရဟန်းမင်းကြီးသည် အရပ်ဖက် အဖွဲ့ အစည်းနှင့်တွေ့ဆုံသည် ပထမဦးဆုံးအစီအစဉ်၌ ဒုက္ခကြားမှ ထွက်ပြေးရွေ့ပြောင်း လာကြသော သူများနှင့်အတူမျှယူခံထမ်းကြရန်တိုက်တွန်းခဲ့ပြီး၊ ရဟန်းမင်းကြီးသည် သူ၏တိုက်တွန်းချက်ကို သူကြွ ရောက်ခဲ့သော ‘ဂျွန် (၂၃) ၏ငြိမ်းချမ်းရေးရုံ’ ၌ဒုက္ခသည် များနှင့်ရင်းနှီးစွာ တွေ့ဆုံခဲ့ခြင်း ကားသက် သေဖြစ်ခဲ့သည်။     

            ရဟန်းမင်းကြီးသည် စစ်နှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဆန့်ကျင်မိန့်ကြားခဲ့သည်။ စစ်သည် ‘သန့်ရှင်းသောအရာများကိုမဖွယ်မရာပြုခြင်း’ ဟုလည်းသတင်း‌ထောက်တို့အားမိန့်ကြားခဲ့သည်။ စစ်ပွဲသည် စစ်လက်နက်များကို၀ယ်ယူရ သောကြောင့် နိုင်ငံတော်၏ငွေကြေးသုံးစွဲရကြောင်း၊ လူသား တို့၏အသက်ကိုလည်းမလေးစားသည်မှာ အသက်အရွယ် မရွေးပင်ဖြစ်သည်။ ရဟန်းမင်းကြီး၏ မောလ်တာမှအပြန် သတင်းထောက်များအား နောက်ဆုံးမိန့်ကြားခဲ့သောစကား ကား ‘ကျွန်ုပ် အရမ်း နာကျင်ရတယ်။ ကျွန်ုပ်တို့က မသင်ယူတတ်ဘူး။ ဘုရားသခင် ကျွန်ုပ်တို့အားလုံးကိုသနားတော်မူပါ။ ကျွန်ုပ်တို့အားလုံး အပြစ်မကင်းကြဘူး’ ဟုဖြစ်ပါသည်။     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3j4jwu2

 

              

Add new comment

1 + 2 =