ပုပ်ဖရန်စစ်သည် မုန်တိုင်း ဒဏ်သင့်မြန်မာပြည်သူများနှင့်ဘင်္ဂလားဒေ့ရှ်ပြည်သူတို့အား လူသားချင်းစာနာသောအကူအညီများပေးရန်ကမ္ဘာကြီးအားပန်ကြား

ပုပ်ဖရန်စစ်သည် မုန်တိုင်း ‘မိုခါ’ ဒဏ်သင့်ခဲ့သောမြန်မာပြည်သူများနှင့်ဘင်္ဂလားဒေ့ရှ်ပြည်သူတို့အား လူသားချင်းစာနာသောအကူအညီများပေးရန်ကမ္ဘာကြီးအားပန်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ဘင်္ဂလားပင်လယ်အော်မှအခြေပြုတိုက်ခတ်ခဲ့သည့် အင်အားကြီးမားလှသော ‘မိုခါ’ မုန်တိုင်းဒဏ်သင့်ခဲ့သော မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လူသားချင်းစာနာသောအကူအ ညီများပေးကြရန် တာ၀န်ရှိသောနိုင်ငံတကာအဖွဲ့အစည်းများအားပန်ကြားလိုက်သည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားစုစုပေါင်း (၈) သိန်းကျော် လွန်စွာဆိုး၀ါးသောအခြေအနေ၌နေထိုင်နေကြရကြောင်း၊ ထို့ ကြောင့်အခြေခံလိုအပ်ချက်များကိုလိုအပ်နေကြောင်း ပြီးခဲ့သောတနင်္ဂနွေနေ့ ‘ကောင်းကင်ဘုံဘုရင်မ’ ဆု တောင်းမေတ္တာကို (၂၀၂၃) ခုနှစ်အတွက်နောက်ဆုံးတစ်ကြိမ်အဖြစ် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများနှင့်ရွတ်ဆိုဆုတောင်းခြင်းအစီအစဉ်၌မိန့်ကြားရင်းဆုတောင်းပေးကြရန်လည်းပန်ကြားခဲ့သည်။

‘မိုခါ’ မုန်တိုင်သည် မြန်မာနိုင်ငံသို့ မေလ (၁၄) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှစတင်၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက်၌မူ ‘ကော့ဘဇား’ မှ၀င်ရောက်ခဲ့သည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌ (၄၁) ဦးအသက်ဆုံးရှုံးခဲ့ပြီး (၇၀၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။

နိုင်ငံတကာလူမှုကယ်ဆယ်ရေးအဖွဲ့ (OCHA) ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ လူ (၅.၄) သန်းအဆိုပါမုန်တိုင်းဒဏ်ကိုခံခဲ့ရကြောင်း နှင့် (၃.၂) သန်းသည် အကူအညီလိုအပ်နေကြောင်းထုတ်ပြန်ထားသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌မူ လူ (၂.၃) သန်းသည် မုန်တိုင်းဒဏ်ခံခဲ့ရပြီး အိမ်ခြေ (၁၂၀၀၀) ပျက်စီးသွားခဲ့သည်။ အဆိုးဆုံးထိခိုက်ခဲ့သောဒေသမှာ ‘ရိုဟင်ဂျာ’ များ၏ ဒုက္ခသည်စခန်းရှိသောအပိုင်း၌ဖြစ်ခဲ့သည်။ အာ ဏာသိမ်းစကစကအဖွဲ့က ရခိုင်ပြည်နယ်တစ်ခုလုံးအား သဘာ၀ ဘေးဒဏ်သင့်‌ဒေသအဖြစ်ကြေညာထား သည်။ လျှပ်စစ်မီးများလည်းပြတ်တောက်လျှက်ရှိသည်။ အိမ်များလည်းပျက်စီးသွားခဲ့သည်။

မြန်မာနိုင်ငံသည် မုန်တိုင်းလမ်းကြောင်းဖြတ်သောဒေသဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ မိုးဇလဌာန၏ထုတ်ပြန်ချက်အရ လေ တိုက်နှုန်းသည် တစ်နာရီလျှင် (၂၀၉) ကီလိုမီတာ၊ (၁၃၀) မိုင်နှုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟုဆိုပါသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏မိုးဇလဌာန၏ထုတ်ပြန်ချက်အရ ‘မိုခါ’ မုန်တိုင်းသည် ဆယ်စုနှစ်နှစ်စုအတွင်းအပြင်းထန်ဆုံးနှင့်အဆိုး၀ါးဆုံးဖြစ်သည်ဟုဆိုသည်။

ရဟန်မင်းကြီးဖရန်စစ်က မုန်တိုင်းဒဏ်သင့်ခဲ့သော မြန်မာနှင့်ဘင်္ဂလာ‌ဒေ့ရှ်နှစ်နိုင်ငံအတွက်ဆုတောင်းပေးရန်ပန်ကြားပါသည်။ "ဤနိုင်ငံများအတွက်လွန်စွာစာနာကြောင်းထပ်မံပြောကြားလိုပါသည်။ ဤနိုင်ငံများအား လူသားချင်းစာနာသောအကူအညီများကိုပံ့ပိုးပေးရန်ကိုလည်း တာ၀န်ရှိသောအဖွဲ့အစည်းများအားပန်ကြားပါသည်။ ဤအခြေအနေ၌ လူသားချင်းစာနာသောစိတ်နှင့်သာသနာမှလည်း မိမိတို့၏ညီအစ်ကိုမောင်နှမများအား ကူညီရမည်" ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MLEInb

Add new comment

1 + 1 =