ပုပ်ဖရန်စစ်သည် ဘုရားသခင်၏အစေခံ (၇) ပါးအားရဟန္တာအဖြစ်တင်မြောက်နိုင်ရန်စတင်စီစစ်ခွင့်ပြု

ပုပ်ဖရန်စစ်သည် ဘုရားသခင်၏အစေခံ (၇) ပါးအားရဟန္တာအဖြစ်တင်မြောက်နိုင်ရန်စတင်စီစစ်ခွင့်ပြု

ပုပ်ဖရန်စစ်သည် ဘုရားသခင်၏အစေခံ (၇) ပါးအားရဟန္တာအဖြစ်တင်မြောက်နိုင်ရန်စတင်စီစစ်ခွင့်ပြုလိုက်

             ရဟန်းမင်းကြီးဖရန်စစ်သည် သာမန်လူသားတစ်ဦးကျင့်ကြံနိုင်စွမ်းသည်ထက်သာလွန်သောပါရမီများကိုကျင့်ကြံခဲ့ကြသောသူ (၇) ဦးအား ရဟန္တာအ ဖြစ်တင်မြောက်နိုင်ရေးအတွက် လိုအပ်သောစီစစ်ချက်များကိုစတင်နိုင်ရန်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ၄င်းတို့အနက် ကွန်ဂိုသမ္မတနိုင်ငံ၌ အီဗိုလာကူးစက်ကပ်ရော ဂါဖြစ်ပွားစဉ်က ရဲစွမ်းသတ္တိအပြည့်ဖြင့် မိမိတို့၏အသက်ကိုပဓာနမထားဘဲ ရောဂါကူးစက်ခံလူနာများအား ကိုယ်ဖိရင်ဖိပြုစုစောင့်ရှောက်ပေးခဲ့သောသာသနာပြု သီလရှင်သုံးပါးလည်းပါ၀င်ပါသည်။  ရဟန္တာအဖြစ်တင်မြောက်နိုင်ရန် လိုအပ်သောအချက်အလက်များစတင်စီစစ်ခံကြမည့် သူတော်မြတ်လောင်း (သို့) ဘုရား သခင်၏အစေခံ (၇) ပါးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။  ဘုရားသခင်၏အစေခံ Mercurio Maria Teresi သည်ဂိုဏ်းချုပ်ဆရာတော်တစ်ပါးဖြစ်ပါသည်။ သူသည် Monreale ၏ဂိုဏ်းချုပ်ဆရာတော်ဖြစ်ခဲ့သည်။ သူ့အား (၁၇၄၂၊ အောက်တိုဘာလ၊ ၁၀) ရက်နေ့၌ အီတလီနိုင်ငံ၊ Montemaggiore Belsito ၌မွေးဖွားခဲ့ပြီး၊ ဂိုဏ်းချုပ်ဆရာတော်အဖြစ်အမူထမ်းခဲ့သော သာသနာနယ်၌ (၁၈၀၅၊ ဧပြီလ၊ ၁၈) ရက်  နေ့တွင်ပျံလွန်သွားခဲံသည်။

၂။ ဘုရားသခင်၏အစေခံ Cosma Muñoz Pérez သည် သာသနာပိုင်ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သည်။ သို့သော်နောက်ပိုင်း၌ သာသနာနယ်အတွင်းလိုအပ်ချက်ကြောင့် ‘မယ်တော်၏မှိုင်းမခြင်းကိုခံသောသမီးများ’ သီလရှင်အသင်းကိုတည်ထောင်ခဲ့သည်။  သူ့အားစပိန်နိုင်ငံ၊  Villar del Rio ၌ (၁၅၇၃) ခုနှစ်တွင်မွေးဖွားခဲ့ပြီး၊ စပိန်နိုင်ငံ၊ Córdoba ၌ (၁၆၃၆၊ ဒီဇင်ဘာလ၊ ၃) ရက်နေ့တွင်ပျံလွန်သွားခဲ့သည်။

၃။ ဘုရားသခင်၏အစေခံ Salvatore Valera Parra သည်လည်း သာသနာပိုင်ဘုန်းတော်ကြီးဖြစ်သည်။ သူ့အား (၁၈၁၆၊ ဖေဖော်၀ါရီလ၊ ၂၇) ရက်နေ့၊ စပိန် နိုင်ငံ၊ Huércal-Overa ၌မွေးဖွားခဲ့ပြီး၊ (၁၈၈၉၊ မတ်လ၊ ၁၅) ရက်နေ့၌ပျံလွန်သွားခဲ့သည်။ (စာကြွင်း - သူ၏အကြောင်းအသေးစိပ်ကိုမူ အင်တာနက်၌ပြန်လည် ရှာဖတ်နိုင်ပါသည်။ ယခုမှာ၄င်းတို့၏ကိုယ်ရေးအချက်အလက်အကျဉ်းချုံး၍သာဖော်ပြခြင်းဖြစ်သည်။)

၄။ ဘုရားသခင်၏အစေခံ Leo Veuthey အား ဆွီဇီလန်နိုင်ငံ၊ Clodoveo ၌ (၁၈၉၆၊ မတ်လ၊ ၃) ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူသည်ဖရန်စ္စကင်အသင်း၀င် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သို့သော်သူသည် သာသနာပြုနေသောအီတလီနိုင်ငံ၊ ရောမမြို့၌ (၁၉၇၄၊ ဇွန်လ၊ ၇) ရက်နေ့တွင်ပျံလွန်တော်မူသွားခဲ့သည်။ 

၅။  ဘုရားသခင်၏အစေခံ Annelvira Ossoli အားအီတလီနိုင်ငံ၊ Orzivecchi ၌ (၁၉၃၆၊ ဩဂုတ်လ၊ ၂၆) ရက်နေ့တွင်မွေးဖွားခဲ့ပြီး၊ ကွန်ဂိုသမ္မတနိုင်ငံ၊ Kikwit ၌သာသနာအမူတော်ထမ်းနေစဉ် (၁၉၉၅၊ မေလ၊ ၂၃) ရက်နေ့က ‘အီဗိုလာ’ ကူးစက်ရောဂါကူးစက်ခံရပြီး၊ ပျံလွန်သွားသည်။ သူသည် ‘နွမ်းပါးစွာကျင့် ကြံအားထုတ်ရသောသီလရှင်’ (Congregation of the Sisters of the Poor) အသင်းသူတစ်ပါးဖြစ်သည်။

၆။ ဘုရားသခင်၏အစေခံ Vitarosa Zorza အား (၁၉၄၃၊ အောက်တိုဘာလ၊ ၉) ရက်နေ့၌ အီတလီနိုင်ငံ၊ Palosco တွင်မွေးဖွားခဲ့ပြီး၊ ကွန်ဂိုသမ္မတနိုင်ငံ၊ Kikwit ၌သာသနာအမူတော်ထမ်းနေစဉ် ‘အီဗိုလာ’ ကူးစက်ရောဂါကူးစက်ခံရသူများအားပြုစုစောင့်ရှောက်ရင်းကူးစက်ခံရကာ သာသနာပြုနေသောနယ်၌ (၁၉၉၅၊ မေလ၊ ၂၈) ရက်နေ့တွင်ပျံလွန်တော်မူသွားခဲ့သည်။ သူသည်လည်း သူသည် ‘နွမ်းပါးစွာကျင့် ကြံအားထုတ်ရသောသီလရှင်’ (Congregation of the Sisters of the Poor) အသင်းသူတစ်ပါးဖြစ်သည်။

၇။ ဘုရားသခင်၏အစေခံ Danielangela Sorti သည်လည်း သူသည် ‘နွမ်းပါးစွာကျင့် ကြံအားထုတ်ရသောသီလရှင်’ (Congregation of the Sisters of the Poor) အသင်းသူတစ်ပါးဖြစ်သည်။ သူ့အား အီတလီနိုင်ငံ၊ Bergamo ၌ (၁၉၄၇၊ ဇွန်လ၊ ၁၅) ရက်နွေ့တွင်မွေးဖွားခဲ့ပြီး၊ ကွန်ဂိုသမ္မတနိုင်ငံ၊ Kikwit ၌သာသနာအမူတော်ထမ်းနေစဉ် ‘အီဗိုလာ’ ကူးစက်ရောဂါကူးစက်ခံရသူများအားပြုစုစောင့်ရှောက်ရင်းကူးစက်ခံရကာ သာသနာပြုနေသောနယ်၌ (၁၉၉၅၊ မေလ၊ ၁၁) ရက်နေ့တွင်ပျံလွန်သွားခဲ့သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bit.ly/3cTwYh9

Add new comment

5 + 4 =